အသည်းအစားထိုးပြီးနောက် ဘယ်လိုနေထိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသည်းအစားထိုးပြီးနောက် သင်ဟာအလွယ်တကူနေမကောင်း ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်ကိုကာကွယ်ဖို့နှင့်အသည်းထပ်မပျက်စီးဖို့အတွက် နေစဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲဖို့လိုအပ်ပါတယ်။

ဘာတွေတကယ်ပြောင်းလဲဖို့လိုလဲ?

အစားအသောက်ကိုမျှတအောင်စားသုံးခြင်း

ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်အသီးအနှံ၊အစေ့အဆံများ၊အဆီမပါအသား၊ငါး၊ဥအမျိုးမျိုး၊နို့ထွက်ပစ္စည်းများကိုစားသုံးသင့်ပါတယ်။

အလွယ်တကူစားသောက်နိုင်သော အသင့်စားအစားအစာများကိုရှောင်ရှားသင့်ပါတယ်။

ထို့ပြင် အဆီအဆိမ့်များ၊အငန်များ၊အချိုများကိုလည်းရှောင်ရပါမယ်။

အသည်းဆရာဝန်နှင့်အာဟာရကျန်းမာရေးဆိုင်ရာပညာရှင်များအကြံပြုချက်အတိုင်းစားသုံးခြင်းကလည်း သင့်ကိုအမြန်ပြန်ကျန်းမာလာအောင် အထောက်အကူပြုပါလိမ့်မည်။

အိမ်အလုပ်လုပ်ခြင်းကလည်းလှုပ်ရှားမှုလုပ်ခြင်းတစ်ခုပါပဲ

သင့်အတွက်သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုတခုခုစလုပ်ဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ သင့်ကျန်းမာရေးကိုအထောက်အကူပြုရုံမျှမက ကိုယ်ရောစိတ်ပါလန်းဆန်းစေသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတွေကိုပါဖြေဖျောက်ပေးပါတယ်။ တဖက်မှာလည်း ဝိတ်မတက်လာအောင်ထိန်းပေးသည့်အပြင် ကြွက်သားနှင့် အရိုးကိုလည်းသန်မာတောင့်တင်းလာစေပါတယ်။

မည့်သည့်ကိုယ်လက်လှုပ်ရှားမှုမဆိုသင့်အတွက်အကျိုးရှိပါတယ်။ စက်ဘီးစီးခြင်း၊ပြေးခြင်း၊ရေကူးခြင်း၊ဝိတ်မခြင်း၊ဂေါက်ရိုက်ခြင်း၊တင်းနစ်ကစားခြင်းတို့အပြင်အခြားအားကစားတွကိုလည်းလုပ်နိုင်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။

ဒါပေမယ့်အရေးကြီးတာတစ်ခုက ဘယ်ဟာကိုမဆို အလွန်အကြူးမလုပ်မိလိုက်မိဖို့ပါပ။ ဒါဟာ သင့်ကျန်းမာရေးကိုပိုဆိုးသွားစေပါတယ်။

….အချိန်တန်တော့လည်း

အသည်းအစားထိုးပြီးဘယ်အချိန်မှာကာမဆက်ဆံလို့ရသလဲ?

ဒါကတော့ သင့်အပေါ်မှာပဲမူတည်နေပါတယ်။ အသည်းအစားထိုးပြီးနောက်ကျန်းမာလာတာနဲ့အမျှ သင်ဟာအရင်လိုပြန်လည်နေထိုင်ချင်လာပါလိမ့်မယ်။ အဲဒီအခါ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ခွဲထားတဲ့ချုပ်ရိုးမပြဲအောင်၊လိင်ဆက်ဆံခြင်းကြောင့် တခြားရောဂါတွေမရလာအောင် ဆောင်ရန်ရှောင်ရန်တွေကိုမှတ်သားထားသင့်ပါတယ်။

● တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပါ

● မဆက်ဆံခင်နှင့်ဆက်ဆံပြီးမှာ လိင်အဂါၤတစ်ဝိုက်ကိုဆေးကြောသန့်စင်ပါ

● သုတ်သတ်ဆေးပါသောရာဘာကွန်ဒုံးကိုအသုံးပြုပါ

● လိင်အဂါၤမှာအနာရှိသူ၊ဆီးပူညောင်းကျဖြစ်နေသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ပါ

