အမျိုးအစား (၁) ဆီးချို

အမျိုးအစား (၁) ဆီးချို ရောဂါဆိုတာ အင်ဆူလင် လုံးဝမထုတ် ဒါမှမဟုတ် လုံလောက်အောင် မထုတ်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၁) ဆီးချို

အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

သင့်ကလေးလေးမှာ အမျိုးအစား  (၁) ဆီးချိုရောဂါ ရှိနေပြီလို့ သိလိုက်ရပြီဆိုရင် သင့်အနေနဲ့ ပြင်ဆင်စရာတွေ အများကြီး ရှိပါတယ်။  ဒီကလေးအတွက် စားသောက်နေထိုင်မှုပုံစံတွေ၊ ဆေးဝါးတွေ၊ နောက်ဆက်တွဲတွေ ဝင်မလာအောင်၊ ရောဂါပိုဆိုးမလာအောင် စသဖြင့် တတ်ကျွမ်းသူဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြုစုပေးရမှာပါ။ ဆီးချိုရောဂါဟာ အမြစ်မပြတ်တဲ့ အတွက် ကလေးကို တစ်သက်လုံးစောင့်ရှောက်ရမှာမို့လို့ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါ ရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။ ကလေးကို ကျန်းမာအောင် ဆီးချိုရောဂါရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ဆေးဝါး၊ အစားအသောက်၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပြုစုပေးရပါမယ်။ ဒါ့ပြင် ကလေးကို ရောဂါကြောင့် စိတ်ထိခိုက်ခြင်း မရှိအောင်လည်း အားပေးပျိုးထောင် ပေးရမှာ ဖြစ်ပါတယ်။ အစပိုင်းကာလတွေမှာတော့ မိဘရော ကလေးပါ အသားမကျသေးလို့ ပင်ပန်းနိုင်ပါတယ်။ တဖြည်းဖြည်းကြိုးစားသွားရင်တော့ […]

အမျိုးအစား (၁) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၁) ဆီးချို

Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Juvenile Diabetes (ကလေးတွင် ဖြစ်သော ဆီးချိုရောဂါ) ကဘာလဲ။ ကလေးဆီးချိုရောဂါသည် သကြားဓါတ်ကို ဆဲလ်ထဲသို့ သွင်းပြီး စွမ်းအင်ထုတ်နိုင်ရန် လိုအပ်သော ဟော်မုန်းဖြစ်သော အင်ဆူလင်ဟော်မုန်းကို မုန့်ချိုအိတ်မှ မထုတ်နိုင်သော သို့မဟုတ် နဲနဲပဲထုတ်နိင်သော အခြေအနေဖြစ်သည်။ ဆီးချို အမျိုးအစား ၂ သည် ခန္ဓါကိုယ်မှ အင်ဆူလင်ဟော်မုန်းကို လုံလောက်စွာမထွက်သည့် အခါ သို့မဟုတ် အင်ဆူလင်ဟော်မုန်းကို မတုံ့ပြန်သည့်အခါ တွင် ဖြစ်သည်။ များစွာသော အကြောင်းရင်းများကြောင့် ဆီးချို အမျိုးအစား ၁ ကို ဖြစ်စေနိုင်သည်။ မျိုးရိုးဗီဇဆိုင်ရာအကြောင်းရင်းများနှင့် ဗိုင်းရပ်စ်ပိုးအချို့ကြောင့် ဖြစ်နိုင်သည်။ ဆီးချိုအမျိုးအစား ၁ သည် ကလေးများနှင့် လူငယ်များတွင် အဖြစ်များသော်လည်း လူကြီးများတွင်လည်း ဖြစ်နိုင်သည်။ သုတေသနများစွာပြုလုပ်ထားသော်လည်း ဆီးချိုအမျိုးအစား ၁ ကိုပျောက်ကင်းအောင် မကုသနိုင်သေးပါ။ သို့သော် ၎င်းကို သက်သာစေရန် ထိန်းချုပ်ထားနိုင်သည်။ […]


အမျိုးအစား (၁) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း

ဆီးချိုသွေးချိုအမျိုးအစား (၁) ဆိုတာလည်း အဖြစ်များတာ‌ကြောင့် ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။ ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဆီးချိုသွေးချို အမျိုးအစား (၁)က သင့်ရဲ့ကိုယ်ကို  အစားအစာတွေဆီက စွမ်းအင်ယူလို့မရအောင် ဟန့်တားတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ လူရဲ့ ခန္ဓာကိုယ်က အင်ဆူလင် မထုတ်နိုင်တဲ့အခါ ဖြစ်လာပါတယ်။ အင်ဆူလင်က သွေးထဲကရတဲ့ သကြားဓာတ်ကို ထိန်းချုပ်တာကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက သွေးထဲမှာ သကြားဓာတ်အများအပြားရှိပေမယ့် အင်ဆူလင်မရှိတာကြောင့် ဆဲလ်တွေဆီ အဲဒီသကြားဓာတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး။ ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ […]


အမျိုးအစား (၁) ဆီးချို

ဆီးချိုအမျိုးအစား (၁) အတွက် မျှတသော အစားအသောက်ပုံစံ

ကစီဓါတ်စားသုံးမှုနဲ့ အင်ဆူလင်နဲ့ မျှတတဲ့ စားသောက်မှုကို ပြုခြင်းဟာ အမျိုးအစား (၁) ဆီးချို ရောဂါသည်တွေအတွက် မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဆီးချိုစာ။ ကစီဓါတ်ဟာ အဓိကဖြစ်ပါတယ်။ ကစီဓါတ်ဟာ ပရိုတိန်းနဲ့ အဆီဓါတ်တွေနဲ့စာရင် ဆီးချိုရောဂါကို ပိုပြိး အကျိုးသက်ရောက်ပါတယ်။ အမျိုးအစား (၁) ရောဂါမှာ ခန္ဓါကိုယ်ဟာ သွေးထဲကသကြားဓါတ်ကို မယူနိုင်တော့ပါဘူး။ အဲဒီအခါ သွေးထဲက သကြားဓါတ်ဟာ မြင့်တက်လာပါတယ်။ ဒါကို မကုသရင်၊ ကစီဓါတ်ပါတာတွေ စားနေရင် သကြားဓါတ်ဟာ ပိုပြီး မြင့်တက်လာနိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါသည်ဟာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းကို နေ့စဉ် လိုအပ်ပါတယ်။ ဆီးချိုရောဂါကုသတဲ့ အဓိကရည်မှန်းချက်တခုကတော့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အနေအထားနဲ့ အနီးစပ်ဆုံး ထိန်းထားနိုင်ဖို့ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုရင် သင်စားနေတဲ့ ကစီဓါတ်ကို ဂရုစိုက်ပြီး တွက်ဆပေးဖို့ပါပဲ။ ကစီဓါတ်တွက်ဆဖို့ ၂ခု […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း