ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
ဖော်ပြပါဆေးဝါးကို အောက်ပါတို့ဖြင့် ယှဉ်တွဲအသုံးပြုခြင်းကို အကြံမပြုထားပါဘူး။ ဆရာဝန်က ထိုဆေးဝါး အသုံးပြုခြင်းကို ရှောင်ကျဉ်နိုင်သလို၊ သောက်သုံးနေတဲ့ အခြားဆေးဝါးတွေကိုလည်း ပြောင်းလဲပြစ်နိုင်ပါတယ်။
- Ambenonium, Naltrexone, Potassium
ထိုဆေးဝါးကို အောက်ပါတို့ဖြင့် တွဲသုံးခြင်းကို အကြံမပြုထားပါဘူး။ ဒါပေမဲ့လည်း အချို့အခြေအနေတွေမှာတော့ တွဲသုံးရနိုင်ခြေရှိပါတယ်။ တွဲသုံးရမယ်ဆိုရင် ဆရာဝန်က ဖော်ပြပါဆေးတို့၏ သောက်သုံးရမယ့် ပမာဏနှင့် အကြိမ်ရေကို ချိန်ညှိပေးပါလိမ့်မယ်။
- Acrivastine, Buprenorphine, Bupropion, Carbinoxamine, Clorgyline, Digoxin, Fentanyl, Furazolidone, Hydrocodone, Iproniazid, Isocarboxazid, Meclizine, Methadone, Moclobemide, Morphine, Morphine Sulfate Liposome, Nialamide, Oxycodone, Oxymorphone, Pargyline, Phenelzine, Procarbazine, Rasagiline, Selegiline, Sodium Oxybate, Suvorexant, Tapentadol, Toloxatone, Tranylcypromine, Umeclidinium.
ဖော်ပြပါဆေးဝါးကို အောက်ပါဆေးဝါးတို့ဖြင့် ယှဉ်တွဲ အသုံးပြုမယ်ဆိုရင် ဆိုးကျိုးအချို့ ပိုမို ပြင်းထန်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ယှဉ်တွဲ အသုံးပြုခြင်းက အကောင်းဆုံး ကုသနည်းပဲ ဖြစ်နိုင်ပါတယ်။ ဆေးတွေကို ယှဉ်တွဲအသုံးပြုမယ်ဆိုရင် ဆရာဝန်က ယင်းဆေးတွေရဲ့ သောက်သုံးနေသည့် ပမာဏနှင့် အကြိမ်ရေကို ချိန်ညှိပေးပါလိမ့်မယ်။
အစားအသောက်တွေနဲ့ အရက်က Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) နဲ့ ဓါတ်ပြုနိုင်သလား
Diphenoxylate + atropine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Diphenoxylate + atropine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် အောက်ပါ အခြေအနေတို့ပဲ ဖြစ်ပါတယ်။
-
- အရက်စွဲနေခြင်း၊ စွဲဖူးခြင်း
- ဆေးစွဲခြင်း၊ စွဲဖူးခြင်း။ ထိုဆေးဝါးအား စွဲလန်းနိုင်ခြေ မြင့်မားပါတယ်။
- အူမရောင်နာ (စိုးရိမ်ရ)။ ထိုဆေးဝါးကို အသုံးပြုမယ်ဆိုရင် အူမကြီးအခြေအနေ ပိုမိုဆိုးဝါးသွားနိုင်ပါတယ်။
- Down’s syndrome ။ ထိုပုဂ္ဂိုလ်မျိုးတွင် ဆိုးကျိုးများ ဖြစ်နိုင်ခြေမြင့်သွားသလို၊ ပိုမိုလည်း ပြင်းထန်သွားနိုင်ပါတယ်။
- ဝမ်းကိုက်ခြင်း။ အခြေအနေပိုမို ဆိုးရွားနိုင်ပါတယ်။ အခြားကုသနည်းလမ်းတစ်ခု လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။
- အဆုတ်ထဲတွင် လေစုနေခြင်း၊ ပန်းနာရင်ကျပ်၊ လေပြွန်ရောင်နာနှင့် အခြား နာတာရှည် အဆုတ်ရောဂါများ။ အထက်ပါအခြေအနေရှိသောသူများတွင် ဆေးဝါးကြောင့် အသက်ရှုလမ်းကြောင်းပြဿနာများ ပိုမိုဆိုးရွားသွားနိုင်ပါတယ်။
- ဆီးကျိတ်ကြီးခြင်း ဆီးလမ်းကြောင်းပိတ်နေခြင်း၊ ဆီသွားရခက်ခဲခြင်း။ ထိုဆေးဝါးအသုံးပြုခြင်းကြောင့် ဆိုးရွားတဲ့ ဆီးသွားခြင်းပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
- သည်းခြေရောဂါများ၊ သည်ခြေအိတ်ကျောက်တည်ခြင်း။ ထိုဆေးဝါးအသုံးပြုခြင်းက သည်းခြေလမ်းကြောင်းကို ညစ်စေခြင်းအားဖြင့်အခြေအနေပိုမို ဆိုးရွားသွားစေနိုင်ပါတယ်။
- ရေတိမ်။ ထိုဆေးဝါးက မျက်လုံးဆိုးဆိုးဝါးဝါးနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေ နည်းပါးပါတယ်။
- နှလုံးရောဂါ။ ထိုဆေးဝါးက နှလုံးပေါ်မှာ သက်ရောက်မှုအချို့ရှိပြီး အခြေအနေတွေ ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
- အစာအိမ်သည် ရင်ဝမ်းကြားကြွက်သားအပေါက်ကို တိုးထွက်နေခြင်း။ ထိုဆေးဝါးတွင် ပါဝင်သော Atropine က အခြေအနေ ပိုဆိုးစေမှာပါ။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေနည်းပါးပါတယ်။
