လေလည်တယ်ဆိုတာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို အစာခြေစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်က ချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။ တော်ရုံလောက်ဆို လူမသိသူမသိ ဖြေရှင်းလိုက်ကြတာပါပဲ။