backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ)


Phyo Wai Yan မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ကဘာလဲ။

ယင်းအခြေအနေဟာ အစာအိမ်ကြီး တင်းပြီး သက်တောင့်သက်တာမဖြစ်တာပါ။ ဗိုက်ထဲမှာ တစ်ခုခုရှိနေတယ်လို့ ခံစားနေရပြီး အသံတွေလည်းကျယ်လောင်စွာ မြည်နေပါတယ်။ ဒါပေမယ့်လည်း စိုးရိမ်ရတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ဂရုစိုက်စိုက်ပေးဖို့ပဲ လိုပါတယ်။

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) က ဘယ်လောက်အဖြစ်များသလဲ

ဗိုက်တင်းတာက အသက်အရွယ်မရွေး တော်တော်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကတော့ ဗိုက်မကောင်းတာပါ။ ဗိုက်တင်းရင်းတင်းရင်းနဲ့ အရမ်းဆိုးလာပြီဆိုရင် ကလေးရှိတယ်လို့တောင် ထင်နေရပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ဒါဟာဗိုက်တင်းတာလေးတစ်ခုပါပဲ။ စားသောက်မှုပုံစံပြောင်းလဲရုံနဲ့ ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ဗိုက်တင်းရုံသာမက အောက်ပါ အခြားလက္ခဏာတွေနဲ့ တွဲလာပြီဆိုရင်တော့ ဗိုက်တင်းတာမဟုတ်တဲ့အခြားရောဂါတစ်ခုခုကို ခံစားနေရရပါပြီ။

  • အဖျားတက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျောခြင်း
  • အော့အန်ခြင်း
  • ဗိုက်အောင့်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေမတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာတွေကအသင့်အတော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ကိုဘာတွေကဖြစ်စေသလဲ

သတိမပြုနိုင်လောက်မယ့် အကြောင်းအရာတွေကြောင့် ဗိုက်တင်းတတ်ပါတယ်။

  • အစားများခြင်းကတော့ အဖြစ်များဆုံးအကြောင်းအရင်းပါပဲ။ အကျင့်မရှိပဲနဲ့ အစာတွေအများကြီးကို တစ်ခါတည်း ချေဖျက်စေတာက အစာအိမ်အတွက် အခက်အခဲတစ်ခုပါပဲ။
  • အစာမြန်မြန်စားခြင်းကလည်း အစာချေစနစ်အတွက် ပြဿနာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စားထားတဲ့အစာတွေကို ချေဖျက်ပြစ်ဖို့နဲ့ ဝမ်းဗိုက်ကနေစွန့်ထုတ်ပြစ်ဖို့ အချိန်လိုပါတယ်။
  • နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ လေတွေပါပဲ။ ကျွန်တော်တို့ရှုထားတဲ့လေတွေရှိသလို၊ ဘက်တီးရီးယားတွေ အစာချေဖျက်ပြစ်ဖို့ ထုတ်တဲ့လေတွေလည်း ရှိပါတယ်။ အဲဒီလေတွေကို ထိထိရောက်ရောက်မစွန့်ထုတ်ပြစ်နိုင်တော့ဖူးဆိုရင်တော့ ဗိုက်တင်းပါပြီ။
  • အထက်ပါအဖြစ်များသော လက္ခဏာတွေအပြင် စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတွေကို ကိုယ်စားပြုတဲ့ ဗိုက်တင်းခြင်းမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုအခြေအနေမျိုးက အခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတာများပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကျန်းမာစွာမစားသောက်သူတိုင်း ဗိုက်တင်းနိုင်ပါတယ်။ တစ်ခါတစ်ရံနေမကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။ ဆေးပညာသဘောအရ ပြောရမယ်ဆိုရင် ဗိုက်တင်းတယ်ဆိုတာဟာ အစာခြေလမ်းကြောင်းပြဿနာတစ်ခုပါပဲ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဗိုက်တင်းတယ်ဆိုတာကို ဘယ်လိုစစ်ဆေးတွေ့ရှိမှာလဲ။

များသောအားဖြင့် ဗိုက်တင်းခြင်းအပြင် အခြားရောဂါလက္ခဏာတွေရှိမရှိသိဖို့ စစ်ဆေးမှုအသစ်တွေ လိုအပ်ပါလိမ့်မယ်။ အာထရာစောင်း ဒါမှမဟုတ် ဝမ်းဗိုက်ပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်နိုင်ခြေနည်းပါးတာကြောင့် ဆေးစစ်မှုတွေလုပ်မလုပ်ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ကို ဘယ်လိုကုသပါသလဲ

ပုံမှန်ဗိုက်တင်းခြင်းကတော့ စားသောက်ပုံစံလေးပြောင်းလဲရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်းစားသောက်ခြင်း၊ အဆီလျော့စားခြင်းနဲ့ ဖြည်းဖြည်းမှန်မှန်စားသောက်ခြင်းတို့က ဗိုက်တင်းတဲ့ပြဿနာတွေကို ပြေလည်စေမှာပါ။

အခြားရောဂါလက္ခဏာတွေနဲ့ တွဲနေတဲ့ ဗိုက်တင်းမှုတွေကိုတော့ ယင်းလက္ခဏာတွေပေါ်မူတည်ပြီး ကုသမှုတွေ ပြောင်းလဲသွားမှာပါ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ဗိုက်တင်းမှုကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

များသောအားဖြင့် ကျန်းမာသောလူနေမှုဘဝပုံစံ၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ကျန်းမာသော စားသောက်ပုံစံတို့က ဗိုက်တင်းခြင်းပြဿနာတွေ ဖြေရှင်းဖို့ အဓိကသော့ချက်တွေပါပဲ။

မေးစရာတွေ ရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement