backup og meta

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ကဘာလဲ။

ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်းသည် အသည်းတွင် ရောင်ရမ်းမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဟု လူသိများသော်လည်း

တခြားသောအကြောင်းရင်းများစွာ ရှိပါသည်။ ထိုအထဲတွင် ကိုယ်ခံအားမှပြန်တိုက်သောအသည်းရောင်ခြင်းနှင့် ဆေးများ၊ အဆိပ်များနှင့် အရက်တို့ကြောင့်ဖြစ်သော တစ်ဆင့်ခံအသည်းရောင်ခြင်းတို့ ပါဝင်သည်။

ကိုယ်ခံအားမှပြန်တိုက်သောအသည်းရောင်ခြင်းသည် သင့်ခန္ဓါကိုယ်မှ အသည်းအားတိုက်ရန် ပဋ္ဋိပစ္စည်းများထုတ်ခြင်းဖြစ်သည်။

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ လျင်လျင်မြန်မြန်ပင် ပေါ်လာတတ်၏။ ၎င်းတို့မှာ –

မောပန်းလွယ်ခြင်း

ပျို့ခြင်း

အစာမစားချင်ခြင်း

ဗိုက်မအီမသာဖြစ်ခြင်း (အသည်းအောင့်ခြင်း)

ဆီးရောင်မည်းခြင်းနှင့် အသားဝါခြင်း

တုပ်ကွေးနှင့်တူသောလက္ခဏာများ

ဝမ်းရောင်ဖျော့ခြင်း

အကြောင်းပြချက်မရှိပဲ ကိုယ်အလေးချိန်ကျခြင်း

ငွေ့ငွေ့နှင့်ခဏတာလောက် ဖျားနိုင်ပြီး ရောဂါစဖြစ်စတွင် ဘာမှန်းမသိသည့် အကွက်များထလာနိုင်သည်။ ယားယံခြင်းကိုမူ ကနဦးတွင်ခံစားရလေ့မရှိပါ။ သို့ အသားဝါမှုကြာလာသည်နှင့် ပေါ်လာတတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။

သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဤရောဂါဖြစ်စေသည့် အဓိကအကြောင်းရင်း နှစ်ရပ်ရှိသည်ဟု စဉ်းစားနိုင်သည်။ ဗိုင်းရပ်စ်ကြောင့်နှင့် ဗိုင်းရပ်စ်ကြောင့်မဟုတ်သော အသည်းရောင်ခြင်း

ဗိုင်းရပ်စ်ကြောင့်မဟုတ်သောအသည်းရောင်ခြင်း

အရက်

အရက်သည် အသည်းကိုဖောင်းပြီး ရောင်လာစေနိုင်သည်။ တခြားသောအဆိပ်များတွင် ဆေးပမာဏလွန်ခြင်း သို့မဟုတ် အဆိပ်နှင့်ထိတွေမိခြင်းတို့ပါသည်။

ကိုယ်ခံအားမှပြန်တိုက်သောရောဂါ

ကိုယ်ခံအားစနစ်သည် အသည်းအား အန္တရာယ်ရှိပစ္စည်းအဖြစ် မှတ်ယူသွားပြီး စတိုက်ခိုက်နိုင်သည်။ ထို့ကြောင့် အသည်းလုပ်ငန်းစဉ်များ နှောင့်နှေးသွားနိုင်၏။

ဗိုင်းရပ်စ်ကြောင့်အသည်းရောင်ခြင်း

အသည်းရောင်ခြင်းကိုဖြစ်စေသည့် ဗိုင်းရပ်စ်အမျိုးအစားနှင့် ရောဂါပြင်းထန်ခြင်း ရောဂါရှည်ကြာခြင်းတို့ စပ်ဆိုင်သည်။ အဓိက ငါးမျိုးရှိ၏။

အသည်းရောင်အေပိုး

ဗိုင်းရပ်စ်ပါသောအစားအသောက်များ စားသောက်မိ၍ ဖြစ်ရခြင်းဖြစ်သည်။ သူ့အလိုလို ပျောက်ကင်းနိုင်သောကြောင့် အန္တရာယ်အနည်းဆုံးအမျိုးအစား ဖြစ်သည်။ အသည်းနာတာရှည်ရောင်ရမ်းခြင်းအား မဖြစ်စေပါ။