● စအိုပေါက်နှင့်လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ

စိတ်အတက်အကျဖြစ်နိုင်ခြင်း

အသည်းအစားထိုးခွဲစိတ်ခြင်းဟာ စိုးရိမ်ပူပန်စွာဖြတ်သန်းရတဲ့ကာလတစ်ခုပါ။ ခွဲစိတ်ပြီးအစောပိုင်းကာလတွေမှာလည်း ဒေါသထွက်ခြင်း၊စိတ်အလိုမကျခြင်း၊အပြစ်ရှိတယ်လို့ခံစားရခြင်း၊စိတ္ဓါတ်ကျခြင်းတို့ကိုခံစားရတတ်ပါတယ်။ မိသားစု၊ချစ်သူခင်သူများနှင့်အတူနေထိုင်ရင်း ဒီကာလတွေကိုဖြတ်ကျော်ပါ။ ဘဝကိုကောင်းသောအမြင်များနှင့်မြင် နိုင်အောင်ကြိုးစားပါ။

ကလေးယူမယ်ဆိုရင်သတိထားရမည့်အချက်များ

အသည်းအစားထိုးပြီးနှစ်နှစ်အတွင်းမှာတော့ ကိုယ်ဝန်ဆောင်ရန်မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသည်းအစားထိုးပြီးလျှင်သောက်ရသည့်ဆေးများသည် ကလေးအတွက်အန္တရာယ်ရှိနိုင်သည်။ ကလေးလမစေ့ဘဲမွေးခြင်း၊ပေါင်မပြည့်ခြင်းတို့ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးယူမယ်ဆိုလျှင် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးသင့်ပါသည်။

အသည်းအစားထိုးပြီးလျှင် လိုက်နာဆောင်ရွက်ရမည့်အရာတွေအများကြီးရှိသော်လည်း မကြောက်ပါနဲ့။ အစပိုင်းမှာခက်ခဲနိုင်ပေမယ့် သင့်ကျန်းမာရေးနှင့်မိသားစုပျော်ရွှင်မှုအတွက် စိတ်ရှည်ပါ ရင်ဆိုင်ကျော်ဖြတ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဘယ်အချိန်မှာအသည်းအစားထိုးဖို့လိုအပ်သလဲ

    လူ့ခန္ဓါကိုယ်ရှိအသည်းဟာ အနည်းငယ်ပျက်စီးလျှင် ပျက်စီးသွားသောဆဲလ်များကို သူအလိုလိုပြန်လည် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandar Lin

    အသည်းအစားထိုးကုသပြီးနောက်ကျန်းမာစွာနေထိုင်စားသောက်ခြင်း

    အသည်းအစားထိုးကုသပြီးနောက် ကျန်းမာစွာစားသောက်ခြင်းဟာ အသည်းကျန်းမာရေးကိုပိုကောင်းစေသည့်အပြင် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandar Lin

    အသည်းအစားထိုးပြီး ပြန်လည်ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ

    အသည်းကင်ဆာဖြစ်ဖူးတဲ့သူတစ်ယောက်အနေနဲ့ အသည်းအစားထိုးကုသခွင့်ရခဲ့တာဟာ အင်မတန်မှ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandar Lin

    အသည်းအစားထိုးကုသပြီးနောက် မိမိကိုယ်ကိုယ်ကိုမိမိစောင့်ရှောက်မှုအတွက် သိကောင်းစရာများ

    ရောဂါတစ်ခုနဲ့ပတ်သက်ပြီးကုသမှုပေးဖို့ဆိုတာ သင့်ဘာသာသင်လုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Hello Sayarwon

    သင့်အတွက် ရွေးချယ်ထားသည်

    အသည်းအစားထိုးခြင်း၏ နောက်ဆက်တွဲပြသနာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2018 . 2 mins read

    အသည်းအစားထိုးပြီး ဘယ်လိုပြုစုစောင့်ရှောက်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Hello Sayarwon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2017 . 2 mins read

    အသားအရောင်ပြောင်းလဲခြင်းကို ဘယ်လိုကာကွယ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 12, 2017 . 3 mins read

    အသည်းရောင်အသားဝါရှိနေသော ခင်ပွန်းသည်ကို ဘယ်လိုကူညီမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandar Lin
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 12, 2017 . 2 mins read