ဘေလုံးထုတ် ပြီးတဲ့နောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 14, 2020 . 2 mins read
Share now

ဘေလုံးထုတ်လိုက်ရတယ်၊ ဘေလုံးကြီးနေတာ ခွဲထုတ်လိုက်ရတယ်ဆိုတဲ့ စကားလေးတွေ အရပ်ထဲမှာ ကြားဖူးမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် သွေးရောဂါလူနာတွေကြားမှာပေါ့။ ဘေလုံးက တစ်ခုတည်းပါတယ်ဆိုပေမယ့် ထုတ်ပစ်လိုက်လို့လည်း သက်တမ်းစေ့နေလို့ရပါတယ်။ ဂရုစိုက်ရမယ့် အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုတော့ လိုက်နာနေဖို့ လိုပါတယ်။

ဘေလုံးက ဘယ်မှာ ရှိတာလဲ။

ဘေလုံးက ဘယ်ဘက်နံကြားမှာ ရှိတာပါ။ လက်သီးဆုပ် အရွယ်လောက်ပဲ ရှိပါတယ်။ တချို့သူတွေမှာ ဘေလုံးသေးသေးလေး အပိုပါလာတတ်ပါတယ်။ ဘေလုံးက ဘာတွေလုပ်ပေးလဲဆိုတော့

  • ပျက်စီးနေတဲ့ သွေးဆဲလ်တွေနဲ့ သွေးဆဲလ်အဟောင်းတွေကို ဖျက်ဆီးပေးတယ်။
  • ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိဇီဝပစ္စည်းတွေ ထုတ်ပေးတယ်။
  • သွေးဆဲလ်တွေကို သိမ်းဆည်းပေးတယ် စတဲ့ အလုပ်တွေကို လုပ်ပါတယ်။

ဘယ်လိုအခါမျိုးမှာ ဘေလုံးကို ဖယ်ထုတ်လေ့ရှိသလဲ။

  • ဘေလုံးကွဲသွားတဲ့အခါ

ထိခိုက်ဒဏ်ရာတွေ၊ ကားတိုက်မှုတွေ၊ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ အားကစားနည်းတွေမှာ ဘေလုံးကွဲတတ်ပါတယ်။ ဘေလုံးကွဲရင် သွေးတွေ အများကြီး ထွက်တတ်တာကြောင့် အခန့်မသင့်ရင် သွေးထွက်လွန်တတ်ပါတယ်။ ဒါကြောင့် ထုတ်ပစ်ရပါတယ်။

  • ဘေလုံးကြီးလာတဲ့အခါ

ဘေလုံးကြီးလာတဲ့အခါ ဗိုက်ထဲမှာ အင့်တာ၊ အောင့်တာ၊ အထဲက တခြား ကိုယ်တွင်းအင်္ဂါတွေကို ဖိတာမျိူး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ထုတ်ပစ်ရပါတယ်။

  • သွေးရောဂါတွေ 

သာလာဆီးမီးယားတို့၊ သွေးနီဥများတဲ့ ရောဂါတို့၊ သွေးဥမွှားနည်းလွန်းတဲ့ ရောဂါတို့မှာ တခြား ကုသနည်းတွေနဲ့ အဆင်မပြေရင် ဘေလုံးထုတ်ရတတ်ပါတယ်။

  • ကင်ဆာ

သွေးကင်ဆာတွေမှာလည်း ဘေလုံးကြီးတတ်လို့ ထုတ်ပစ်ရတတ်ပါတယ်။

  • ပိုးဝင်တာ

ဘေလုံးမှာ ပြည်တည်နာဖြစ်ပြီး သိပ်ကြီးလွန်းလို့ တခြားနည်းတွေနဲ့ မသက်သာရင် ထုတ်ပစ်ပါတယ်။

  • အရည်အိတ်

ပြည်တည်နာလိုပါပဲ။ တခြားနည်းလမ်းတွေနဲ့ မသက်သာရင် ထုတ်ပစ်ပါတယ်။

ဘေလုံးထုတ်တာ အန္တရာယ်ရှိလား။

ဘေလုံးကို ရောဂါအခြေအနေအရ တစ်လုံးလုံး ထုတ်ပစ်တာ ရှိသလို တစ်စိတ်တစ်ပိုင်းပဲ ထုတ်ပစ်တာမျိုးလည်း ရှိပါတယ်။ ဘေလုံးထုတ်တာ တခြားသော ခွဲစိတ်မှုတွေလိုပါပဲ။ မေ့ဆေး၊ ထုံဆေးဒဏ်တွေ၊ တခြားသော ခွဲစိတ်မှု ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဖြစ်တတ်တာတွေကတော့

  • သွေးထွက်လွန်တာ
  • သွေးခဲတာ
  • ပိုးဝင်တာ
  • ဘေးက တခြားကိုယ်တွင်းအင်္ဂါတွေ ထိခိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။

ဘေလုံးထုတ်ပြီးရင်လည်း တတ်နိုင်သမျှ ကျန်းမာအောင် နေရပါမယ်။ ပိုးဝင်ကူးစက်တဲ့ လက္ခဏာတွေဖြစ်တဲ့