- သွေးပေါင်တက်ခြင်း(သွေးတိုးခြင်း)။ ထိုဆေးဝါးတွင် ပါဝင်သော Atropine က သွေးပေါင်တက်စေမှာပါ။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေနည်းပါးပါတယ်။
အူပိတ်ခြင်း။ ထိုးဆေးဝါးကြောင့် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။
ကျောက်ကပ်ရောဂါ။ ထိုးဆေးဝါးတွင်ပါသော Atropine က ခန္ဓါကိုယ်မှာ စုပုံလာပြီး ဆိုးကျိုးတွေ ဖြစ်စေမှာပါ။
အသည်းရောဂါ။ ထိုရောဂါရှိသော လူနာများတွင် ကိုမာဝင်ခြင်း အပါအဝင် ဦးနှောက်နှင့် အာရုံကြောမကြီး၏ ဆိုးကျိုးဖြစ်နိုင်ခြေ မြင့်မားသွားပါသည်။
Myasthenia gravis (ကြွက်သားအားနည်းရောဂါတစ်မျိုး)။ ထိုဆေးဝါးကြောင့် အခြေအနေပိုးဆိုးသွားနိုင်ပါတယ်။
သိုင်းရွိုက် အလုပ်အရမ်းလုပ်ခြင်း၊ နည်းပါးစွာ အလုပ်လုပ်ခြင်း။ အသက်ရှုခြင်း၊နှလုံးခုန်ခြင်းဆိုင်ရာ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဆီးမထိန်းနိုင်ခြင်း။ ထိုဆေးဝါးကြောင့် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဝမ်းလျောခြင်းအတွက် လူကြီးများ သောက်သုံးနိုင်မည့် ပမာဏ
အစပိုင်းပမာဏ။ ဆေးပြား၂ပြား သို့မဟုတ် ဆေးရည် 10ml ကို တစ်နေ့၄ကြိမ် သောက်သုံးပေးပါ။
တည်ငြိမ်ပမာဏ။ ဆေးပြား၂ပြား သို့မဟုတ် ဆေးရည် 10ml ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးပါ။
ကလေးတွေအတွက် Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဝမ်းလျောခြင်းအတွက် ကလေးများ သောက်သုံးနိုင်မည့် ပမာဏ
၂နှစ်နှင့်အထက်၊ ၃နှစ်အောက်။ 1.5ml ကနေ 3ml အတွင်း တစ်နေ့ ၄ကြိမ်သောက်သုံးပေးပါ။
၃နှစ်နှင့်အထက်။ ၄နှစ်အောက်။ 2ml ကနေ 3ml အတွင်း တစ်နေ့ ၄ကြိမ် သောက်သုံးပေးပါ။
၄နှစ်နှင့်အထက် ၅နှစ်အောက်။ 2ml ကနေ 4ml အတွင်း တစ်နေ့၄ကြိမ် သောက်သုံးပေးပါ။
၅နှစ်နှင့်အထက် ၆နှစ်အောက်။ 2.5ml ကနေ 4.5ml အတွင်း တစ်နေ့၄ကြိမ် သောက်သုံးပေးပါ။
၆နှစ်နှင့်အထက် ၉နှစ်အောက်။ 2.5ml ကနေ 5ml အတွင်း တစ်နေ့၄ကြိမ် သောက်သုံးပေးပါ။
၉နှစ်နှင့်အထက် ၁၃နှစ်အောက်။ 3.5ml ကနေ 5ml အတွင်း တစ်နေ့၄ကြိမ် သောက်သုံးပေးပါ။
၁၃နှစ်နှင့်အထက် ၁၈နှစ်အောက်။ ဆေးရည်10ml သို့မဟုတ် ဆေးပြား၂ပြားကို တစ်နေ့၃ကြိမ် သောက်သုံးပေးပါ။
အစပိုင်းပမာဏရဲ့ လေးပုံတစ်ပုံခန့် နည်းနိုင်သမျှနည်းပါစေ။
ဆေးရည်ပုံစံကို ၁၃နှစ်အောက် ကလေးငယ်တွေအတွက် အသုံးပြုသင့်ပါတယ်။
Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ကိုဘယ်လိုရရှိနိုင်သလဲ
Diphenoxylate + atropine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- သောက်ဆေးရည်။ Diphenoxylate hydrochloride 2.5mg နှင့် Atropine sulfate 0.025mg per 5ml (5ml,10ml,60ml)
- Lomotil: Diphenoxylate hydrochloride 2.5 mg နှင့် Atropine sulfate 0.025 mg per 5 mL (60 mL)
- သောက်ဆေးပြား။ 2.5 mg နှင့် Atropine sulfate 0.025 mg
- Lomotil: 2.5 mg နှင့် Atropine sulfate 0.025 mg per 5 mL
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးလွန်သွားခြင်း လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အရေပြား၊ နှာခေါင်းနှင့် ခံတွင်းတို့ ခြောက်သွေ့ခြင်း
- သူငယ်အိမ်အရွယ်အစား ပြောင်းလဲသွားခြင်း
- မျက်လုံးတို့ တောင်ရောက်မြောက်ရောက် လှုပ်ရှားနေခြင်း
- စိတ်မသက်မသာဖြစ်ခြင်း
- ပူလောင်နီမြန်းလာခြင်း
- အဖျားတက်ခြင်း
- နှလုံးခုန်မြန်ခြင်း
- တုံ့ပြန်နိုင်စွမ်း မကောင်းတော့ခြင်း
- အလွန်ပင်ပန်းနွမ်းနယ်ခြင်း
- အသက်ရှုရခက်ခဲခြင်း
- သတိလစ်သွားခြင်း
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Diphenoxylate + atropine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