အသည်းရောင်ဘီပိုး

ဤအမျိုးအစားသည် နည်းအမျိုးမျိုးနှင့် ပျံ့နိုင်၏။ ရောဂါရှိသည့်သူနှင့် လိင်ဆက်ဆံမိလျှင် သို့မဟုတ် အပ်ပုန်းဆရာမှ ဆေးထိုးအပ်တစ်ချောင်းတည်းကို မျှဝေသုံးလျှင် ကူးနိုင်သည်။

ဗိုင်းရပ်စ်သည် အမေမှ မွေးကင်းစသို့ မီးဖွားစဉ် သို့မဟုတ် မီးဖွားပြီးနောက် ကူးစက်နိုင်သည်။ အရွယ်ရောက်သူများတွင် ဘီပိုးကူစက်ပြီး ကျန်းမာရေးပြန်ကောင်လာသော်လည်း အနည်းငယ်သောရာခိုင်နှုန်းတွင် ရောဂါအရှင်းမပျောက်ပဲ ပိုသယ်ဆောင်သူ ဖြစ်လာနိုင်သည်။

ဆိုလိုသည်မှာ သူတို့သည် လက္ခဏာများ မရှိတော့လျှင်တောင်မှ တခြားသူများဆီသို့ ကူးစက်စေနိုင်ပါသည်။

အသည်းရောင်စီပိုး

ပိုးရှိသည့်သွေးများ သို့မဟုတ် ဆေးစွဲသူများ အပ်မျှသုံးခြင်း သို့မဟုတ် တက်တူးထိုးခြင်းတို့မှ ကူးစက်နိုင်သည်။

အသည်းရောင်ဒီပိုး

အသည်းရောင်ဘီပိုးကူးစက်ခံရာပြီးမှသာ ကူးစက်နိုင်သည်။ ရောဂါအခြေအနေကို ပိုပြီးပြင်းထန်သွားစေနိုင်ပါသည်။

အသည်းရောင်အီးပိုး

အဓိကအားဖြင့် အာရှ၊ မက္ကစီကို၊ အိန္ဒိယနှင့် အာဖရိကတို့တွင် ပျံ့နှံ့ပါသည်။ အနည်းငယ်သော ဖြစ်ရပ်များလဲ U.S တွင် တွေ့ရ၏။ များသောဖြစ် ရောဂါအဖြစ်များသောတိုင်းပြည်များမှ ပြန်လာသူများတွင်သာ ဖြစ်ခြင်းဖြစ်သည်။

ဖြစ်နိုင်ခြေများ

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သွေးသို့မဟုတ် ခန္ဓါကိုယ်မှအရည်များနှင့် ထိမိခြင်း (ဥပမာ အကြောဆေးသုံးခြင်း၊ အန္တရာယ်များသော လိင်ဆက်ဆံခြင်း၊ တက်တူးထိုးခြင်း၊ ခန္ဓါကိုယ်အားဖောက်ခြင်း၊ သွေးသွင်းခြင်း၊ တစ်ချို့သောအလုပ်အကိုင်)။

သွေးသွင်းခြင်းကြောင့် ကူးစက်ခံရခြင်းသည် သတိနှင့် စစ်ဆေးတားဆီးခြင်းကြောင့် ယခုအခါရှားသွားပါပြီ။

ကူးစက်ခံရသူနှင့် ထိတွေ့မိခြင်း

တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်းနှင့် ပါတ်ဝန်းကျင် မသန့်ခြင်း။

နဂိုအသည်းရောဂါအခံရှိခြင်း။ နဂိုအသည်းအခံရှိသော လူနာများ (ဥပမာ – ကိုယ်ခံအားမှပြန်တိုက်သော အသည်းရောင်ခြင်း၊ hemochromatosis, Wilson’s ရောဂါနှင့် Alpha -1 antitrypsin deficiency) တွင် လက္ခဏာပြသော အသည်းရောင်ခြင်း ဖြစ်လာဖို့ အန္တရာယ်ပိုများ၏။

အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ HIV ပိုးကူးစက်ခံရခြင်းနှင့် အသည်းအဆီဖုံးခြင်းတို့သည် အသည်းရောင်ဖို့အတွက် အန္တရာယ်ရှိသည့်အချက်များ ဖြစ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အခြေအနေအား ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်မှ အောက်ပါတို့ကိုပြုလုပ်ပါလိမ့်မည်။

