အရသာစိမ့်နေတဲ့ ချိစ်ဘာဂါရယ်၊ ရွှေအိုရောင်သမ်းနေတဲ့ အာလူးကြော်တွေရယ်ကို နှစ်ခြိုက်နေခဲ့တယ်မို့လား။ စိတ်ထဲကျေနပ်နှစ်သက်နေပေမယ့် စားအပြီးမှာ ရင်ထဲကပူလောင်တဲ့ခံစားချက်မျိုးရလာတယ်လား။
အရသာစိမ့်နေတဲ့ ချိစ်ဘာဂါရယ်၊ ရွှေအိုရောင်သမ်းနေတဲ့ အာလူးကြော်တွေရယ်ကို နှစ်ခြိုက်နေခဲ့တယ်မို့လား။ စိတ်ထဲကျေနပ်နှစ်သက်နေပေမယ့် စားအပြီးမှာ ရင်ထဲကပူလောင်တဲ့ခံစားချက်မျိုးရလာတယ်လား။
ဒါဟာအစာမကြေခြင်းလက္ခဏာပါပဲ။ အစာမကြေခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းကတော့ လက္ခဏာတွေကိုအရင်ဆုံးသိထားဖို့ပါပဲ။
အစာမကြေခြင်းဆိုတာ ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်တဲ့ခံစားချက်ရခြင်းဖြစ်တယ်။ တခါတလေ၊ ဒါမှမဟုတ် မကြာခဏခံစားဖူးလောက်ပါတယ်။ တခါတလေနာကျင်မှုပါပါလာတတ်တယ်။ အစာမကြေခြင်းဟာ တခါတလေမှာ GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊ အစာအိမ်အူအနာ သို့ သည်းခြေရောဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။ ရင်ပူခြင်းနဲ့မရောသင့်ပါဘူး။ ရင်ပူခြင်းကပျို့ပြီး၊ လေပွတတ်တယ်။
ဆိုးရွားတဲ့အစာမကြေခြင်းတွေကတော့ အစာခြေစနစ်နဲ့ပတ်သတ်ပြီး အစာမျိုပြွန်အမာရွတ်ကျန်ခြင်းကဲ့သို့ ဒဏ်ကျန်သွားစေနိုင်ပါတယ်။ အစာမကြေခြင်းဟာအရွယ်မရွေး လူမရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေများတာကတော့-
အစာမကြေခြင်းလက္ခဏာတွေက အစာစားပြီးချိန် သို့ တစ်ခုခုသောက်ပြီးချိန်မှာပေါ်လာတတ်တယ်။ စိတ်ဖိစီးမှုကြောင့်လည်း လက္ခဏာတွေပိုဆိုးတတ်ပါတယ်။ တကယ်လို့အစာမကြေဘူးဆိုရင်အောက်ပါလက္ခဏာတွေပြနိုင်တယ်-
ရိုးရှင်းတဲ့ဆေးနည်းလေးတွေရှိတယ်။ ဒါပေမယ့် အစာမကြေခြင်းဟာ တခြားအရေးကြီးတဲ့ရောဂါတွေကို ညွှန်ပြနေတာလည်းဖြစ်နိုင်တာကြောင့် တကယ်လို့ အောက်ပါတို့ဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ်။
ပုံမှန်အားဖြင့်သင်စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှ အက်စစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် တခါတရံမှ ထိုအက်ကစစ်က အူနံရံကိုထိခိုက်ပျက်စီးနာကျင်စေနိုင်တယ်။ အစာမကြေခြင်းဟာ တခြားအချက်တွေကြောင့်လည်းဖြစ်နိုင်တယ်။ အဖြစ်အများဆုံးကတော့ မြန်မြန်၊ များများစားတဲ့အခါ၊ အဆီများစာစားတဲ့အခါ သို့ စိတ်ဖိစီးမှုများနေချိန်စားတဲ့အခါတွေမှာဖြစ်တယ်။ အရက် ဆေးလိပ်အလွန်သောက်ခြင်းကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးခြင်း၊ နွမ်းနယ်ခြင်းတွေကြောင့်လည်း အစာမကြေခြင်းပိုဆိုးလာနိုင်တယ်။
