home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကျန်းမာရေးအတွက် အာဟာရများ

အသည်းကျန်းမာရေးအတွက် အာဟာရများ

အဆိပ်တွေရဲ့ ဆိုးကျိုးတွေကနေကာကွယ်ပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ အသည်းဟာနေ့စဉ်နေ့တိုင်းပြင်းပြင်းထန်ထန်အလုပ်လုပ်နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ဖို့အလုပ်ပိုရတာတွေလည်းမကြာခဏဖြစ်ရပါတယ်။ သို့ဖြစ်၍ အလုပ်ကြိုးစားရသောသင့်အသည်း၏ ကျန်းမာရေးအတွက် နေ့စဉ်အစားအစာထဲတွင် အောက်ပါ အစားအစာ၇မျိုး ကိုထည့်စားသင့်ပါတယ်။

သင့်ရဲ့ခန္ဓါကိုယ်နဲ့ အသည်းကျန်းမာဖို့အတွက် အစားအစာကအလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘာစားရမယ်ဆိုတာမသိဘူးဆိုရင် သင့်အတွက်အညွှန်းရှိပါတယ်။ အသည်းကျန်းမာစေတဲ့အစားတွေကများသောအားဖြင့် အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေဆိုပေမဲ့ သင်ကအသားကြိုက်တတ်သူဆိုရင် အဆီမပါတဲ့အသားတွေနဲ့ ပင်လယ်စာတွေကိုရွေးချယ်နိင်ပါတယ်။

ကြက်သားဆလပ်ရွက်ထုပ်

လိုအပ်တာတွေကတော့

  • သံလွင်ဆီစားပွဲတင်ဇွန်း
  • ကြက်သားတစ်ပေါင် (အဆီနည်းချင်ရင် ကြက်ရင်အုံသား)
  • နုပ်နုပ်စဉ်းပြီးသားကြက်သွန်ဖြူလေးညှင်း
  • ကြက်သွန်နီတစ်ခြမ်း(တုံးတစ်ပြီး)
  • Hoisinငံပြာရည်ခွက်လေးပုံတစ်ပုံ
  • ပဲငံပြာရည်စားပွဲတင်ဇွန်း၂ဇွန်း
  • ဆန်ဝိုင်ရှာလကာရည်ရည်စားပွဲတင်ဇွန်း၁ဇွန်း
  • လတ်လတ်ဆတ်ဆတ်ခြစ်ထားတဲ့ ဂျင်းစားပွဲတင်ဇွန်း၁ဇွန်း
  • ငရုတ်သီးလက်ဖက်ရည်ဇွန်း၁ဇွန်း
  • ကြိတ်ပြီးသားသစ်အယ်သီးရေတစ်ဘူး
  • အစိမ်းရောင်ကြက်သွန်နီနှစ်ဥ( ပါးပါးလှီးပြီး)
  • မုန်လာဉနီနှစ်ဥ (အခွံခွာနုပ်နုပ်စဉ်းပြီး
  • အရသာရှိစေရန် ဂျူးဆားငရုပ်ကောင်းနက်
  • ထောပတ်သုတ်ထားတဲ့ဆလပ်

အဆင့်၁ ။ အိုးမကပ်အောင်မီးအသင့်အတင့်ပေးထားတဲ့

ဒယ်ပြားထဲကိုသံလွင်ဆီထည့်ပါ။ ပူလာတဲ့အခါမှာနုပ်နုပ်စဉ်းထားတကြက်သားထည့်ပြီးကြေမွသွားအောင်မွှေပါ။ အသားအဝါရောင်သန်းလာတဲ့အထိ ၃မိနစ်ကနေ ၅မိနစ်ထိမွှေပေးပါ။ ထွက်လာတဲ့အဆီတွေကိုသွန်ပစ်ပါ။

အဆင့်၂ ။ ခုနကဒယ်ပြားကိုသုံးပြီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ hoisinငံပြာရည်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ဂျင်း၊ ငရုတ်သီးတို့ကို ကြက်သွန်နီတွေပျော်သွားတဲ့အထိ ၁မိနစ်၂မိနစ်ကြာထည့်မွှေပါ။ ပါဝင်ပစ္စည်းတွေကို သင်လိုချင်တဲ့အရသာအတိုင်းညှိပါ။

အဆင့်၃ ။ ရေသစ်အယ်သီး၊ အစိမ်းရောင်ကြက်သွန်တို့ကိုကြက်သားရောထဲကိုထပ်ပေါင်းလိုက်ပါ။ မာလာတဲ့အထိ၁မိနစ်၂မိနစ်ကြာမွှေပါ။ ကြက်သားနဲ့ရောထားတာတွေအကုန် ဆလပ်ရွက်ထဲကိုထည့်ပြီးနုပ်နုပ်စဉ်းထားတဲ့မုန်လာဥနီနဲ့ရောလိုက်ပါ။ ကြက်သွန်မြိတ်လေးတွေဖြူးလိုက်မယ်ဆိုရင်တော့ လှပတဲ့ဟင်းပွဲလေးတစ်ခုရရှိမှာ ဖြစ်ပါတယ်။

Teriyaki halibutငါး (တယ်ရီယာကီဟယ်လီဘက် ငါး)

ပင်လယ်စာများသည် အိုမီဂါ၃ဖက်တီးအက်ဆစ်အပြည့်ဝဆုံးပါဝင်ပါတယ်။ ဒီအက်ဆစ်ဟာသင့်အသည်းကျန်းမာရေးအတွက် အံ့ဖွယ်တစ်ပါးဖြစ်ပါတယ်။ ငါးနဲ့ပတ်သက်ရင် အဆီအများကြီးပါဝင်တဲ့ အရေခွံကိုခွာဖို့တော့လိုပါလိမ့်မယိ။