စမ်းသပ်ခြင်း

စမ်းသပ်နေစဉ် ဆရာဝန်သည် ဗိုက်ကိုအသာအယာဖိကာ နာကျင်မှုရှိမရှိစမ်းပါလိမ့်မည်။ အသည်းကြီးမကြီး သိနိုင်ရန်လဲ စမ်းပါမည်။ အရေပြားနှင့် မျက်လုံးများ ဝါနေလျှင် စမ်းသပ်နေစဉ် တွေ့နိုင်ပါသည်။

အသည်းစယူခြင်း

အသည်းစယူခြင်းအား ဖောက်ထွင်းယူရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး အသည်းမှတစ်ရှူးနမူနာအား ဆရာဝန်မှယူမည်ဖြစ်သည်။ ၎င်းအတွက် ဗိုက်ခွဲရန်မလိုပါ။ ပြောရလျှင် အရေပြားကို အပ်နှင့်ဖောက်ရုံသာဖြစ်ပြီး ခွဲစိတ်ရန်မလိုပါ။ ဒီစစ်ဆေးမှုသည် ပိုးကူးစက်သလား ရောင်နေဆဲလား အသည်းပျက်စီးပြီးလား စသည်တို့ကို ဆရာဝန်အား ဆုံးဖြတ်နိုင်ရန်ကူညီပါသည်။

အသည်းလုပ်ငန်းစဉ်စစ်ဆေးခြင်း

အသည်းလုပ်ငန်းစဉ်စစ်ဆေးရန်အတွက် သွေးနမူနာကိုသုံးပြီး အသည်းကောင်းကောင်း အလုပ်လုပ်မလုပ် ဆုံးဖြတ်နိုင်သည်။ ဒီစစ်ဆေးမှုသည် အသည်းမှသွေးထဲမှစွန့်ပစ်ပစ္စည်းများ၊ ပရိုတင်းများနှင့် အင်းဇိုင်းများကို သန့်အောင်လုပ်မလုပ် ကြည့်ရသည်ဖြစ်သည်။ အသည်းအင်ဇိုင်းများ မြင့်တက်ခြင်းသည် အသည်းတွင် ဖိစီးမှုများခြင်း သို့မဟုတ် ပျက်စီးနေခြင်းကို ညွှန်ပြခြင်းဖြစ်သည်။

တီဗီဓါတ်မှန်

ဝမ်းဗိုက်တီဗီဓါတ်မှန်သည် အသံလွန်လှိုင်းများကိုသုံးပြီး ဗိုက်အတွင်းမှ အင်္ဂါများ၏ ပုံရိပ်ကိုဖော်ကြည့်ခြင်းဖြစ်သည်။ ဒီစစ်ဆေးမှုတွင် ဗိုက်အတွင်းမှအရည်များ၊ အသည်းကြီးခြင်း သို့ ပျက်စီးခြင်းတို့ကို ဖော်ပြပေးနိုင်သည်။

သွေးစစ်ဆေးခြင်း

သွေးစစ်ခြင်းများတွင် အသည်းရောင်ဗိုင်းရပ်အတွက် ပဋ္ဋိပစ္စည်းများ ပဋိဇာတ်များရှိမရှိ ညွှန်ပြနိုင်သလို ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်းဖြစ်ကြောင်း သက်သေပြနိုင်ပါသည်။

ဗိုင်းရပ်စ်အတွက်ပဋိပစ္စည်းရှိမရှိစစ်ဆေးခြင်း

ဗိုင်းရပ်စ်အတွက် ပဋိပစ္စည်းရှိမရှိ ထပ်မံစစ်ဆေးခြင်းအား အသည်းရောင်ပို တိတိကျကျ သိနိုင်ရန်အတွက် စစ်ဆေးဖို့လိုအပ်နိုင်သည်။

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

သင့်၌ဖြစ်နေသော အသည်းရောင်အမျိုးအစားပေါ်လိုက်၍ ဆရာဝန်မှ ကုသရန်ဆုံးဖြတ်မည်ဖြစ်သည်။

အသည်းရောင်အေ

အသည်းရောင်အေအား များသောအားဖြင့် ကုသရန်မလိုပါ။ လက္ခဏာများ ပြင်းထန်ပါမှ အိပ်ယာတွင် အနားယူဖို့ အကြံပြုထား၏။

