backup og meta

ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ

ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ

ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါသည်တွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြသနာတွေ ရှိနိုင်မှု မြင့်မားတယ်လို့ ပြောထားပေမယ့် ၂၀၁၀ လေ့လာမှုအရ ဆီးချိုရောဂါသည် အမျိုးသား ၅၀ % နှင့် အမျိုးသမီး ၁၉ % သာ ဆရာဝန်ဆီမှာ ထုတ်ဖော်ပြောကြတယ်လို့ တွေ့ရပါတယ်။

ဒါက ဘာဖြစ်လို့လဲဆိုရင် ဆီးချိုကြောင့် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံးထိခိုက်မှုတွေကို ဖြစ်တာကို သိလည်းသိကြသလို ဆရာဝန်နဲ့ ပြကြပေမယ့် လိင်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာကို လုံး၀ မသိကြတာကြောင့် ဖြစ်နိုင်ပါတယ်။

ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ

လူနာတွေက ဆရာဝန်နဲ့ ပြတဲ့အခါမှာ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ စွမ်းရည်တွေကိုပါ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြဖို့ အလွန်အရေးကြီးပါတယ်။ ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

လိင်စိတ် ကျဆင်းခြင်း

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ လိင်စိတ်ကျဆင်းရခြင်းက ဆီးချိုကို ကောင်းစွာ မထိန်းချုပ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

အမျိုးသား လိင်မှုဆိုင်ရာ ပြဿနာများ

  • Erectile dysfunction

အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ပြသနာတစ်ရပ်ကတော့ လိင်တံထောင်မတ်မှု မပြုနိုင်ခြင်းဖြစ်ပါတယ်။ ဆီးချိုကြောင့် အမျိုးသားတွေမှာ လိင်တံထောင်မတ်နိုင်မှုမရှိနိုင်ခြင်းဟာ ပျမ်းမျှအားဖြင့် ၂၀ % ကနေ ၇၅ % ထိဖြစ်နိုင်ပါတယ်။ ဆီးချိုမရှိတဲ့လူတွေနဲ့ ယှဉ်ရင် ဆီးချိုသမား အမျိုးသမားတွေမှာ လိင်တံမထောင်မတ်နိုင်ခြင်းက ၂ ဆ မှ ၃ ဆ လောက်ထိဖြစ်နိုင်ပါတယ်။

  • Retrograde ejaculation

ဆီးချိုရောဂါသည် အမျိုးသားတွေမှာ သုက်လွှတ်တဲ့အခါ လိင်တံမှ ထွက်မလာဘဲ အနောက်သို့ ပြန်ကာ ဆီးအိမ်တွင်း သုက်လွှတ်ခြင်းနဲ့ ကြုံရနိုင်ပါတယ်။ ဒီလို နောက်ပြန်သုက်လွှတ်ခြင်းက အတွင်းကြွက်သားတစ်မျိုးဖြစ်တဲ့ sphincter က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းမှာ သုက်တွေက ဆီးအိမ်အတွင်းရောက်ပြီး ဆီးသွားတဲ့အခါမှာ ဆီးအိမ်ကို ဘာဒုက္ခမှ မပေးဘဲ ခန္ဓာကိုယ်ပြင်ပသို့ ဆီးနဲ့ အတူပါသွားပါတယ်။ ဒါပေမယ့် သုက်ရည်က အပြင်မထွက်လာတာကြောင့် ကလေးရဖို့ ခက်ခဲနိုင်ပါတယ်။

အမျိုးသမီး လိင်စိတ်ကျဆင်းခြင်း

ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ အာရုံကြော သို့မဟုတ် သွေးကြောထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက မိန်းမကိုယ်နဲ့ မိန်းမအင်္ဂါအစေ့ရဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

အမျိုးသမီးတွေမှာ ဆီးချိုကြောင့် လိင်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ လိင်အင်္ဂါနဲ့ မိန်းမကိုယ်တစ်ရှူးတွေစီ သွေးလည်ပတ်မှု မကောင်းတာအပြင် အာရုံကြော ထိခိုက်မှုတွေ၊ ဟော်မုန်းပြောင်းလဲခြင်းတွေလည်း ပါဝင်ပါတယ်။

