backup og meta

ဂလူကိုစမင်း (Glucosamine) ရဲ့ အကျိုးကျေးဇူးများ

ဂလူကိုစမင်း (Glucosamine) ရဲ့ အကျိုးကျေးဇူးများ

Glucosamine (ဂလူကိုစမင်း) ဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အဆစ်တွေပတ်လည်ရှိ အရည်မှာ တွေ့ရတဲ့ သဘာဝဓါတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ တကယ်လို့သင်ဟာ အဆစ်ရောင်ခြင်းကြောင့် ဖြစ်တဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို ခံစားရပြီဆိုရင် ဂလူကိုစမင်း ဖြည့်စွက်ဆေးတွေကို သောက်ပေးခြင်းအားဖြင့် သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။ ဂလူကိုစမင်း ရဲ့ အကျိုးကျေးဇူးများ အကြောင်းကို သင်ပိုပြီး သိရှိနားလည်အောင် ကျွန်ုပ်တို့ ကူညီပေးနိုင်ပါတယ်။

Glucosamine (ဂလူကိုစမင်း) ဘယ်လိုအလုပ် လုပ်သလဲ။

ဂလူကိုစမင်း မှာ ဂလူကိုစမင်းဆာလဖိတ် နဲ့ ဂလူကိုစမင်း ဟိုက်ဒြိုကလိုရိုက် ဆိုပြီး အဓိကအမျိုးအစား နှစ်မျိုးရှိပါတယ်။ သူတို့ရဲ့ အလုပ်ကတော့ အရွတ်တွေ၊ အရွတ်လုံးတွေ၊ အရိုးနုတွေနဲ့ အဆစ်တွေကြားက အရည်အပါအဝင် သင့်ရဲ့ အဆစ်အမြစ်တွေကို တည်ဆောက် ဖို့ရာ အရမ်းအရေးကြီးတဲ့ ဒြပ်ပေါင်းတွေဖြစ်တဲ့ glycosaminoglycans နဲ့ glycoproteins တွေကို ထုတ်ပေးပါတယ်။ လေ့လာတွေရှိမှု များစွာအရ ဂလူကိုစမင်း ဟာ အရိုးနုတွေ ပျက်စီးဆုံးရှုံးခြင်းကို နှေးကွေးစေပြီး အရိုးနုများ အသစ်ပြန်လည် တည်ဆောက်ဖို့ရာမှာ ကူညီပေးတယ်လို့ တွေ့ရှိရပါတယ်။ ဒီအကြောင်းပြချက်ကြောင့် ဂလူကိုစမင်း ဟာ အရိုးအဆစ် ရောင်ရမ်းခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။

ဂလူကိုစမင်း ဖြည့်စွက်အားဆေးတွေ အများစုကို အခွံမာ ပင်လယ်သတ္တဝါတွေရဲ့ အခွံကနေ ပြုလုပ်ထားပါတယ်။ ဂလူကိုစမင်း ရဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဘေးထွက်ဆိုးကျိုးအများစုက မပြင်းထန်ပါဘူး။ ဂလူကိုစမင်း ဟာအန္တရာယ်ကင်းတယ်လို့ ယူဆနိုင်ပါတယ်။ သို့သော် ၎င်းကို အလွန်အကျွံ အသုံးပြုမယ်ဆိုရင်တော့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Glucosamine (ဂလူကိုစမင်း) ကို ရောဂါများ ကုသဖို့ရာ ဘယ်လိုအသုံးပြုနိုင်သလဲ။

