မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
Allopurinol (အေလိုပျူရီနော) ဆိုတာ xanthine-oxidase inhibitorဖြစ်ပြီး ဂေါက်ရောဂါ နဲ့ ကျောက်ကပ်ကျောက်တချို့ကို ကုသပေးတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးက ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ်ဖြစ်စေတဲ့ အင်ဇိုင်းတွေရဲ့ အလုပ်လုပ်တာကို လျှော့ချပေးပါတယ်။
Allopurinol (အေလိုပျူရီနော)က သွေးထဲမှာ ယူရစ်အက်ဆစ် များနေတာကို ကုသပေးတဲ့ ဆေးတစ်မျိုးပါ။ သွေးထဲမှာ ယူရစ် အက်ဆစ်များတာက ဂေါက်ရောဂါလို့ ခေါ်တဲ့ အဆစ်တွေရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။
အစားအစာတွေထဲမှာပါတဲ့ purines ကို ဖြိုခွဲလိုက်တဲ့အခါ ကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ ဖြစ်လာပါတယ်။ များသောအားဖြင့်ကတော့ ခန္ဓာကိုယ်က ယူရစ်အက်ဆစ်တွေကို ဆီးတွေ ဝမ်းတွေကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပါတယ်။
ဒါပေမယ့် ကိုယ်ထဲမှာ ယူရစ်အက်ဆစ်တွေ များလာတဲ့အခါ အဆစ်တွေ တဝိုက်မှာ အများအပြား စုဝေးပြီး အဆစ်ရောင်တာတွေကို ဖြစ်စေပါတယ်။
Allopurinol က ယူရစ်အက်စစ်ကို ဖြစ်စေတဲ့ xanthine oxidase ဆိုတဲ့ အင်ဇိုင်းကို အလုပ်မလုပ်အောင် တားမြစ်ပေးပြီး ယူရစ်အက်စစ်ပမာဏကို လျှော့ခပေးပါတယ်။
ဂေါက်ရောဂါကို ကုသတာအပြင် ဒီဆေးကို ဆီးထဲမှာ ယူရစ်အက်ဆစ်များတာကြောင့် ကျောက်ကပ်မှာ ခဏခဏကျောက်တည်တာတွေကို ကုသရာမှာလည်း အသုံးပြုပါတယ်။ ဒါ့အပြင် ကင်ဆာကြောင့် ဆေးသွင်းကုသမှု ခံယူနေသူတွေမှာ ယူရစ်အက်ဆစ် ပမာဏ မြင့်တက်တာကို ကာကွယ်ဖို့လည်း အသုံးပြုကြပါတယ်။
Allopurinol (အေလိုပျူရီနော)ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးကို အစားစားပြီးချိန်မှာ ရေတစ်ခွက်နဲ့ ဆေးအလုံးလိုက် သောက်ပေးရပါမယ်။ ဆေးကို ဝါးစားတာ၊ ချိုးဖဲ့တာ၊ ကြိတ်ခြေပြီး ဖျော်သောက်တာမျိုးတွေ မလုပ်ရပါဘူး။
Allopurinol ကို သောက်ဆေးအဖြစ် တစ်နေ့တစ်ကြိမ် (သို့) ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သင့်ပါတယ်။ အစာအိမ် မထိခိုက်စေရန် ဒီဆေးကို အစာစားပြီးချိန်မှာ သောက်နိုင်ပါတယ်။ တကယ်လို့ သောက်ရမည့် ဆေးပမာဏဟာ တစ်နေ့ကို 300mg ထက် များတယ်ဆိုရင် နေ့အချိန်မှာ ဒီပမာဏရောက်အောင် ဆေးပမာဏ အနည်းငယ်စီကို အကြိမ်များစွာ သောက်ရနိုင်ပါတယ်။
ဆေးသောက်ပြီးတိုင်း ရေဖန်ခွက်တစ်ခွက် အပြည့်သောက်သုံးရန် အကောင်းဆုံးဖြစ်ပြီး တစ်နေ့မှာ အရည်ဖန်ခွက် ရှစ်ခွက်အထိ သောက်သင့်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က အခြားကျန်းမာရေး ကိစ္စအတွက် အရည်လျှော့သောက်စေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆရာဝန်က ဆီးအတွင်းမှာ uric acid ဘယ်လိုနည်းအောင် လုပ်ရမလဲဆိုတာ ညွှန်ကြားပေးမှာဖြစ်ပါတယ်။
ဆေးပမာဏဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။ Allopurinol ကို အစွမ်းအထက်ဆုံးဖြစ်စေဖို့ နေ့တိုင်း အချိန်မှန်သောက်သင့်ပါတယ်။
ဂေါက်ရောဂါကုသမှုမှာ အာနိသင်ရစေဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ သင့်မှာ ကိုယ်ခန္ဓာက uric acid အပိုတွေကို ဖယ်ထုတ်လိုက်တဲ့အတွက် ဒီဆေးစသောက်ပြီး လပေါင်းများစွာအကြာမှာ အရင်ကထက် ဂေါက်ရောဂါ ပိုဖြစ်နိုင်ပါတယ်။ ဒီဆေးဟာ အကိုက်အခဲပျောက်ဆေးမဟုတ်တဲ့အတွက် ဂေါက်ရောဂါကြောင့် နာကျင်မှုကို သက်သာစေဖို့ ဆရာဝန်ညွှန်းထားတဲ့ဆေးတွေကို (colchicine ၊ ibuprofen ၊ indomethacin) ဆက်လက်သောက်သင့်ပါတယ်။
ရောဂါလက္ခဏာတွေ မသက်သာရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
Allopurinol (အေလိုပျူရီနော)ကို မသောက်ခင်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒီဆေးက ဗိုက်ထဲက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
နို့တိုင်မိခင်တွေမှာဆိုရင် ဒီဆေးက မိခင်နို့ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးနို့တိုက်နေချိန်မှာ ဒီဆေးကို သောက်သုံးချင်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ဖြစ်နိုင်ခြေတွေကို သိရှိနားလည်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Allopurinolက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
Allopurinol (အေလိုပျူရီနော)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။
Allopurinol (အေလိုပျူရီနော)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကျောက်ကပ်ကျောက်တည်တာအတွက် allopurinolကို သောက်သုံးရမယ့် ပမာဏကတော့ တစ်နေ့ကို 200-300 mg ကို ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး သောက်ပေးလို့ ရပါတယ်။
ကျောက်ကပ်ရောဂါ ဒါမှမဟုတ် အသည်းရောဂါ ရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆရာဝန်က ဆေးပမာဏကို နည်းနည်းစီပဲ ညွှန်းတာမျိုး ဖြစ်နိုင်ပါတယ်။
တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ကျောက်ကပ်ဆေးနေရမယ်ဆိုရင် ဆရာဝန်က ကျောက်ကပ်ဆေးပြီးတာနဲ့ 300 ဒါမှမဟုတ် 400 mgကို တစ်ကြိမ်တည်းနဲ့ သောက်ဖို့ ဆေးစာညွှန်းနိုင်ပါတယ်။
Allopurinol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးပြား (သောက်ဆေး) ။ 100 mg ၊ 300 mg
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
Allopurinolကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။