ဆန္ဒမပြည့်ဝခြင်း

ဆန္ဒပြည့်ဝမှု (ပြီးမြောက်မှု) ဆိုတာကတော့ လိင်ဆက်ဆံခြင်းရဲ့ ဆုလာဘ်တစ်ခုဖြစ်ပေမယ့် ဆီးချိုသမားတွေ အတွက်ကတော့ ဒါက ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် နဂိုကတည်းက ဆန္ဒပြည့်ဝမှုရဖို့ မလွယ်တာကြောင့် ဆီးချိုရှိရင် ပိုပြီး ခက်ခဲစေနိုင်ပါတယ်။

ဆီးချိုက ပြီး‌မြောက်မှု နဲ့ ပတ်သက်ရင် အစွန်းနှစ်ဖက်ကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာ သုက်လွှတ်မြန်ပြီး ဆန္ဒမြန်မြန်ပြည့်ဝတာကြောင့် ဆက်လက်မဆောင်ရွက်နိုင်တော့တဲ့ အခါမှာ အလွန်စိတ်ညစ်စေရနိုင်ပါတယ်။ အမျိုးသမီးတွေမှာကျတော့ အာရုံကြော၊ သွေးကြောတွေ ထိခိုက်မှုရှိတာကြောင့် ဆန္ဒပြည့်ရန်ခက်ခဲစေပါတယ်။

လိင်ဆင်ဆံစဉ် နာကျင်မှု

လိင်ဆက်ဆံခြင်းဆိုတာက သင်နဲ့ သင့်အဖော်ကို ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေ ပေးဆောင်ရမှာပါ။ ဘယ်လိုနာကျင်မှုမျိုးမဆို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင် ရှက်နေရင်တောင်မှ ဒီလို လိင်ဆက်ဆံစဉ်နာကျင်မှုမျိုးကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆီးချိုရောဂါသည် အမျိုးသားတွေမှာ Peyronie’s disease လို့ခေါ်တဲ့ လိင်တံအတွင်း ကွေးကောက်မှုနှင့် နာကျင်မှုကိုဖြစ်စေတဲ့ တစ်ရှူးအမာရွတ်ဖြစ်စေတဲ့ ရောဂါဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ လိင်တံတွေက ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး အနည်းငယ်ကွေးညွတ်ခြင်းက ပြသနာမဟုတ်ပါဘူး။ Peyronie’s disease မှာတော့ လိင်တံ ကွေးကောက်နေခြင်းက လိင်ဆက်ဆံမှုနဲ့ လိင်တံတောင်မတ်ခြင်းကို နာကျင်စေပါတယ်။

မိန်းမကိုယ်ခြောက်သွေ့ခြင်းကလည်း ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ လိင်ဆက်ဆံစဉ်အတွင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုစဉ် နာကျင်ရတဲ့ နောက်ထပ်အကြောင်းရင်းတွေကတော့  ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မိန်းမကိုယ်မှိုပိုးဝင်ခြင်းတွေ အဖြစ်များလို့ပါ။

စိတ်ကျေနပ်စရာမကောင်းတဲ့ လိင်ဆက်ဆံမှုမျိုးတွေ ဘဝမှာ ကြုံနေရပြီလား။ ဆေးကုသမှုတွေ ခံယူဖို့ ဆုံးဖြတ်ထားပြီဆိုရင် သင်ဟာ ဒီတိုက်ပွဲကို တစ်ဝက်လောက်ထိ တိုက်ပြီးနေပြီလို့သာ မှတ်ထားလိုက်ပါ။

သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းချုပ်ထားခြင်းဖြင့် လိင်စွမ်းရည်ကျဆင်းခြင်းအတွက် တိုးတက်မှုတွေရှိလာနိုင်ပြီး နောက်ဆက်တွဲ ပြဿနာ‌တွေကို ကာကွယ်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sex and Diabetes: What You Wanted to Know, http://www.diabetesforecast.org/2012/nov/sex-and- diabetes-what-you- wanted-to- know.html?referrer=https://www.google.com.vn/, Accessed October 29 th , 2016

Diabetes and Sexual and Urologic Problems, https://www.niddk.nih.gov/health-information/diabetes/preventing-diabetes- problems/sexual-urologic- problems, Accessed October 29 th , 2016

ယခုပုံစံ

20/10/2022

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

သင့်မှာ ဆီးချို ရှိနေပြီလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement