သင့်အိမ်မှာ ဂျင်း၊ ပူဒီနာ ဒါမှမဟုတ် သံပုရာသီးတခုမှ မရှိဖူးဆိုပါစို့။ မပူပါနဲ့။ ရေနွေးလေးတခွက်ရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။ ရနွေးနွေးလေးတခွက်နဲ့ ဆားလေးတဇွန်းစာလောက်ရှိရင် အိုကေပါပြီ။ အာနိသင် အကောင်းဆုံးရရှိနိုင်ဖို့အတွက် ဆားရည်နွေးနွေးလေးကို မြန်နိုင်သမျှ မြန်မြန်သောက်ချပါ။ ဒါပေမယ့် သင့်မှာသွေးတိုးရောဂါလိုမျိုး တခြားရောဂါတခုခုရှိနေမယ်ဆိုရင်တော့ ဒီနည်းကိုလုံးဝအသုံးမပြုသင့်ပါဘူး။
ပန်းသီး ဒါမှမဟုတ် ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ဗနီဂါ
ဗနီဂါထဲမှာပါဝင်တဲ့အက်ဆစ်ဟာ သင့်အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်တဲ့အတွက် မကောင်းတဲ့ဘက်တီးရီးယားတွေကို ခန္ဓါကိုယ်ထဲကဖယ်ရှားပေးပြီး အကျိုးပြုဘက်တီးရီးယားတွေကို ဆက်လက်ရှင်သန်နေစေပါတယ်။ အချို့ကကြိုတင်ကာကွယ်တဲ့အနေနဲ့ဗနီဂါလက်ဖက်ရည်ဇွန်းနဲ့တဇွန်းကိုနေ့စဉ်သောက်လေ့ရှိကြပါတယ်။ တကယ်လို့ ဗနီဂါအရသာကို သင့်အနေနဲ့သိပ်မကြိုက်ဖူးဆိုရင်ဗနီဂါထဲကိုရေနဲ့ ပျားရည်အနည်းငယ်ရောစပ်ပြီးမှ ဖြည်းဖြည်းချင်းသောက်နိုင်ပါတယ်။
BRAT (ငှက်ပျောသီး၊ ဆန်၊ ပန်းသီအနှစ်နဲ့ပေါင်မုန့်မီးကင်) နဲ့ CRAP (ချယ်ရီသီး၊စပျစ်ခြောက်၊မန်မွန်သီးနဲ့ဆီးသီးခြောက်)
အထက်ဖော်ပြပါ အစားအစာတွဲဖက်မှုဟာ ဗိုက်အောင့်နေသူတွေအတွက် အသင့်တော်ဆုံးအတွဲအဖက် ဖြစ်ပါတယ်။ BRAT မှာပါဝင်တဲ့ အစားအစာတွေအားလုံးဟာ အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်ပြီး သင့်အစာအိမ်ကိုထိခိုက်စေမယ့် ဆား ဒါမှမဟုတ် ငရုတ်သီးအစပ်တွေ လုံးဝမပါဝင်ပါဘူး။ ဒီအရသာသိပ်မပြင်းလှတဲ့ အတွဲအဖက်တွေဟာ သင်နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ ကျိန်းသေပေါက်စားပေးရမယ့် အစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် တခြားအစားအစာတွေကိုလည်း စားဖို့လိုအပ်ပါသေးတယ်။ ပုံမှန်ထမင်းစားမယ့် အချိန်မှာ BRAT ကိုစားနိုင်ပြီး ထမင်းတနပ်နဲ့တနပ်ကြားအချိန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွားရည်စာအဖြစ် CRAP ကိုစားနိုင်ပါတယ်။ အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်တဲ့အစားအစာတွေ ဖြစ်တဲ့အတွက် ဗိုက်အောင့်တာ၊ ပျို့အန်မအီမသာဖြစ်တာနဲ့ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။ လေထတာ၊ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ ဒါမှမဟုတ် အစာမကြေတာတွေဖြစ်နေရင် အဆိုပါအစားအစာတွေကို စားပေးခြင်းအားဖြင့်သက်သာရာရစေပါလိမ့်မယ်။ ဒီအစားအစာတွေနဲ့ဓါတ်မတည့်တာမျိုး ဒါမှမဟုတ် သူတို့ကြောင့် ပိုဆိုးသွားစေနိုင်တဲ့ရောဂါမျိုးတွေသင့်မှာ ရှိနေရင်တော့ မစားခင်မှာသင့်ဆရာဝန် ဒါမှမဟုတ်
အာဟာရပညာရှင်နဲ့ကြိုတင်တိုင်ပင်မေးမြန်းရမှာဖြစ်ပြီး သူတို့ကအကောင်းဆုံးသော အကြံဉာဏ်တွေကိုပေးပါလိမ့်မယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။