ဒူးခေါင်းအရိုးအဆစ်များ ရောင်ရမ်းခြင်းကို ကုသခြင်း။

လေ့လာတွေ့ရှိမှုများအရ ဂလူကိုစမင်း ဟာ ဒူးခေါင်းအဆစ်များ နာကျင်ရောင်ရမ်းခြင်းကို ကုသနိုင်တယ်လို့ တွေ့ရှိရတဲ့ အတွက် အလွန်ကိုကျေးဇူးတင်ဖို့ ကောင်းတယ်ဆိုတာ ဖော်ပြနေပါတယ်။ ဥရောပ ရှိ ဂလူကိုစမင်း ထုတ်လုပ်ရာ Rotta ဓါတ်ခွဲသုတေသန မှ ဂလူကိုစမင်း ဆာလဖိတ် အကြောင်းကို လတ်တလောတွင် လေ့လာမှုများစွာ ပြုလုပ်ပေးထားပါတယ်။ ယခုမတိုင်ခင်က ဆိုလျှင် အခြားသော ထုတ်လုပ်သူများက ဂလူကိုစမင်း ရဲ့ အသုံးဝင်ပုံအကြောင်းကို လေ့လာတွေ့ရှိထားတဲ့ သာဓကတွေဆိုတာ မရှိပါဘူး။ တကယ်လို့ လူနာတွေဟာ ဂလူကိုစမင်း ဆာလဖိတ် ကို မှန်မှန်ကန်ကန် မသုံးစွဲဘူးဆိုရင်တော့ ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူးဆိုတာလည်း သက်သေပြထားပါတယ်။

အရိုးအဆစ် ယိုယွင်းပျက်စီး Osteoarthritis နဲ့ ဂလူကိုစမင်း

ဒူးခေါင်း၊ တင်ပါးဆုံရိုးများနှင့် ကျောရိုးများ ရောင်ရမ်းခြင်း ဝေဒနာခံစားနေရတဲ့ Osteoarthritis (အသက်ကြီးသူများတွင် အဓိကဖြစ်ပွားသော အရိုးအဆစ်ယိုယွင်းပျက်စီးမှုကြောင့် ဖြစ်သည့် အဆစ်အမြစ်ရောင်ရောဂါ) လူနာအချို့မှာ နာကျင်ကိုက်ခဲမှုကို သက်သာအောင် ဂလူကိုစမင်း ကကူညီပေးနိုင်ပါတယ်။ ဒူးခေါင်း ရိုးဆစ် ရောင်ရမ်းခြင်း ဝေဒနာ ခံစားနေရတဲ့ လူနာတွေမှာဆိုရင် ဒီကုသမှုကို ပြုလုပ်ဖို့ရာ အကြံပေးကြပါတယ်။ ဂလူကိုစမင်း ရဲ့ အန္တရာယ် ကင်းမှုကြောင့် စတီးရွိုက် မပါသော အရောင်ကျဆေး(NSAID) တွေ မသုံးစွဲသင့်သော လူနာများနှင့် အချိန်အကြာကြီးဆေးကုသရန် လိုအပ်သော လူနာများအတွက် ဂလူကိုစမင်း အစားထိုး အသုံးပြုနိုင်ပါပြီ။

ဒါ့အပြင် အချို့သောလေ့လာတွေ့ရှိမှုများအရ ဂလူကိုစမင်း ကို ဆေးသောက်မှ ပို၍နေလို့ကောင်းတယ်လို့ ခံစားရလေ့ရှိသော လူနာတွေအတွက် စိတ်ကျေနပ်စေရန် အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လေ့လာမှုတစ်ခုအရ ဂလူကိုစမင်း ဟာ အခြားဆေးအာနိသင် မရှိသော ဆေးလုံးနှင့် နှိုင်းယှဉ်လျှင် osteoarthritisa ကြောင့်ဖြစ်တဲ့ နာတာရှည် ခါးနာခြင်းတွေမှာ ညီတူညီမျှ အစွမ်းထက်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ လေ့လာမှုထဲ မှာပါဝင်တဲ့ လူနာထဲမှ ၅၀ ရာခိုင်နှုန်းကို ဂလူကိုစမင်း တိုက်ပြီး ကျန်တဲ့ သူတစ်ဝက် ကို ဆေးအာနိသင်မရှိတဲ့ ဆေးလုံးများကို တိုက်လိုက်ပါတယ်။ ဒီလူနာပုံစံ နှစ်မျိုးစလုံးမှာ ၁နှစ်ကြာပြီးတဲ့ နောက်ခါးနာခြင်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေတယ်လို့ ရလဒ်တူညီစွာပဲ တွေ့ရပါတယ်။

