backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Barrett's Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ကဘာလဲ။

အစာမျိုပြွန်နံရံလောင်စားခြင်းဆိုတာ အစာမျိုပြွန်ရဲ့ နံရံကဆဲလ်များဟာ အစာခြေရည်များကြောင့် ပျက်စီးတဲ့ အခြေအနေဖြစ်ပါတယ်။ နံရံဟာ ပုံမှန်မဟုတ်ဘဲ အစာအိမ်နံရံနဲ့ ဆင်တူသွားပါတယ်။

အစာမျိုပြွန်ကို ပုံမှန်အားဖြင့် အကြေးကွက်ဆဲလ်များနဲ့ တည်ဆောက်ထားပါတယ်။ အစာမျိုပြွန်လောင်စားချိန်မှာတော့ အဲဒီဆဲလ်တွေဟာ ရှာ်မျောမျောပုံစံဆဲလ်တွေ ဖြစ်ကုန်ပါတယ်။ အဲဒီပြသနာရှိသူတွေရဲ့ ၅%ကနေ ၁၀%လောက်ဟာ အစာမျိုပြွန်ကင်ဆာဖြစ်လာတတ်ပါတယ်။

Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အစာမျိုပြွန်ရဲ့အဆုံးဟာ အစာအိမ်ကနေ အက်ဆစ်ဓါတ်ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ပြသနာကို အစာမျိုပြွန်လောင်စားတဲ့ အခြေအနေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာအများစုဟာ အစာအိမ် အချဉ်ဓါတ်များခြင်း၊ အစာမကြေခြင်း စတဲ့ပုံစံတွေနဲ့ ဆင်တူပါတယ်။ အစာမကြေရင်ပူခြင်းရှိပြီး ညဘက်မှာဖြစ်ပြီး နိုးလာတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ရင်ဘတ်အောင့်ခြင်း
  • အစာမျိုရန်ခက်ခြင်း
  • အစာနင်ခြင်း
  • အန်ခြင်း
  • အသက်ရှူခက်ခြင်း
  • အသံအိုးရောင်ခြင်း၊ အသံဝင်ခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက မြင့်တက်နိုင်စေပါတယ်။

  • ကြာရှည်စွာ ရင်ပူခြင်း၊ အချဉ်များခြင်း
  • လူကြီးများတွင် ပိုဖြစ်တတ်ခြင်း
  • အမျိုးသားများတွင် ပိုဖြစ်ခြင်း
  • လူမျိုး။ လူဖြူတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • အဝလွန်ခြင်း။ ဝမ်းဗိုက်တဝိုက်မှာ အဆီဓါတ်များရင် ပိုဖြစ်တတ်ပါတယ်။
  • ဆေးလိပ်သောက်ခြင်းဟာ အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်ရုံသာမက အစာမျိုပြွန်နဲ့ အစာခြေနိုင်စွမ်းကိုပါ ထိခိုက်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မှန်ပြောင်းကြည့် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဆရာဝန်ဟာ အစာမျိုပြွန်ကို မှန်ပြောင်းကြည့်ရာကနေ ပြသနာရှိနိုင်ခြေ ရှိတဲ့နေရာကနေ အသားစယူပြီး စစ်ဆေးနိုင်ပါတယ်။

Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ကို ဘယ်လိုကုသပါသလဲ

ရည်ရွယ်ချက်ကတော့ အက်ဆစ်ဓါတ်တွေ အစာမျိုပြွန်ထဲ ရောက်မသွားအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒီလိုကာကွယ်ခြင်းဟာ အစာမျိုပြွန်နံရံတွေကို သက်သာစေပြီး လောင်စားခြင်းပိုမဆိုးသွားအောင် တားဆီးပေးပါတယ်။

ဆေးဝါးများဟာ အစာမျိုပြွန်နံရံတွေကို ရောက်ရှိမယ့် အက်ဆစ်ဓါတ်တွေကို ကန့်သတ်ပေးပါတယ်။ အက်ဆစ်ဆန့်ကျင်ဆေးများ၊ H2 ဆန့်ကျင်ဆေးများ (Ranitidine, cimetidine)၊ ပရိုတွန်စုပ်ယူမှု တားမြစ်ဆေးများ 9Omeprazole, lansoprazole)၊ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကောင်းစေတဲ့ ဆေးများ (Metoclopramide) စတဲ့ဆေးတွေ ပါဝင်ပါတယ်။ ပရိုတွန်စုပ်ယူမှု တားမြစ်ဆေးများဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။

အဓိကနောက်ဆက်တွဲပြသနာကတော့ အစာမျိုပြွန်ကင်ဆာဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဟာ အစာမျိုပြွန်ကို မှန်ပြောင်းကြည့်စစ်ဆေးပြီး ကင်ဆာရှိမရှိ စစ်ဆေးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အစာမျိုပြွန်နံရံလောင်စားခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ဆရာဝန်ချိန်းဆိုတဲ့အတိုင်း ပုံမှန်ပြသခြင်း
  • ဆရာဝန်ညွှန်ကြားသည့် ဆေးအားလုံးသောက်သုံးခြင်း၊ မညွှန်သည့် ဆေးများ ရှောင်ခြင်း
  • ဒီပြသနာကိုသိနိုင်တဲ့တခုတည်းသော နည်းကတော့ မှန်ပြောင်းကြည်ပပြီး အသားစယူ စစ်ဆေးခြင်း ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်က စစ်ဆေးကုသပါလိမ့်မယ်။
  • ညအခါ ဦးခေါင်းပိုင်းကို မြှင့်ထားခြင်းဟာ အက်ဆစ်တွေ ပြန်တက်လာခြင်းကို ကာကွယ်နိုင်ပါတယ်။

အောက်ပါအခြေအနေမှာ ဆရာဝန်ပြပါ။

  • ရင်ပူခြင်း
  • လည်ချောင်းတွင် အစာနင်ခြင်း
  • အန်ခြင်း
  • အစာစားရန်ခက်ခဲပြီး ကိုယ်အလေးချိန်ကျလာခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement