home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဒီကနေ့ခေတ်မှာ အသက်အရွယ်မရွေး ကိုယ်အလေးချိန် မြင့်တက်တဲ့ပြဿနာနဲ့ ရင်ဆိုင်လာကြရပါတယ်။ အသက် ၅၀ ကျော်လာတဲ့အချိန်မျိုးမှာ ခန္တာကိုယ်ရဲ့အဘက်ဘက်ကယိုယွင်းလာမှုကြောင့် ကိုယ်အလေးချိန်တွေကို ထိမ်းသိမ်းဖို့ ပိုမိုခက်ခဲလာကြပါတယ်။

ဒီအသက်အရွယ်မှာ ကိုယ်အလေးချိန်ကို ထိမ်းချုပ်ရတာဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခက်ခဲလာတဲ့ ကိစ္စတစ်ခုပါ။ တစ်သက်လုံး ကျန်းမာရေးနဲ့ မညီညွတ်စွာနေထိုင်စးသောက်ခဲ့မိမယ်ဆိုရင် အသက် ၅၀ ကျော်လာချိန်တွေမှာ အဝလွန်နေနိုင်ပါတယ်။

ဒါပေမယ့် ဒီအချက်တွေကြောင့်နဲ့တော့ သင်ဟာ ကိုယ်အလေးချိန်ချလို့မရဘူး၊ အဆီပိုတွေကို မဖယ်ရှားနိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ အသက် ၅၀ တန်း လူကြီးတွေအနေနဲ့လည်း ရိုးရှင်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး အလေးချိန်ကိုထိမ်းညှိလို့ရပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ်အလေးချိန်ကို ထိမ်းသိမ်းရမလဲဆိုရင်တော့

  • မနက်စောစောထ တာ – မနက်စောစောထတာဟာ ကိုယ်အလေးချိန် လျှော့ချမှုအတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ မနက်စောစောထတဲ့အခါ အစာစားချင်စိတ်နည်းပါးပြီး တက်ကြွလန်းဆန်းစေနိုင်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်တာ – ကိုယ်အလေးချိန်လျှော့ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း တစ်မျိုးတည်းကို ပုံသေလုပ်တာထက် အမျိုးအစား စုံစုံလင်လင်ကို တစ်နေ့ကို မိနစ် ၃၀ လောက် လုပ်တာဟာ ဝိတ်ကျဖို့ ပိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။
  • ဟင်းသီးဟင်းရွက်တွေကို ပိုစားတာ – ဘယ်အသက်အရွယ်အတွက်မဆို ကိုယ်အလေးချိန်လျှော့ချိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သစ်သီးဝလံတွေနဲ့ အသီးအရွက်ကို များများစားပေးတာဟာ ကိုယ်အလေးချိန်လျှော့ချရမှာ အထောက်အကူပြုတဲ့အပြင် ခန္တာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ကြွယ်ဝစွာ ရရှိစေနိုင်ပါတယ်။
  • ပဲများများစားတာ – ပဲဟာ ပရိုတိန်းဓာတ်ကြွဝယ်ဝပြီး အစာချေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ အစာအိမ်အတွင်းမှာရှိတဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေကို ပံ့ပိုးပေးသလို ဇီဝကမ္မဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ Fatty Acids တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
  • အစားအသောက်ကို ဂရုစိုက်တာ – အသက်အရွယ်ကြီးရင့်လာသူတွေဟာ လိုအပ်တာထက် ပိုစားမိတာမျိုး၊ အစာစားချင်စိတ် လျော့နည်းသွားတာမျိုး၊ အစားစားချိန် မမှန်တာမျိုးတွေ ဖြစ်နိုင်ချေပိုများပါတယ်။ အစာစားရာမှာလည်း လျှင်လျှင်မြန်မြန်မစားပဲ မှန်မှန်နှေးနှေးနဲ့ ကြေညက်အောင်ဝါးစားတာက ဝိတ်ချရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
  • သကြားလျှော့စားတာ – သကြားဓာတ်ပါဝင်တဲ့ မုန့်အချိုတွေနဲ့ အချိုရည်တွေဟာ ခန္တာကိုယ်မှာ ကယ်လိုရီတွေ ပိုလျှံလာအောင် လုပ်မှာဖြစ်ပါတယ်။ သကြားစားသုံးမှုလျှော့ချလိုက်ရုံနဲ့ ကိုယ်အလေးချိန် သိသိသာသာ စစ်သွားပါလိမ့်မယ်။
  • ယောဂကျင့်တာ – ယောဂဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ အိုမင်းရင့်ရော်မှုကို လျှော့ချတာနဲ့ ခန္တာကိုယ် တည်ငြိမ်မှုတွေ တိုးတက်စေဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန် လေ့ကျင့်ပေးခြင်းအားဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်တဲ့ အကျိုးထူးလည်း ရနိုင်ပါသေးတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 26/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။