အစာအိမ်က အရေးကြီးတယ်ဆိုတာ လက်ခံကြတယ်ဟုတ်။ လူဆိုတာ မစားဘဲမှ မနေနိုင်တာ။ ဒီခန္ဓာကိုယ်က ဆက်လှုပ်ရှားနေနိုင်အောင် ပါးစပ်ကနေ လောင်စာဖြည့်သမျှ ဒီအစာအိမ်ထဲပဲရောက်တာကိုး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို အစာအိမ်က တိုက်ရိုက်လက်ခံရတာပါ။ အစာအိမ်ကို ဝေဒနာဖြစ်စေတာလည်း အစားအသောက်ကြောင့်ပါပဲ။