ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေမြင့်စေသော အရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဆီးချိုဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိမရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။

အမျိုးအစား (၁) ဆီးချိုရောဂါ

သုတေသနပြုချက်များအရ အမျိုးအစား (၁) ဆီးချိုရောဂါ အကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

  • မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာရှိရင် သင့်မှာ ဖြစ်နိုင်ခြေမြင့်ပါတယ်။
  • ပတ်ဝန်းကျင်အခြေအနေ
  • ကိုယ်ခံအားဆဲလ်များ ပျက်စီးခြင်း။ မိမိကိုယ်ကို တိုက်ထုတ်တဲ့ ခုခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ သူတို့ကြောင့် ဆီးချို မဖြစ်တတ်ပါဘူး။
  • စားသောက်မှုပုံစံ။ နွားနို့ကို စောစီးစွာ စသောက်ဖူးခြင်း၊ ဗီတာမင်ဒီ စားသုံးမှု နည်းခြင်း၊ အသက်လေးလမတိုင်မီ အစေ့အဆန်များ ကျွေးခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေဟာ အမျိုးအစား (၁) ဆီးချိုနဲ့ တိုက်ရိုက် ဆက်စပ်နေကြောင်း မသိနိုင်ပါဘူး။
  • ပထဝီအကြောင်းအရာ။ ဖင်လန်၊ ဆွီဒင် စတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားမှု မြင့်တက်ပါတယ်။

ဆီးချိုဖြစ်နိုင်ခြေနှင့် အမျိုးအစား (၂) ဆီးချို

အချို့အကြောင်းအရာတွေဟာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။

  • ကိုယ်အလေးချိန်များခြင်း
  • လှုပ်ရှားမှုနည်းခြင်း။ လှုပ်ရှားမှုနည်းလေ၊ အဖြစ်များလေပါပဲ။ ကိုယ်လက်လှုပ်ရှားခြင်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ဖို့၊ ဂလူးကို့စ်ကို စွမ်းအင်အနေနဲ့ ရယူဖို့၊ သင့်ရဲ့ဆဲလ်တွေဟာ အင်ဆူလင်ကို ပိုပြီးအာရုံခံမိစေဖို့ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။
  • မိသားစုရာဇဝင်။ သင့်ရဲ့မိဘနဲ့ မွေးချင်းတွေမှာ အမျိုးအစား (၂) ဆီးချိုဖြစ်ရင် သင့်မှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • လူမျိုးစု။ ဟစ်ပန်းနစ်၊ အမေရိကန် အင်ဒီးယန်း၊ အာရှ အမေရိကန် တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းရင်းတော့ သေချာမသိသေးပါဘူး။
  • အသက်အရွယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ တဖက်မှာလည်း အမျိုးအစား (၂) ဆီးချိုဟာ ကလေးများ၊ အရွယ်ရောက်ခါစ လူငယ်များမှာ ဖြစ်တာ များတတ်ပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ်ဆီးချိုဖြစ်ခြင်း။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဆီးချိုဖြစ်ရင် နောင်မှာ ဆီးချိုဖြစ်နိုင်ခြေ မြင့်လာတတ်ပါတယ်။
  • အမျိုးသမီးများတွင် ဖြစ်တတ်သော Polycystic ovary syndrome ရောဂါ
  • သွေးတိုးခြင်း။ သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ အထက်ကို တက်ခြင်းဟာ အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေ များပါတယ်။
  • ပုံမှန်မဟုတ်သော ကိုယ်လက်စထရောနှင့် triglyceride မြင့်တက်ခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ

အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုဖြစ်တတ်ပေမယ့် အချို့အမျိုးသမီးများဟာ သူများတွေထက် ဖြစ်နိုင်ခြေများပါတယ်။ အောက်ပါအချက်တွေဟာ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

  • အသက်အရွယ်။ ၂၅ နှစ်ထက်ကြီးတဲ့ အမျိုးသမီးတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ကိုယ်အလေးချိန်။ ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်များတာဟာ ဖြစ်နိုင်ခြေပိုများပါတယ်။
  • မိသားစုနှင့် မိမိရာဇဝင်။ မိဘများ၊ မွေးချင်းများမှာ အမျိုးအစား (၂) ဆီးချို ဖြစ်တာရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ယခင် ကိုယ်ဝန်ဆောင်ခဲ့ချိန်မှာ ဆီးချိုဖြစ်ဖူးရင်၊ ကလေးကြီးကြီးမွေးဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

လူမျိုး။ လူမည်း၊ ဟစ်ပန်းနစ်၊ အမေရိကန် အင်ဒီးယန်း၊ အမေရိကန် အာရှတို့မှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းရင်းတော့ သေချာမသိရပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

    ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မည်သို့ဆက်စပ်သနည်း

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖရီးရယ်ဒီကယ် ကိုယ်ခန္ဓာ အသီးအနှံများ တစ်ရှူးများ အိုမင်းရင့်ရော်ခြင်း ရောဂါဘယ အစားအသောက်တွေ အဆိပ်အတောက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    အခြေခံကျန်းမာရေး ဇူလိုင် 14, 2020 . 2 mins read

    နတ်သမီးအမှတ် ဆိုတာ ဘာလဲ။

    နတ်သမီးအမှတ် ခါးအနောက်ဘက် ကျောရိုးမကြီး မွေးရာပါအမှတ် Dimples of Venus အရွတ်တွဲမျိုးရိုးဗီဇ လိင်ကိစ္စ သွေးလည်ပတ်မှုကောင်း မြန်မြန်ပြီးမြောက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင်က colour blind တစ်ယောက်လား။

    colour blind အရောင်တွေမခွဲနိုင် အမြင်အာရုံ မျိုးရိုးဗီဇ ဆီးချိ ရေတိမ် ပါကင်ဆန် အတက်ကျဆေး ဓာတုပစ္စည်း ကျောင်းစာမှာခက်ခဲ မျိုးရိုးလိုက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    ဆီးချိုရောဂါ

    ဆီးချိုရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 4 mins read
    လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

    လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
    အရေပြားလေးဘက်နာ လား အရေပြားကင်ဆာ လား

    ဆိုရီယေးစစ်လား အရေပြားကင်ဆာ လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 3 mins read
    နှလုံးရောဂါ ကာကွယ်ပါ

    နှလုံးရောဂါ ကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read