• ဝမ်းလျှောခြင်း
• သွေးပေါင်တက်ခြင်း
• ဓါတ်မတည့်ခြင်း ( အကွက်ထခြင်း၊ မျက်နှာရောင်ခြင်း၊ ပန်းနာရင်ကျပ်/အသက်ရှူစဉ် အသံမြည်ခြင်း)
အစာအိမ်ရောဂါ နှင့် NSAID သောက်သုံးခြင်း
NSAID သောက်သုံးမယ်ဆိုရင် အစာအိမ်နာခြင်းနဲ့ အစာအိမ်နာက ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကာကွယ်ပေးဖို့ နည်းလမ်း အများအပြား ရှိပါတယ်။ ဆရာဝန် အချို့ကတော့ histamine blockers တွေ ဖြစ်တဲ့ cimetidine၊ ranitidine၊ hydrochloride နဲ့ PPI တွေ ဖြစ်တဲ့ Iansoproazole (Prevacid) နဲ့ omeprazone (Prilosec) အစရှိတဲ့ အက်ဆစ်ထုတ်ခြင်းကို ပိတ်ပင်တဲ့ ဆေးတွေနဲ့ NSAID ကို အတူတွဲသောက်ဖို့ အကြံပေးကြပါတယ်။
နောက်သောက်သုံးနိုင်တဲ့ ဆေးတစ်ခုကတော့ Misoprostol (cytotec) ပဲဖြစ်ပါတယ်။ ဒီဆေးဟာ ရှိနေတဲ့ အစာအိမ်အနာတွေကို ကုသပေးပြီး အစာအိမ်ကို ကာကွယ်ပေးနိုင်တဲ့ Prostaglandin ပမာဏကို ထိန်းညှိပေးပါတယ်။ ဆရာဝန်က ဒီဆေးကို ညွှန်းပေးပြီး အခုသောက်နေတဲ့ NSAID ပမာဏကို လျှော့ချလိုက်မယ်ဆိုရင် အစာအိမ်ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။
NSAID သောက်သုံးဖို့ သိထားသင့်တဲ့ အချက်များ
အောက်ဖေါ်ပြပါအချက်တွေ ရှိရင် ဆရာဝန်ကို ပြောပြပါ။
• သွေးကဲျေဆးတွေ ဖြစ်တဲ့ Warfarin သို့ clopidogrel အစရှိတဲ့ ဆေးများ
• ဆရာဝန်ညွှန်ကြားထားတဲ့ NSAID များ (celecoxib, nabumetone)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။