ငြင်းပယ်ခြင်း
သင့်အသည်းအသစ်ကို သင့်ခန္ဓါကိုယ်က ပြင်ပပစ္စည်းအနေနဲ့သာသိတဲ့အတွက်ကြောင့် ပြန်လည်တိုက်ခိုက်ဖို့ ခုခံအားဆိုင်ရာဆဲလ်လေးတွေ ကြီးထွားလာပါတယ်။
ကူးစက်ရောဂါပိုးဝင်ခြင်း
အစားထိုးပြီးချိန်မှာ သင့်ကိုယ်ခံအားစနစ်ကို ဆေးတွေနဲ့ဖိနှိပ်ထားတဲ့အတွက်ကြောင့် ကူးစက်ပိုးဝင်နိုင်ချေများပါတယ်။ အထူးသဖြင့် ခွဲစိတ်ထားတဲ့နေရာကို သေသေချာချာဂရုမစိုက်ဘူးဆိုရင် ကူးစက်ပိုးတွေဝင်နိုင်ပါတယ်။
အသည်းပြန်ရောင်ခြင်း
အစားထိုးပြီးချိန် အထူးသဖြင့်အသည်းရောင်ပိုးဘီသို့စီ အကူးခံထားရသူတွေမှာ ပြန်လည်ဖြစ်နိုင်ချေရှိပါတယ်။
နောက်ဆက်တွဲရလဒ်တွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင် ဆရာဝန်ပေးထားတဲ့ဆေးတွေသောက်ခြင်း၊ ဆေးရုံမှန်မှန်သွားစစ်ဆေးခြင်းတွေလုပ်ရပါလိမ့်မယ်။ ဒီထက်ပိုမယ်ဆိုရင် လက္ခဏာတစ်ခုခုပေါ်လာတိုင်း ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ ကုသမှုတစ်ခုခုကိုမရွေးချယ်ခင်မှာ ကုသမှုမှာဘာတွေပါဝင်သလဲ၊ သင့်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲဆိုတာတွေကို သငိ့်ဆရာဝန်က သင့်ကိုပြောပြပါလိမ့်မယ်။ သင့်အနေနဲ့ ခွဲစိတ်ကုသပြီးနောက်ဖြစ်လာမှာတွေအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆငိမှုတွေ လုပ်ထားသင့်ပါတယ်။
ဆေးရုံမှာရက်အနည်းငယ်နေရပါတယ် အများစုမှာတော့အသည်းအစားထိုးပြီး ၅ရက်ကနေ၁၀ရက်အထိနေရပါတယ်။ သင့်ကျန်းမာရေးအခြေအနေတွေ့နဲ့ နောက်ဆက်တွဲလက္ခဏာတွေကို အနီးကပ်စောင့်ကြည့်ပေးပါလိမ့်မယ်။ သင့်အသည်းပုံမှန်အလုပ်လုပ်နေတာကို သေချာဖို့ စစ်ဆေးတဲ့နည်းလမ်းတွေပြုလုပ်ဖို့ ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအတွက် ပိုလွယ်ကူစေပါတယ်။ သင်သက်သာတဲ့အခါ ဆေးရုံဆင်းခြင်းသို့ ပြန်လည်အားပြည့်စေနိုင်ဖို့ အစားထိုးကုသမှုဆိုင်ရာပြန်လည်သက်သာရေးနေရာတွေကို သွားသင့်ပါတယ်။
အိမ်ပြန်ရောက်တဲ့အခါမှာ စစ်ဆေးစမ်းသပ်ခြင်းမှုအတွက် ဆေးရု့ံကိုမကြာမကြာသွားနေဖို့ လိုနေဦးပါလိမ့်မယ်။ ပထမမှာတော့ စစ်ဆေးမှုတွေက ပြင်းထန်နေနိုင်ပေမဲ့ တဖြည်းဖြည်းနဲ့ စစ်ဆေးရမယ့်အရေအတွက်တွေ နည်းလာပါလိမ့်မယ်။