လိုအပ်တာတွေကတော့

  • သံပရာသီး (သို့) သံပရိုသီးနှစ်လုံး (အရည်)
  • Teriyakiငံပြာရည်စားပွဲတင်ဇွန်း၂ဇွန်း (၃၀ မီလီလီတာ)
  • သံလွင်ဆီစားပွဲတင်ဇွန်း၂ဇွန်း(၁၀ မီလီလီတာ)
  • ငရုပ်ကောင်းနက်စားပွဲတင်ဇွန်းလေးပုံတစ်ပုံ(၁ မီလီလီတာ)
  • အရောင်တင်ပန်းငရုတ်မှုန့် စားပွဲတင်ဇွန်းလေးပုံတစ်ပုံ (၁ မီလီလီတာ)
  • စမုန်စပါးစားပွဲတင်ဇွန်းတစ်ဇွန်း(ကြိတ်ပြီးသား)
  • အရေခွံခွာထားတဲ့ halibutငါးလေးကောင်
  • တရုတ်ဂေါ်ဖီတစ်ပွင့် ( အရွက်တွေကိုပင်စည်ကနေဖယ်ပြီးတစ်လက်မအရွယ်လှီးထားပြီး)

အဆင့်၁။ ငါးကိုသံပရာရည်ထဲတွင် စိမ်ပါ။ အရသာစိမ့်ဝင်မှုကောင်းစေရန် တစ်လွှာတည်းစိမ်ပါ။ ပန်းကန်ပြားနဲ့အုပ်ပြီးရေခဲသေတ္တာထဲတွင် တစ်နာရီခန့်ထားပါ။

အဆင့်၂ ။ သံပရာရည်၊ Teriyakiငံပြာရည်၊ ဆီ၊ ငရုပ်ကောင်း၊ အရောင်တင်ပန်းငရုတ်မှုန့်၊ စမုန်စပါးတွေကိုရောပြီးဟင်းအနှစ်ပြုလုပ်ပါ။

အဆင့်၃ ။ဒယ်အိုးကို၄၅၀ ဒီဂရီအပူကြိုပေးပါ။ အရသာထည့်ထားတဲ့ ငါးကိုထည့်ပြီး မိနစ်၂၀ကြာထားပါ။

အဆင့်၄ ။ ငါးကိုဖုတ်ထားစဉ်အတွင်းဂေါ်ဖီကိုသံလွင်ဆီနဲ့ချက်ပါ။ အရသာရှိအောင် ဆားထပ်ထည့်ပါ။ အရွက်တွေပျော့သွားတဲ့အထိထားပါ။ ဂေါ်ဖီတွေကိုပန်းကန်ပြားပေါ်တင်ခင်းပြီးအပေါ်မှာငါးထားလိုက်ပါ။ လှပတဲ့ဟင်းပွဲလေးဖြစ်အောင်ပြင်ဆင်ချင်တယ်ဆိုရင်တော့ နံနံပင်လေးတွေထပ်အုပ်နိုင်ပါတယ်။

ရေခဲချောင်း

နည်းလမ်းလေးကရိုးစင်းတဲ့အတွက်ကြောင့် ကလေးတွေတောင်လုပ်နိုင်ပါတယ်။ အသီးအနှံတွေစားနေကျနေရာမှာအသီးအနှံရေခဲချောင်းလေးကိုအစားထိုးနိုင်ပါတယ်။

လိုအပ်တာတွေကတော့ ။ ။

အရည်ဖျော်ပြီးခဲထားတဲ့ သင်ကြိုက်နှစ်သက်တဲ့အသီးများကိုသုံးနိုင်ပါတယ်။ ဒီမှာသုံးထားတာကတော့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ( လှပတဲ့အခင်းအကျင်းရအောင် ဖြစ်ပါတယ်။)

အသီးဖျော်ရည်(အခဲခံထားတဲ့အသီးတွေကိုပဲသုံးနိုင်ပါတယ်။)

အဆင့်၁ ။ အသီးတွေကိုသစ်သီးဖျော်စက်ထဲထည့်ကြိတ်ပါ။

အဆင့်၂ ။ကြိတ်နေစဉ်အတွင်းဖျော်ရည်ကိုထည့်ပြီးသမအောင်မွှေပါ။

အဆင့်၃ ။အရောကိုရေခဲချောင်းပုံစံခွက် သို့ ပလတ်စတစ်စက္ကူခွက်ထဲကိုထည့်ပါ။ တုတ်တံလေးကိုလည်းထိုးစိုက်လိုက်ပါ။

၅နာရီကြာအခဲခံပြီး (သို့) တစ်ညလုံးအခဲခံထားပြီးထုတ်လိုက်တဲ့အခါမှာအရောင်အသွေးစုံလင်တဲ့ အသီးရေခဲချောင်းလေးရမှာဖြစ်ပါတယ။်

အမျိုးမျိုးသောအာဟာရတွေပါဝင်တဲ့ အစားအစာတွေကိုစားခြင်းကအသည်းရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်။ ခွဲစိတ်ပြီးချိန် နဲ့ အသည်းအစားထိုးကုသပြီးချိန်တွေမှာလည်းအမြန်ဆုံးပြန်သက်သာလာနိုင်စေပါတယ။်

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Hello Sayarwon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။