  • အဖျား ၁၀၀.၄ထက် တက်တာ
  • ခန္ဓာကိုယ်မှာ အနီရောင် အစက်အပြောက်တွေ ထွက်တာ
  • လည်ပင်းနာတာ
  • ချမ်းတုန်ဖျားတာ
  • ရက်ရှည်ချောင်းဆိုးတာတွေ ဖြစ်ရင် ဆေးရုံကို ချက်ချင်း ပြန်လာရပါမယ်။

ဘေလုံးထုတ်ပြီး အသက်ရှင်နေနိုင်ပါ့မလား။

ဘေလုံးက တစ်လုံးတည်းရှိတာ မှန်ပေမယ့် ထုတ်ပြီးလည်း သာမန်လူလိုပဲ အသက်ရှင်နေနိုင်ပါတယ်။ တချို့ ဘေလုံးအပိုပါတဲ့သူဆိုရင် ဒီအပိုလေးက ကြီးထွားပြီး ပုံမှန်အတိုင်း အလုပ်ပြန်လုပ်ပါတယ်။ ဘေလုံး မရှိသင့်တဲ့ ရောဂါအခြေအနေဆိုရင်တော့ ဒီအပိုလေးကိုပါ တစ်ခါတည်း ထုတ်ပစ်ပါတယ်။

ဘေလုံးထုတ်ပြီးတဲ့နောက်မှာ ဂရုစိုက်ရမယ့် အခြေအနေတွေ ရှိပါတယ်။ ဘာလဲဆိုတော့ ပိုးမဝင်အောင်ပါ။ ဘေလုံးက ခုခံအားစနစ်မှာပါတဲ့ အရေးကြီးအင်္ဂါရပ် ဖြစ်တဲ့အတွက် ခုလို ထုတ်ပြီးသွားရင်တော့ ပိုးဝင်လွယ်တဲ့ အနေအထားဖြစ်သွားပါတယ်။ သူ့ဆီကရမယ့် ပဋိဇီဝပစ္စည်းတွေလည်း မရတော့ပါဘူး။

ဒါဆို ဘာလို့ ထုတ်သေးလဲလို့ မေးစရာရှိပါတယ်။ မထုတ်ရင် အသက်ရှင်ဖို့ မလွယ်လို့၊ အသက်အန္တရာယ်ထိခိုက်နိုင်လို့ ကောင်းကျိုး ဆိုးကျိုး ချိန်ဆပြီး ထုတ်လိုက်တာပါ။ သူမရှိလည်း ခုခံအားစနစ်က လျှော့သွားတာပဲ ရှိတာပါ။ လုံးဝမရှိတော့တာ မဟုတ်ပါဘူး။

ပြန်ကောက်ရရင်  ဘေလုံးထုတ်ပြီးသား လူတစ်ယောက်က တတ်နိုင်သမျှ ပိုးဝင်ကူးစက်ခြင်း မခံရအောင် ဂရုစိုက်ရပါမယ်။ ဒါကြောင့်

  • ဘေလုံးထုတ်မယ့်သူကို မထုတ်ခင် နှစ်ပတ်တည်းက လိုအပ်တဲ့ ကာကွယ်ဆေးတွေ ကြိုထိုးပေးထားပါတယ်။ နမိုးနီးယား၊ ရာသီတုပ်ကွေး၊ ဦးနှောက်အမြှေးရောင်၊  Hib စတဲ့ ကာကွယ်ဆေးတွေ ကြိုထိုးရပါတယ်။
  • ခွဲစိတ်မှုတွေ လုပ်ပြီးရင်လည်း တတ်နိုင်သမျှ ပိုးမကူးအောင် မကြာခဏ လက်ဆေးတာ၊ လူစုလူဝေးကြားထဲသွားရင် နှာခေါင်းစည်းတပ်တာ၊ နေမကောင်းတဲ့သူနဲ့ ဝေးဝေးနေတာ စတာတွေကို လိုက်နာရပါတယ်။
  • ရာသီအလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးရပါတယ်။
  • ၅နှစ်အောက် ကလေးတွေနဲ့ တချို့သူတွေမှာဆိုရင် ပိုးသတ်ဆေးတွေ ကြိုသောက်ပြီး ကာကွယ်ရတာမျိုးတွေ ရှိပါတယ်။

ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာမယ်ဆိုရင် ဘေလုံးထုတ်ထားပေမယ့် သာမန်လူတစ်ယောက်လို ကျန်းကျန်းမာမာ နေသွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားတာ စိုးရိမ်စရာလား။

အချို့ မိဘတွေက ဘေဘီလေးကို နာကျင်မှာစိုးတဲ့ စိတ်၊ ကာကွယ်ဆေးထိုးမှ ကလေးဖျားသွားဦးမယ်ဆိုတဲ့စိတ်နဲ့ ကာကွယ်ဆေး မထိုးပေးတာမျိုးတွေ ရှိတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဂျပန်ဦးနှောက်ရောင် ရောဂါနဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုး

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါပါ။ ခြင်ကတဆင့် ကူးစက်တဲ့ တခြားရောဂါတွေလိုပဲ မြန်မာနိုင်ငံမှာ အတွေ့ရများပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကင်ဆာရောဂါများ, အစာအိမ်ကင်ဆာ အောက်တိုဘာ 23, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021 . 3 mins read
ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 13, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်ဖို့ လိုမလို

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်ဖို့ လိုမလို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2021 . 2 mins read
သွေးရောဂါ အမျိုးအစားများ

သွေးရောဂါ အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read