အဝလွန်တဲ့အခါမှာလည်း ဝမ်းဗိုက်မှာဖိအားများတာကြောင့် အစာမကြေဖြစ်နိုင်ပါတယ။်
အစာမျိုပြွန်အဝမလုံခြင်းကြောင့် အစာအိမ်မှအက်စစ်များ အစာမျိုပြွန်သို့ပြန်တက်ခြင်းများဖြစ်စေတတ်တဲ့ ရောဂါတွေကြောင့်လည်း အစာမကြေခြင်းဖြစ်တတ်တယ်-
တချို့သောဆေးတွေကြောင့်လည်းအစာမကြေဖြစ်ရတယ်။ သွေးကြောကျယ်စေသောဆေးမျိုးဟာ အစာမျိုပြွန်ကြွက်သားတွေကိုလျော့စေတာကြောင့် အက်စစ်တွေပြန်ဆန်တက်စေတယ်။
အစာအိမ်မှာပြနာရှိရင် အကိုက်အခဲပျောက်ဆေးများမသောက်သင့်ပါဘူး။ ထိုဆေးတွေဟာ အစာခြေစနစ်ကိုထိခိုက်ပြီး အစာမကြေဖြစ်စေနိုင်တယ်။ အသက် ၁၆ နှစ်အောက်ငယ်တဲ့ကလေးတွေဟာ aspirin မသောက်သင့်ဘူး။ တချို့မသောက်သင့်တဲ့ဆေးတွေကတော့-
တခါတလေအစာမကြေခြင်းဟာ ဆေးသောက်စရာမလိုဘဲ နာရီပိုင်းအတွင်းမှာကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တကယ်လို့ လက္ခဏာတွေပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်တယ်။ အစာမကြေခြင်းဖြစ်စေသော စားစရာ၊ လှုပ်ရှားမှုတွေကိုရှောင်သင့်တယ်။ –
ထိုပြောင်းလဲမှုများလုပ်သည့်တိုင်လက္ခဏာတွေမသက်သာသေးပါက ဆရာဝန်မှဆေးပေးပါလိမ့်မယ်။ ဒါပေမယ့် အစာမကြေခြင်းဆိုတာ ရောဂါထက်လက္ခဏာတွေဖြစ်တာကြောင့် ကုသမှုက ဖြစ်စေတဲ့အကြောင်းအရင်းတွေပေါ်မူတည်နိုင်ပါတယ။ ်
တခြားသောရောဂါကြောင့်အစာမကြေခြင်းဖြစ်ရပါက ထိုရောဂါကိုကိုင်တွယ်ဖို့နည်းလမ်းရှာသင့်တယ်။ ဒါမှအစာမကြေနိုင်ချေလျှော့နိုင်မှာဖြစ်တယ်။ အစာမကြေခြင်းဟာ နေထိုင်မှုပုံစံပြောင်းလဲခြင်းအားဖြင့်လည်းသက်သာလာနိုင်ပါတယ်။
အဝလွန်ခြင်းဟာအက်စစ်တွေအစာမျိုပြွန်ထဲကို ပြန်တက်စေနိုင်တာကြောင့် ပုံမှန်လေ့ကျင့်ခန်း၊ မျှတသောစားသောက်မှုနဲ့ ခန္ဓါကိုယ်အလေးချိန်ထိန်းထားပါ။ အဆီများသောအစာ၊ စပ်သောအစာ၊ ကဖိန်းပါသောသောက်စရာများလျှော့ချပါ။
ဆေးလိပ်၊ အရက်တွေမှာပါတဲ့ကယ်မီကယ်တွေက အစာမျိုပြွန်အဝမှ ရှုံ့ကြွက်သားကိုလျော့စေတဲ့အတွက် အက်စစ်များပြန်ဆန်တက်စေပါတယ်။
မအိပ်ခင် ၃-၄ နာရီခန့်မှစ၍စားသောက်ခြင်းရှောင်ပါ။ လှဲလျောင်းနေစဉ်မှာ အစာမျိုပြွန်ကြွက်သားများ ပိုပြီးလျော့တတ်တာကြောင့် မအိပ်ခင်အစာစားပါက အက်စစ်ထုတ်စေပြီး အက်စစ်များပြန်ဆန်တက်စေနိုင်ပါတယ။်
ခေါင်းနှင့်ပုခုံးကိုခေါင်းအုံးမြင့်မြင့်အုံးခြင်းဖြင့် အိပ်နေစဉ်အက်စစ်ပြန်ဆန်တက်ခြင်းကို တားဆီးနိုင်ပါလိမ့်မယ်။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။