သင့်အသည်းအသစ်ကို သင့်ခုခံအားစနစ်ကတိုက်ခိုက်ခြင်းကို ကာကွယ်နိင်ဖို့ ဆေးတွေကိုလည်း သက်တမ်းတစ်လျှောက်သောက်နေဖို့ လိုပါလိမ့်မယ်။ ခုခံအားဖိနှိပ်ပေးတဲ့ဆေးတွေ သောက်ရခြင်းကြောင့် သင့်ခုခံအားစနစ်အားနည်းလာပြီး အခြားအခြေအနေတွေ အထူးသခြင့်ကူးစက်ပိုးတွေဝင်ရောက်လာနိုင်ပါတယ်။ ကံကောင်းတာကတော့ အစားထိုးပြိးနောက်ဆကိတွဲရလဒ်တွေကို လျှော့ချပေးနိုင်တဲ့ဆေးတွေရှိနေပါတယ်။ သင့်လုပ်ငန်းဆောင်တာအချို့ကိုလည်း ကန့်သတ်ဖို့လိုပါတယ်။ အသည်းအစားထိုးပြီးအိမ်ပြန်ရောက်တဲ့အခါမှာ သင့်ရဲ့ခွဲစိတ်ထားတဲ့နေရာကို ပိုးမဝင်အောင်နဲ့ နောက်ဆက်တွဲတွေထပ်မဝင်လာနိင်အောင် ကာကွယ်ထားရပါမယ်။ ပုံမှန်တက်ကြွပျော်ရွှင်တဲ့ဘဝကို ပြန်ရဖို့ဆိုရင် ကန့်သတ်ချက်အချို့ကို မှတ်ထားရပါမယ်။
ခွဲစိတ်ပြီး ပထမခြောက်ပတ်မှာ ၂ကီလိုဂရမ်အလေးချိန်ထက်ပိုတဲ့အရာတွေ ပထမသုံးပတ်မှာ ၉ကိလိုဂရမ်ကျော်တာတွေ မသယ်မမပါနဲ့။
- ခွဲစိတ်ထားတဲ့နေရာအနီး အစာအိမ်ဝမ်းဗိုက်ကြွက်သားတွေအသုံးပြုရတဲ့ ကြမ်းတိုက်ခြင်း ဖုန်စုပ်စက်ဖြင့်ဖုန်စုပ်ခြင်း ကဲ့သို့ အလုပ်တွေကို ရှောင်ပါ။
- ပထမခြေက်လမှာ ရေပန်းအောက်ရေချိုးခြင်းက ရေချိုးကန်ထဲမှာချိုးခြင်းထက် ပိုကောင်းပါတယ်။
- ပထမခြေက်လမှာ သမံတလင်း နိုင်လွန်ကတ္တရာကဲ့သို့ မာကျောတဲ့မျက်နှာပြင်တွေမှာ သွားခြင်းပြေးခြင်းမျိုးတွေ မပြုလုပ်ပါနဲ့။
- မြင်းစီးခြင်း မော်တော်ဆိုင်ကယ်စီးခြင်းစတဲ့ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်နှစ်လောက် မပြုလုပ်ပါနဲ့။
- ပထမတစ်လ သို့ နာကျင်စေတဲ့ဆေးတွေ သောက်နေရတဲ့အချိန်တွေမှာ ကားမမောင်းပါနဲ့။
- အဆီ၊ ဆား တွေကိုလျှော့စားပါ။
- အရက်ဆေးလိပ်ရှောင်ပါ။
သင်ပိုဂရုစိုက်လေ အင်အားမြန်မြန်ပြည့်လာနိုင်လေဖြစ်ပါတယ်။ အပြုသဘောဆောင်တွေးတတ်ဖို့နဲ့ ပျော်ရွှင်နေဖို့ကို မမေ့ပါနဲ့။ မိမိကိုယ်ကိုစောင့်ရှောက်မှုတွေက လူနာတွေအတွက် သိသာတဲ့ရလဒ်တွေရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။