backup og meta

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

ဆီးချိုရောဂါဟာ မုန့်ချိုအိတ်ကင်ဆာကို ဖြစ်စေနိုင်သလား

မုန့်ချိုအိတ်ဆိုတာဘာလဲ

မုန့်ချိုအိတ်ဆိုတာ အစာအိမ်ရဲ့နောက်ပိုင်း၊ နံရိုးအိမ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ သူ့မှာ တာဝန်၂ခု ရှိပါတယ်။ အစာခြေဖို့ အစာခြေပစ္စည်းတွေထုတ်ပေးခြင်းနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ဟော်မုန်းထုတ်ခြင်းပဲ ဖြစ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဆိုတာဘာလဲ

မုန့်ချိုအိတ်ထဲမှာ ပုံမမှန်တဲ့ တစ်သျှူးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လျင်မြန်စွာဖြစ်ပေါ်တတ်ပြီး ဖြစ်ခါစမှာ သိတာရှားပါတယ်။ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာဟာ အဆင့်သိပ်မကြီးလာခင် မပြတတ်ပါဘူး။

ဆီးချိုဆေးတွေဟာ မုန့်ချိုအိတ်ကင်ဆာဖြစ်စေသလား

အမျိုးအစား (၂) ဆီးချိုရောဂါကုတဲ့ နေရာမှာသုံးတဲ့ incretin mimetics အုပ်စုဝင် ဆေးအသစ် ၂မျိုးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Glucagon-like peptide – 1 (GLP – 1) agonist (exenatide ကဲ့သို့) နဲ့ dipeptidyl peptidase – 4 inihibitors (DPP – 4) (sitagliptin ကဲ့သို့) အမည်ရပါတယ်။

ဒီဆေးတွေကို ဆီးချိုကုသရာမှာ ပထမဦးစားပေးဆေးတွေနဲ့ အဆင်မပြေရင် အသုံးပြုပါတယ်။

ဆေး၂မျိုးလုံးဟာ မုန့်ချိုအိတ်အပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မုန့်ချိုအိတ်ကို ထိခိုက်နိုင်ခြေတွေ စဉ်းစားလာကြပါတယ်။

စစ်ဆေးချက်အထောက်အထားများအရ မုန့်ချိုအိတ်ကို ရောင်နိုင်ခြေရှိပါတယ်။ မုန့်ချိုအိတ်တစ်သျှူးတေါကို ကင်ဆာနဲ့သဏ္ဍာန်တူ ပြောင်းလဲခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးလာရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို အတည်ပြုဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ဖို့လိုအပ်ပါသေးတယ်။ ဒီဆေးတွေဟာ ဖြစ်နိုင်ခြေအန္တရာယ်ရှိသလား၊ ကင်ဆာကို ပိုဆိုးလာစေတာလား ဆိုတာနဲ့ ပတ်သက်တာကိုတော့ မဆုံးဖြတ်နိုင်သေးပါဘူး။

ယခုအချိန်မှာတော့ ဒီဆေးတွေသောက်ရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆရာဝန်က ရပ်ဖို့ ညွှန်ကြားတာမရှိရင် ဒီဆေးတွေကို ရပ်ပစ်ဖို့ မလိုပါဘူး။ သင့်တော်တဲ့အကြံပြုချက်နဲ့ မဟုတ်ဘဲ ဆေးသောက်တာရပ်လိုက်ရင် မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေထက်စာရင် တခြား နောက်ဆက်တွဲ ပြသနာတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒါတွေကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းနဲ့ မျက်စိကွယ်ခြင်းတွေပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mayo Clinic Staff. Pancreatic cancer. http://www.mayoclinic.org/diseases-conditions/pancreatic-cancer/basics/definition/con-20028153. Accessed June 23, 2015.

NHS Choices. Diabetes drugs may be linked to pancreatic cancer.

http://www.nhs.uk/news/2013/06june/pages/diabetes-drugs- may-be- linked-to- pancreatic-cancer.aspx.

Accessed June 23, 2015.

Pancreatic cancer overview. http://www.cancer.org/cancer/pancreaticcancer/overviewguide/pancreatic-cancer-overview- what-is- pancreatic-cancer. Accessed June 23, 2015.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

ဆီးချိုအတွက်အသင့်အစားအစာအကြံဉာဏ်ကောင်းများ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement