အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 15, 2020 . 1 min read
Share now

အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ အများကြီးရှိသလို အဲဒီဝေဒနာခံစားနေရတဲ့သူတွေလည်း တစ်ပုံကြီးပါ။ အစာအိမ်ရောဂါဆိုတာ တကယ်တော့ တစ်ခါဖြစ်ဖူးရင်ပျေကာ်ဖို့ တော်တော်မှ ခဲယဉ်းပါတယ်။ အစာအိမ်ရောင် နေတယ်၊ အနာဖြစ်နေတယ်ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစားမစားဘဲ နေလို့မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့မရ၊ စားတာတွေကလည်း အစာအိမ်နဲ့မတည့်ဖြစ်နေရင်ပိုဆိုးပြီပေါ့။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာ ကြားဖူးတယ်မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ်အောင့်တဲ့ ပြဿနာတွေအတွက်ဆို ကိုယ်စားတဲ့အစားအသောက်တွေကပိုတောင် အရေးကြီးတာပေါ့။

ဒီတော့ အစာအိမ်အောင့်နေတဲ့အချိန် ဘယ်လို အစားအစာတွေ စားပေးရင် သက်သာမှာလဲ ။

ပျော့ပြီး မစပ်တဲ့ အဆီမများတဲ့ အစားအစာတွေကို အဓိက ရွေးချယ်သင်ပါတယ်။ ဒါမှ အစာကြေလွယ်မှာ ဖြစ်ပြီး ခံစားနေရတဲ့ အ စာအိမ်နာ ဝေဒနာသက်သာမှာဖြစ်ပါတယ်။ စားသင့်တာတွေကတော့

  • Mashed potatoes – ကြိတ်ချေထားတဲ့အားလူးတစ်ခွက်ဟာ အဆာခံစေမယ့်အပြင် အက်ဆစ်တွေထွက်လို့ အောင့်နေတဲ့ အနာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။
  • ကြက်ဥမွှေကြော် – ပရိုတင်းဓါတ်တွေ ကြွယ်ဝပြီး အဆာခံတဲ့ ဒီကြက်ဥမွှေကြော်ဟာ အစာအိမ်နာဖြစ်နေတဲ့သူတိုင်းအတွက် သင့်တော့်တဲ့ အစားအစာတစ်ခုပါ။
  • သကြားမပါတဲ့ဒိန်ချဉ် – ဒိန်ချဉ်ဆိုပြီး အစာအိမ်အချဉ်ပေါက်စေမယ့် အရာလို့တော့ မထင်လိုက်ပါနဲ့။ သူ့ဆီမှာ အစာခြေစနစ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေအပြည့်ပါတဲ့အပြင် အစာကြေလွယ်စေမှာပါ။
  • ထမင်းဖြူ – အစာအိမ်ထနေတဲ့အချိန် ထမင်းတွေပျော့ပျော့လေးတွေ စားပေးလို့ရသလို ဆန်ပြုတ်စားပေးလို့လည်း ရပါတယ်။ ဒါတွေက အစာကြေလွယ်ပြီး အက်ဆစ်ထွက်တာကိုလည်း လျှော့ချပေးမယ့် အရာတွေပါ။

အခြားသိထားသင့်တာတွေကတော့

  • အစာကို နည်းနည်းနဲ့အကြိမ်ရေများများခွဲစားပါ
  • အဆာလုံးဝ မခံပါနဲ့။
  • ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။
  • အစားစားပြီး ၂ နာရီအတွင်း လှဲလျောင်းတာမျိုး မလုပ်ပါနဲ့။
  • ရေဓါတ်ပြည့်ဝနေအောင် ရေများများသောက်ပါ။ ရေက အစာအိမ်အက်ဆစ်ေတွပြင်းအားကို လျှော့ချပေးနိုင်မှာပါ။

ကိုယ့်မှာ ဒီလို အစာအိမ်ရောဂါရှိလို့ ဘာမှ စားမရဘူးဆိုပြီး စိတ်တော့မညစ်လိုက်ပါနဲ့။ အစာအိမ်အတွက်သောက်ရမယ့်ဆေးတွေအပြင် ရှောင်သင့်တာတွေရှောင် စားသင့်တာတွေသာစားပေးရင် ခဏလေးအတွင်း ပြန်ပျောက်သွားမှာပါ။ ပြီးတော့ ခုပြောခဲ့တဲ့ အစားအစာတွေက အစာအိမ်အောင့်တာကို သက်သာစေမယ့်အပြင် အနာကျက်ခြင်းကို ပါအားပေးတာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ပျောက်မှာပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပြီး အပြီးမပျောက်စေပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား......................

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read