အဓိပ္ပါယ်ဖွင့်ဆိုချက်
Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကဘာလဲ။
အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းတွင် အီရိုစင်နိုဖေးလ်ဟုခေါ်သော သွေးဖြူဥတစ်မျိုးသည် အသာရေမျိုပြွန်နံရံတွင် စုပုံလာပါသည်။ ၎င်းသည် အစာ၊ အလာဂျင် သို့မဟုတ် အစာချေအက်စစ် ပြန်တက်ခြင်းအား တုန့်ပြန်ခြင်းဖြစ်ပြီး အစာရေမျိုတစ်ရှူးများကို ထိခိုက်ရောင်ရမ်းစေနိုင်၏။ ပျက်စီးနေသော အစာရေမျိုပြွန်တစ်ရှူးများကြောင့် မျိုချရခက်ခြင်း သို့မဟုတ် မျိုချသည့်အခါ အစာတစ်နေခြင်းမျိုး ဖြစ်နိုင်ပါသည်။