backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဖိစီးမှုနဲ့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


02/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဖိစီးမှုနဲ့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ထိန်းချုပ်လို့မရတော့တဲ့၊ စိတ်ခံစားချက်ပြောင်းလဲမှုတွေ အမူအကျင့်ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ အခြေအနေတွေက သင့်ကို ဒုက္ခဖြစ်စေပါတယ်။

စိတ်ဖိစီးမှုနဲ့ ဆီးချို

စိတ်ဖိစီးတဲ့ လူတွေအတွက် ဆီးချိုကို ထိန်းချုပ်ဖို့က စိန်ခေါ်မှုတစ်ခုပါ။ ကလေးတွေ ဆီးချိုဖြစ်တဲ့အခါမှာ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ စိတ်ဖိစီးမှုကို ထုတ်ပြောလာကြပါတယ်။

စိတ်ဖိစီးမှုက ဘယ်လောက်ဒုက္ခပေးနိုင်သလဲ။

ဆီးချိုထိန်းတာကို အနှောင့်အယှက် ပေးပါတယ်

သွေးတွင်းအချိုဓါတ်ကို ရုတ်တရက် သိသိသာသာ တိုးစေပါတယ်

ခံစားချက်တွေကို ဆိုးဝါးစေပါတယ်

စဉ်းစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်

စိတ်အလိုမကျဖြစ်ခြင်း၊ အစားအသောက်နည်းခြင်းတွေ ဖြစ်စေတယ်။

ဆီးချိုရှိရှိ မရှိရှိ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့က ခက်ခဲပါတယ်။

ဥပမာအားဖြင့် နှလုံးခုန်နှုန်းတွေ မြန်လာနိုင်ပြီး ခန္ဓါကိုယ်က ဆောက်တည်ရာမရဖြစ်နိုင်ပါတယ်။ သွေးခုန်နှုန်းမြင့်လာနိုင်ပြီး သွေးပေါင်ချိန်တိုးလာခြင်းက နှလုံး၊ သွေးကြောတွေကို အတင်းအကြပ် ဖိစီးမှုတွေ ဖြစ်စေပါတယ်။

စိတ်ဖိအားတွေကို ကာလရှည်ကြာစွာ ခံစားနေရရင်တော့ ဒီအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ခံအားကျခြင်း

အစာချေဖျက်မှုစနစ်

ကျောက်ကပ်

မျိုးပွားစနစ်

ထပ်ပြောရရင်တော့ စိတ်ဖိစီးမှုတွေ များနေတဲ့အတွက် စဉ်းစားဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီကတဆင့် စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လိုတွန်းလှန်မလဲ။

ဘဝက စိန်ခေါ်မှုတွေရော အောင်မြင်မှုတွေပါ အများကြီး ရှိပါတယ်။ သင်သွားမယ့်လမ်းကို သင်ကိုယ်တိုင်ရွေးဖို့အတွက် ဖော်ပြပါ အကြံပြုချက် ၆ ချက်နဲ့ အစပြုပါ။

အကောင်းမြင်စိတ်မွေးပါ။

တစ်ခုခုမှားနေတယ်လို့ ထင်ရင်တောင်မှ သင့်ဘဝအတွက် အရေးကြီးတဲ့သူတွေ ရှိသေးတယ်ဆိုတာ တွေးပါ။ ကံကောင်းခြင်းတွေ ရစေဖို့ အကောင်းမြင်စိတ်မွေးဖို့ လိုပါတယ်။

မိမိကိုယ်မိမိ ကြင်နာပါ။

ကိုယ့်အပေါ်ကိုယ် ဘယ်လောက်တောင် မျှော်မှန်းထားပါသလဲ။ ကိုယ်မကြိုက်တာ မလုပ်ဖို့ ငြင်းဆန်နိုင်ပါတယ်။

ပြောင်းလဲလို့မရတော့တဲ့ အရှိတရားကိုလက်ခံပါ။

ဒီလိုဖြစ်ဖို့ မိမိကိုယ်မိမိ မေးခွန်း သုံးခု မေးကြည့်ပါ။

ဒါတွေအားလုံး နောက် ၂ နှစ်လောက်နေရင် ပျောက်သွားမလား။

ဒါတွေကို ငါကျော်လွှားနိုင်ပါ့မလား။

ပြသနာတွေကို ပြောင်းလဲနိုင်သေးလား။

တကယ်လို့ ဖြေရှင်းနိုင်တယ်ဆို ရှင်းလိုက်ပါ။ မရှင်းနိုင်ဘူးဆို ကိုယ့်အတွက် အကောင်းဆုံး ဖြစ်အောင် တခြားဘာလုပ်လို့ရမလဲ စဉ်းစားကြည့်ပါ။

တစ်ယောက်ယောက်နဲ့ စကားပြောပါ။

ဆရာဝန်နဲ့ တိုင်ပင်ပါ။ သူငယ်ချင်းတွေ မိသားစုဝင်တွေကို မိမိခံစားချက်အကြောင်း မျှဝေပါ။

လေ့ကျင့်ခန်းလုပ်ပါ။

ယောဂဆော့တာ၊ လွယ်ကူတဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သင့်ခံစားချက်တွေကို ပိုကောင်းစေနိုင်ပါတယ်။

အပန်းဖြေပါ။

အသက်ရှုလေ့ကျင့်ခန်းနဲ့ တရားထိုင်တာမျိုး လုပ်ပါ။ ဆရာဝန်တွေ ကျန်းမာရေး အက်ပလီကေးရှင်းတွေကနေ လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


02/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement