အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
- မိသားစုရာဇဝင်ရှိခြင်း
- အမျိုးသမီးဖြစ်ခြင်း
- ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ကူးစက်ဖူးခြင်း
- ဆေးဝါးအချို့ ဥပမာ minocycline သုံးစွဲနေရခြင်း
ကိုယ်ခံအားနဲ့ဆိုင်တဲ့ တခြားရောဂါတွေဟာလည်း အသည်းကို ဒုက္ခပေးနိုင်ပြီး ကိုယ်ခံအားတိုက်ခိုက်လို့ အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။ အောက်ပါရောဂါတွေကြောင့် ဖြစ်ပါတယ်။
- Grave ရောဂါ
- သိုင်းရွိုက်ရောင်ခြင်း
- အူအနာဖြစ်ရောင်ရမ်းခြင်း
- ဆီးချို အမျိုးအစား (၁)
- လေးဘက်နာကြောင့် အဆစ်ရောင်ခြင်း
- အရေပြားမာ၍တွန့်ခေါက်သည့်ရောဂါ
- အူလမ်းကြောင်းရောင်ရမ်းခြင်း
- Systemic lupus erythematosus
- Sjögren ရောဂါလက္ခဏာစု
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ အောက်ပါ စမ်းသပ်မှုတွေ ပါဝင်ပါတယ်။
- သွေးစစ်ခြင်း။ ခုခံပစ္စည်းတွေပါဝင်တဲ့ သွေးနမူနာယူပြီး စစ်ဆေးရင် ကိုယ်ခံအားကြောင့် အသည်းရောင်ခြင်းလား၊ ဆင်တူတဲ့ တခြားလက္ခဏာတွေလားဆိုတာ ခွဲနိုင်ပါတယ်။ ရောဂါအမျိုးအစားကိုလည်း သိနိုင်ပါတယ်။
- အသည်းမှ အသားစယူစစ်ဆေးခြင်း။ အသားစယူ စစ်ဆေးခြင်းဟာ ရောဂါကို အတည်ပြုနိုင်ပြီး အသည်းပျက်စီးမှု အခြေအနေကို သိနိုင်စေပါတယ်။ သေးငယ်တဲ့ အပ်နဲ့ အရေပြားကတဆင့် အသည်းထဲ ထိုးသွင်းပြီး အသားစယူပြီး ဓါတ်ခွဲခန်းကိုပို့ကာ စစ်ဆေးပါလိမ့်မယ်။ အသားစယူတဲ့အခါ နေရာသိရအောင် အာထရာဆောင်းကို အသုံးပြုပါလိမ့်မယ်။
Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုဟာ အသည်းပျက်စီးမှုကို နှေးကွေး၊ ရပ်တန့်ပြီး တခါတရံမှာ ပြန်ကောင်းနိုင်ပါတယ်။
- ဆေးဝါးကုသခြင်း။ ကိုယ်ခံအားကို နှိမ့်ပေးတဲ့ ဆေးတွေဟာ ကိုယ်ခံအားစနစ်က တိုက်ခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ 6-mercaptopurine နဲ့ azathioprine စတဲ့ဆေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီဆေးတွေဟာ ကိုယ်ခန္ဓါရဲ့ တခြားရောဂါပိုးတွေကို တိုက်ခိုက်နိုင်စွမ်းလည်း ကျဆင်းစေပါတယ်။
- ခွဲစိတ်ခြင်း။ အသည်းအစားထိုး ကုသနိုင်ပါတယ်။ ဒါပေမယ့် အသည်းအစားထိုးပြီးရင်တောင် ရောဂါပြန်ဖြစ်နိုင်ပါတယ်။ အသည်းအစားထိုးပြီး တနှစ်ရှင်နိုင်ခြေ ၉၀%ရှိပြီး ၅နှစ်ရှင်နိုင်ခြေ ၇၀-၈၀%ရှိတယ်လို့ သိရပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်းအတွက် အထောက်အကူ ပြုသလဲ
မကာကွယ်နိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို သိထားခြင်းဟာ ရောဂါကို စောစီးစွာ ကုသနိုင်စေပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။