သွေးတွင်းအဆီဓါတ် လျော့ကျစေခြင်း

သုတေသန ပြုသူတော်တော်များများက ဂလူကိုစမင်း ဟာမကောင်းသော ကိုလက်စထရော ဓါတ်ဖြစ်တဲ့ low-density lipoprotein (LDL) ကိုလျော့ကျစေပြီး ကောင်းသော cholestrol ဓါတ် ဖြစ်တဲ့ high-density lipoprotein (HDL)ကိုလည်း မြင့်တက်စေရာမှာ အစွမ်းထက်တယ်လို့ ပြောကြပါတယ်။

ခါးနာခြင်းကို ကုသခြင်း

ခါးနာခြင်း နှင့် ပတ်သက်လို့ ဂလူကိုစမင်း ဆာလဖိတ် ရဲ့ အသုံးဝင်ပုံအကြောင်းကို ငြင်းခုန်မှုများစွာရှိပါတယ်။ အချို့သော သုတေသန ပြုသူများက ဂလူကိုစမင်း ဆာလဖိတ် ဟာ သူ့ဆေးတစ်မျိုးတည်းဖြင့် ကုသခြင်း သို့မဟုတ် ပိုတက်ဆီယမ်နှင့် ၎င်းကို ပူးတွဲ၍ ကုသခြင်းဟာ နာကျင်မှု ဝေဒနာကို လျော့ကျစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

အရိုးနဲ့ဆိုင်သော ရောဂါများကို လျော့ကျစေခြင်း

လေ့လာတွေ့ရှိပြီး ဖော်ပြချက်များအရ Kashin-Beck disease လို့ခေါ်တဲ့ နာတာရှည် အရိုးရောဂါရှိသောလူတွေမှာ ဂလူကိုစမင်း တစ်ခုတည်းနဲ့ ကုသခြင်း သို့မဟုတ် chondritin sulfate နှင့် ပေါင်း၍ကုသခြင်း စတာတွေကို ပြုလုပ်ပေးခြင်းဖြင့် အရိုးနုများကို ထိန်းသိမ်းပေးခြင်း၊ နာကျင်မှုဝေဒနာ လျော့ကျစေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို ပိုကောင်းစေခြင်း နှင့် မိမိကိုယ်ကို ဂရုတစိုက်လှုပ်ရှားမှုတွေမှာ ပိုပြီးကောင်းစေ နိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်တိုးတက်စေခြင်း

ဂလူကိုစမင်း ထည့်ပေါင်း ကုသခြင်းဟာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာ ပျက်ယွင်းခြင်း ကြုံတွေ့ရတဲ့ အမျိုးသားတွေမှာ ပိုပြီးတိုးတက်ကောင်းမွန်လာစေတယ်လို့ သက်သေပြတွေ့ရှိရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Khin Yin Kyay

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Glucosamine Sulfate. http://www.webmd.com/vitamins-supplements/ingredientmono-807-glucosamine%20sulfate.aspx?activeingredientid=807&activeingredientname=glucosamine%20sulfate. Accessed September 7, 2016.
Is Glucosamine Good for Joint Pain? http://www.webmd.com/vitamins-and-supplements/lifestyle-guide-11/supplement-guide-glucosamine. Accessed September 7, 2016.
Glucosamine. http://www.arthritisresearchuk.org/arthritis-information/complementary-and-alternative-medicines/cam-report/complementary-medicines-for-osteoarthritis/glucosamine.aspx. Accessed September 7, 2016.
Glucosamine. http://www.mayoclinic.org/drugs-supplements/glucosamine/evidence/hrb-20059572. Accessed September 7, 2016.
Chondroitin Sulfate and Glucosamine Supplements in Osteoarthritis. http://www.arthritis.org/living-with-arthritis/treatments/natural/supplements-herbs/glucosamine-chondroitin-osteoarthritis.php. Accessed September 7, 2016.

ယခုပုံစံ

24/01/2022

Dr. Khin Yin Kyay မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!



Dr. Khin Yin Kyay မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement