home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးအစား (၁) ဆီးချို

အမျိုးအစား (၁) ဆီးချို

အမျိုးအစား (၁) ဆီးချို ဆိုတာက ဆီးချို အမျိုးအစားတစ်ခုပါ။ မွေးရာပါ ဆီးချိုဆိုလည်း မမှားပါဘူး။ မွေးကတည်းက ဖြစ်တဲ့ ကလေးတွေ ရှိသလို နည်းနည်းလေ အရွယ်ရောက်လာမှ ဖြစ်တာမျိုးလည်း ရှိပါတယ်။

အမျိုးအစား (၁) ဆီးချို

အဓိကအားဖြင့်တော့ ကိုယ်ခံအားက ပန်ကရိယ (မုန့်ချိုအိတ်) မှာရှိတဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဘီတာဆဲလ်တွေကို မှားယွင်း ဖျက်ဆီးမိရာကနေ အမျိုးအစား (၁) ဆီးချို ဖြစ်လာပါတယ်။

နာတာရှည်ရောဂါ တစ်မျိုးဖြစ်ပြီး ပန်ကရိယက အင်ဆူလင်ကို နည်းနည်းပဲ ထုတ်တာ၊ ဒါမှမဟုတ် လုံးဝ မထုတ်တဲ့ အခြေအနေမျိုးပါ။ အင်ဆူလင်ဆိုတာက စားသုံးလိုက်တဲ့ အစားအစားတွေထဲက ဂလူးကို့စ် (သကြားဓာတ်)ကို စွမ်းအင်အဖြစ်ပြောင်းလဲစေနိုင်ဖို့အတွက် ဆဲလ်တွေထဲကို ဂလူးကို့စ် ဝင်ရောက်နိုင်စေဖို့ မဖြစ်မနေ လိုအပ်မယ့် ဟော်မုန်းတစ်မျိုးပါ။

အမျိုးအစား (၁) ဆီးချိုဟာ မျိုးဗီဇကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မွေးကတည်းက ဆီးချိုကို ခံစားရတာ ရှိသလို၊ ကလေးဘဝ ဒါမှမဟုတ် မြီးကောင်ပေါက်အရွယ်မှ ခံစားရတာမျိုးလည်း ရှိပါတယ်။

အမျိုးအစား (၁) ဆီးချိုကို ကုသနိုင်တဲ့ ဆေးမရှိပါဘူး။ အမျိုးအစား (၁) ဆီးချိုအတွက် ကုသမှု နည်းလမ်းတွေက သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးပြီး နောက်ဆက်တွဲ ပြဿနာတွေ ရှိမလာအောင် ထိန်းပေးတာပါ။

အမျိုးအစား (၁) ဆီးချိုရှိသူတွေအနေနဲ့ ဆေးသောက်တာ အပြင် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကိုပါ ပြောင်းလဲပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ လိုပါမယ်။

အမျိုးအစား(၁) ဆီးချို လက္ခဏာတွေ

အမျိုးအစား (၁) ဆီးချို ခံစားရတဲ့အခါ

  • အလွန်အမင်း ဆာလောင်တာ
  • အမြဲလိုလို ရေငတ်တာ
  • အမြင်အာရုံ ဝေဝါးတာ
  • ပင်ပန်းနွမ်းနယ်တာ
  • မကြာခဏ ဆီးသွားတာ
  • အချိန်တိုအတွင်း ဝိတ်အလွန်အကျွံ ကျသွားတာ
  • ခံတွင်းခြောက်တာ၊ အသားခြောက်တာ
  • အသက်ရှူ မြန်တာ
  • ခံတွင်းက သစ်သီးနံ့ထွက်တာ
  • အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ ဒီလို လက္ခဏာတွေ ဖြစ်နေမယ်ဆိုရင် စစ်ဆေးကုသမှု ခံယူဖို့လိုပါမယ်။

အမျိုးအစား (၁) ဆီးချို ဖြစ်ရတဲ့ အကြောင်းအရင်းများ

အမျိုးအစား (၁) ဆီးချို ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကှက မသိရသေးပါဘူး။ များသောအားဖြင့်ကတော့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်က ပန်ကရိယက အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားယွင်း တိုက်ခိုက်ရာကနေ စဖြစ်တာပါ။ အခြား ဖြစ်နိုင်တဲ့ အကြောင်းအချက်တွေကတော့

  • မျိုးဗီဇ
  • ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မိတာ
  • ပတ်ဝန်းကျင်ဆိုင်ရာ အခြားသော အကြောင်းအရင်းတွေကြောင့် အမျိုးအစား (၁) ဆီးချို ဖြစ်နိုင်ပါတယ်။

အမျိုးအစား (၁) ဆီးချိုအတွက် ကုသမှုများ

အမျိုးအစား (၁၀ ဆီးချို ခံစားရသူတွေရဲ့ ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်ပါဘူး။ ဒါ​ကြောင့် သွေးထဲက သကြားဓာတ်တွေကို ခန္ဓာကိုယ်က အသုံးပြုရာမှာ အထောက်အကူဖြစ်စေဖို့အတွက် အင်ဆူလင်ကို လိုအပ်ပါမယ်။ ဒ်ါကြော်င့ အမျိုးအစား (၁) ဆီးချို ခံစားရတဲ့အခါ

  • အင်ဆူလင် ထိုးတာ
  • သွေးတွင်းသ​ကြားဓာတ်ကို လျှော့ချနိုင်ဖို့ Metformin သောက်တာလိုမျိုး ကုသမှုတွေ ခံယူလို့ရပါတယ်။

ဆေးတွေအပြင် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရ သင့်တင့်မျှတအောင် စားသုံးတာမျိုးလည်း လုပ်ဆောင်ဖို့ လိုပါမယ်။

အမျိုးအစား (၁) ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ

အမျိုးအစား (၁) ဆီးချိုကို အချိန်ကြာမြင့်စွာ ခံစားရတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို သေချာထိန်းညှိဖို့လိုပါမယ်။

သွေးတွင်းသကြားဓာတ်ကို သေချာ မထိန်းသိမ်းဘူးဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့

  • နှလုံး နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ
  • အာရုံကြော ပျက်စီးတာ
  • ကျောက်ကပ် ပျက်စီးတာ
  • အမြင်အာရုံ ပျက်စီးတာ
  • ခြေထောက် ထိခိုက်ပျက်စီးတာ
  • အရေပြား ပြဿနာ
  • ခံတွင်းပြဿနာ
  • ကိုယ်ဝန်ပျက်ကျတာ
  • ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

အမျိုးအစား (၁) ဆီးချို ကာကွယ်နည်း

အခုချိန်ထိ အမျိုးအစား (၁) ဆီးချိုရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Type 1 diabetes https://www.nhs.uk/conditions/type-1-diabetes/ Accessed Date 20 October 2020

Type 1 Diabetes https://www.diabetes.org/diabetes/type-1 Accessed Date 20 October 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။