အသည်းရောင်ဘီ

၎င်းအားကုသရန် ဈေးကြီး၏။ အဘယ့်ကြောင့်ဆိုသော ကုသမှု လများစွာမှ နှစ်ချီအေင်ကြာတတ်သည်။ အသည်းရောင်ဘီအတွက်ကုသခြင်းတွင် ဆေးပညာဆိုင်ရာ သုံးသပ်ခြင်း ဗိုင်းရပ်စ်များ ပိုဆိုးလာမလာ မှန်မှန်စစ်ဆေးရန်လိုအပ်သည်။

အသည်းရောင်စီ

အသည်းရောင်စီပိုးကြောင့်ဖြစ်သော ရုတ်တရတ်ပြင်းထန်အသည်းရောင်ခြင်းတွင် ဗိုင်းရပ်စ်သတ်ဆေးများကို အသုံးပြုကြသည်။ အသည်းရောင်စီရှိသောလူများတွင် စံပြအားဖြင့် ဗိုင်းရပ်စ်သတ်ဆေးများကို ပေါင်းစပ်အသုံးပြုရပါသည်။

အကောင်းဆုံး ကုသမှုပုံစံရစေရန်အတွက် နောက်ထပ်စစ်ဆေးမှုများစွာ လိုကောင်းလိုနိုင်ပါသည်။

အသည်းရောင်ဒီ

အသည်းရောင်ဒီအတွက် အဲလ်ဖာအင်တာဖာရွန်ဟုခေါ်သည့် ဆေးနှင့် ကုသနိုင်သည်။

အသည်းရောင်အီး

အသည်းရောင်အီးအတွက် တိကျသည့်ဆေးကုသမှုပုံစံ မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ကူးစက်မှုသည် ခဏတာသာဖြစ်ပြီး သူ့အလိုလိုပျောက်ပါသည်။ ဤကူးစက်မှုကိုခံရသောလူများအတွက် လုံလုံလောက်လောက်အနားယူရန်၊ အရည်များများသောက်ရန်၊ အာဟာရပြည့်သည်များစားရန်နှင့် အရက်ရှောင်ရန် အကြံပေးလေ့ရှိပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

တစ်ကိုယ်ရေသန့်ရှင်းမှု

တစ်ကိုယ်ရေသန့်ရှင်းအောင်နေခြင်းသည် အသည်းရောင်ခြင်းကို ရှောင်နိုင်မည့် သော့ချက်ပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ခရီးသွားမည်ဆိုပါက အောက်ပါတို့ကို ရှောင်ပါ။

ထိုဒေသမှရေစိမ်းကိုသောက်ခြင်း

ရေခဲစားခြင်း

ပင်လယ်စာစားခြင်း

သစ်သီးနှင့်ဟင်းရွက်များ အစိမ်းစားခြင်း

သွေးမှကူးသော အသည်းရောင်ခြင်းအတွက် ောအက်ပါတို့မှတစ်ဆင့် ကာကွယ်နိုင်သည်

ဆေးထိုးအပ်များအား ဝေမျှမသုံးရ

မုတ်ဆိတ်ရိတ်ဓါး မျှမသုံးရ

တခြားသူ၏ သွားတိုက်တံကိုမသုံးရ

ဖိတ်စင်ကျနေသည့် သွေးများကို မထိရ

ကာကွယ်ဆေးများ

ကာကွယ်ဆေးထိုးခြင်းသည် အသည်းရောင်ခြင်းကို ကာကွယ်နိုင်သည့် ဒုတိယသော့ချက်ဖြစ်သည်။ ကာကွယ်ဆေးများအား အသည်းရောင်အေနှင့်ဘီ ကာကွယ်ရန်အတွက် ထိုးနိုင်ပါသည်။ အသည်းရောင် စီ ဒီ အီးတို့အတွက် ကျွမ်းကျင်သူများမှ ဖော်ထုတ်နေဆဲဖြစ်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acute hepatitis. http://www.healthline.com/health/hepatitis#Overview1. Accessed November 07, 2016.
Acute hepatitis. http://www.webmd.com/hepatitis/understanding-hepatitis-basics. Accessed November 07, 2016.
Acute hepatitis. http://www.hepatitis.va.gov/. Accessed November 07, 2016.

ယခုပုံစံ

25/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement