backup og meta

အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့

    အမျိုးသားအများစုဟာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့ နည်းလမ်းတွေ ရှာဖွေကြပါတယ်။ မိမိမှာ ပြဿနာအခံရှိလို့ ရှာဖွေခြင်းဖြစ်နိုင်သလို မိမိကြင်ဖော်ကို ပိုမိုပျော်ရွှင်ကြည်နူးရအောင် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆေးမျိုးစုံ သုံးစွဲကြသလို နည်းလမ်းအချို့ကို အချင်းချင်းလက်ဆင့်ကမ်းပြီး ကျင့်သုံးကြပါတယ်။

    ဒီနေရာမှာ သတိပြုရမှာကတော့ အမျိုးသားများရဲ့  လိင်တံကျန်းမာရေးက သွေးလည်ပတ်မှုနဲ့ သွေးပေါင်ချိန်ပေါ် မူတည်နေပါတယ်။ အခြေခံကျကျပြောရမယ်ဆိုရင် လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေဟာ နှလုံးကျန်းမာရေးအပေါ် မူတည်နေပါတယ်။

    အခုဖော်ပြမှာကတော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်စေဖို့အတွက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် ရေရှည်မှာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

    အမျိုးသားများ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုးတက်စေဖို့ နည်းလမ်းများ

    ၁။ တက်ကြွလှုပ်ရှားပါ

    ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် Cardio ကခုန်ခြင်းဆိုတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများဟာ နှလုံးကြွက်သားတွေကို သန်မာစေတာကြောင့် အမျိုးသားများရဲ့ လိင်အင်္ဂါအဖွဲ့အစည်းဆီ သွေးလည်ပတ်မှုကောင်းစေပါတယ်။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်။ ပြေးခြင်း၊ ရေကူးခြင်း စတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

    ၂။ အသီးအရွက်များစားသုံးပါ

    အစားအစာတချို့ဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ အထူးသဖြင့် အောက်ပါအသီးအနှံတွေပဲ ဖြစ်ပါတယ်။

    • ကြက်သွန်နီ/ကြက်သွန်ဖြူ- သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

    • ငှက်ပျောသီး- ပိုတက်ဆီယမ်ကြွယ်ဝပြီး သွေးပေါင်ချိန်ကို ကျဆင်းစေပါတယ်။ လိင်အင်္ဂါတွေဆီ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

    • ပန်းငရုတ်/ ငရုတ်ကောင်း- အစပ်အရသာရှိတဲ့ အသီးတွေဟာ သွေးတိုးကိုကျစေနိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

    ၃။ အောက်ပါဓာတ်ပစ္စည်းပါဝင်သော အစားအစာများ စားသောက်ပါ

    Omega-3 fatty acids- သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေမှာ ပါဝင်ပါတယ်။

    • ဗီတာမင် B-1- ဒီဗီတာမင်ဟာ အာရုံကြောစနစ်ရဲ့ အချက်ပြစနစ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ ဦးနှောက်က အချက်ပြမှုတွေကို လိင်တံဆီရောက်တာ မြန်ဆန်စေပါတယ်။ ဝက်သား၊ မြေပဲ၊ ပဲကြီး စတာတွေကနေ ရရှိနိုင်ပါတယ်။

    • ဥအမျိုးမျိုး-  ဥအမျိုးမျိုးမှာ ဗီတာမင်ဘီကြွယ်ဝပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ လိင်တံထောင်မတ်ရာမှာ အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုကို လျော့ကျစေပါတယ်။

    ၄။ စိတ်ဖိစီးမှုလျှော့ချပါ

    စိတ်ဖိစီးမှုဟာ ကျန်းမာရေးကို ထိခိုက်စေပြီး လိင်စိတ်ပြီးမြောက်မှုကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးခြင်းဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးပေါင်ချိန်တက်စေပါတယ်။ ဒီနှစ်မျိုးစလုံးဟာ လိင်စိတ်ဆန္ဒရော စွမ်းဆောင်မှုကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်းကြောင့် လိင်တံထောင်မတ်နိုင်ခြင်းနဲ့ လိင်စိတ်အပြည့်အဝရနိုင်ခြင်းကို ထိခိုက်စေပါတယ်။

    လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုကိုကျစေပြီး ကျန်းမာရေးကို တိုးတက်စေပါတယ်။ မိမိအဖော်ကို မိမိမှာရှိတဲ့ စိတ်ဖိစီးမှုအကြောင်း ဖွင့်ပြောထားခြင်းဟာ မိမိကိုယ်ကို သက်သာရာရစေပါတယ်။ စိတ်ဖိစီးခြင်းကြောင့် ဆေးလိပ်၊ အရက် စတာတွေ သုံးစွဲမိမယ်ဆိုရင်လည်း လိင်မှုကိစ္စကို ထိခိုက်စေပါတယ်။

    ၅။ ဆေးလိပ်၊ အရက်ရှောင်ပါ

    ဆေးလိပ်နဲ့ အရက်ဟာ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကို ထိခိုက်မှုဖြစ်စေပါတယ်။ ဝိုင်နီအနည်းငယ်သောက်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာ ဆန့်ကျင်ဘက်ဖြစ်သွားစေနိုင်ပါတယ်။

    ဆေးလိပ်မှာပါဝင်တဲ့ ဓာတ်များဟာ သွေးကြောများကို ကျဉ်းမြောင်းစေပြီး ပန်းသေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်နေရင်တော့ ဖြတ်တာအကောင်းဆုံးပါပဲ။

    ၆။ နားလည်တတ်ကျွမ်းသူကို တိုင်ပင်ပါ

    ပန်းသေပန်းညှိုးရောဂါရှိလာရင်၊ လိင်ပိုင်းဆိုင်ရာ အလိုမပြည့်မှုတွေကို နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ မထိရောက်ရင် ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ အထောက်အထားမရှိတဲ့ ဆေးမြီးတိုများသုံးစွဲခြင်း၊ နည်းလမ်းများကို လုပ်ဆောင်ခြင်းများ မပြုလုပ်သင့်ပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement