Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ကိုဗစ်က ပြည်တွင်းကူးစက်မှု မရှိသလောက် ဖြစ်သွားပြီဆိုပေမယ့် ကာကွယ်မှုကတော့ ဆက်လက်လုပ်ဆောင်နေရဆဲကာလပါ။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း mask တပ်ရတာ၊ မကြာခဏ လက်ဆေးတာစတဲ့ ကိုဗစ် ကာကွယ်ရေး အလေ့အထတွေကိုတော့ ဆက်လက်လုပ်ဆောင်နေရဆဲပါ။
Mask တပ်တာက သာမန်လူတွေအတွက် အခက်အခဲမရှိပေမယ့် မျက်မှန်တပ်ရသူတွေ အတွက်ကတော့ အခိုးရိုက်တာကြောင့် မျက်မှန် မှုန်ဝါးတာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တာ့ ကိုဗစ်ကာလမှာ မဖြစ်မနေ မတ်ခ် တပ်နေရတဲ့ မျက်မှန်သမားလေးတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

ကိုဗစ် ကာကွယ်ဖို့အတွက် Mask တပ်ရင်း မျက်မှန်မှာ အခိုးရိုက်ပြီး မှုန်ဝါးဝါး မဖြစ်စေဖို့ဆိုရင်

ရေနဲ့ ဆပ်ပြာ

ရေနဲ့ဆပ်ပြာမှုန့် ဒါမှမဟုတ် ဆပ်ပြာရည် ခပ်ကျဲကျဲဖျော်ထားတာကို သုံးပြီး မျက်မှန်ကို ဆေးလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချတာမျိုး၊ တစ်သျှူးတွေနဲ့ သန့်စင်တာမျိုး မလုပ်ဘဲ မျက်မှန်ကနေ ရေတွေ စင်သွားအောင် ခါပြီး လေသလပ်ခံလိုက်ပါ။ ခြောက်သွားမှ တစ်သျှူးစ နုနုလေးနဲ့ မျက်မှန်ကို ခပ်ဖွဖွလေး သုတ်ပေးပါ။

ဒီလိုလုပ်ပေးတာက အသက်ရှူတာကြောင့် မျက်မှန်မှာ ရေငွေ့ရိုက်တာကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ တစ်ကြိမ် ပုံမှန်လုပ်ပေးဖို့တော့ လိုပါမယ်။

တစ်သျှူး

Mask ရဲ့ အထက်ပိုင်းမှာ တစ်သျှူးကို မထူမပါးလေး ခေါက်ပြီး ခံထည့်လို့ Mask ကို ဝတ်ပေးတာကလည်း ချွေးနဲ့အသက်ရှူတာကြောင့် မျက်မှန်မှာ ရေခိုးရိုက်တာကို သက်သာစေနိုင်ပါတယ်။ တစ်သျှူးမှာ ချွေးစိုသွားတဲ့အခါ အသစ်လဲပေးဖို့တော့ လိုပါမယ်။ ဒီလိုလုပ်ပေးတာက မျက်မှန် ရေခိုးမရိုက်စေဖို့ ကာကွယ်ရုံတင် မဟုတ်ဘဲ Mask တပ်ရတာကိုလည်း သက်သာစေနိုင်ပါတယ်။

Mask အပေါ်ဘက်ကို သေချာ လုံခြုံအောင် ပိတ်ပါ

အသက်ရှူလိုက်တိုင်း မျက်မှန်မှာ အခိုးမရိုက်စေဖို့ဆိုရင် Mask တပ်တဲ့အခါ နှာခေါင်းနားက ဖိရမယ့် သတ္တုပြားလေးကို သေချာလေး လုံလုံခြုံခြုံ ဖိလိုက်ပါ။ ဒီလိုလုပ်တာက မျက်မှန်မှာ ရေငွေ့ရိုက်တာကို သက်သာစေနိုင်ပါတယ်။ တစ်ခါသုံး Mask တွေကတော့ အဲ့လိုလုပ်ဖို့ မလွယ်ကူပါဘူး။ N95 လို Mask အမျိုးအစားတွေကို အသုံးပြုပေးတာကတော့ မျက်မှန်မှာ အခိုးရိုက်တာကို သက်သာစေမှာပါ။

Mask ကို အပေါ်ပိုင်းကို လွှတ်ထားပေးပါ

မျက်မှန်မှာ ရေခိုးရိုက်တာ သက်သာစေဖို့ဆိုရင် မျက်မှန်အောက်ဘက်မှာ Mask ကို ကပ်ဝတ်တာက အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ​Mask အပေါ်ပိုင်းကို နည်းနည်းလောက် ခေါက်လိုက်ပြီး မျက်မှန်နဲ့ ​Mask ကြားမှာ လေဝင်လေထွက် အဆင်ပြေစေဖို့ နေရာပေးလိုက်တာက မျက်မှန်မှာ ရေခိုးရိုက်တာကို သက်သာစေနိုင်မှာပါ။ လူထူထပ်တဲ့ နေရာကို သွားရင်​တော့ ဒီနည်းလမ်းက အဆင်မပြေလှပါဘူး။

တံထွေး

မျက်မှန်မှာ ရေခိုးမရိုက်အောင် လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက အလွယ်ကူဆုံးပါ။ ဒါကတော့ တံထွေးကို အသုံးပြုတာပါ။ တံထွေးက ရေမဟုတ်လို့ ဆပ်ပြာလိုပဲ အခိုးရိုက်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဒါကြောင့် တစ်သျှူးစ ဒါမှမဟုတ် အဝတ်စမှာ တံထွေးလေးဆွတ်ပြီး မျက်မှန်ကို တိုက်ပေးပါ။ ပြီးရင် အခြောက်မသုတ်ဘဲ လေသလပ်ခံလိုက်ပါ။

[covid]

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ်

မိုးရေ၊ Soft Water၊ ဘေးထွက်ဆိုးကျိုး၊ Neutral pH၊ Sensitive skin၊ ဆပ်ပြာ၊ လန်းဆန်းစေတာ၊ စိတ်လက်ပေါ့ပါးစေတာ၊ ဟိုမုန်းပမာဏ၊ ထိခိုက်ရှနာ၊ အကျက်မြန်စေတာ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုယ့်လုပ်ငန်းခွင်ထဲက ဘက်တီးရီးယားပိုးမွှားတွေ အများဆုံး ရှင်သန်ရာနေရာများ

လုပ်ငန်းခွင်၊ စားပွဲ၊ ပစ္စည်းကိရိယာ၊ စာရွက်၊ ရောဂါပိုးမွှား၊ ဘက်တီးရီယား၊ ဘေစင်၊ ဆပ်ပြာ၊ Vending Machines၊ ရုံး၊ အိမ်သာ၊ ကွန်ပျူတာ၊ ဗိုင်းရပ်စ်၊ မှို၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

တုပ်ကွေးမမိအောင် ကာကွယ်ပေးမယ့် အလေ့အထများ

တုပ်ကွေး၊ ဖျားနာ၊ ရာသီတုပ်ကွေး၊ Mask၊ Gym equipment၊ Wiper၊ လေ့ကျင့်ခန်း၊ မျက်နှာ၊ လက်ချောင်း၊ အိမ်သာ၊ ရေကမုတ်၊ Hair Dryer၊ လက်သန့်ဆေးရည်၊ လက်ဆွဲနှုတ်ဆက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ ဇွန် 17, 2020 . 2 ဖတ်ရန် ကြာချိန်

ဘာကြောင့် ခုချိန်မှာ Gym သွားဖို့ အန္တရာယ်များနေသေးတာလဲ

Mask ကိုယ်ပူ ချောင်းဆိုး လေ့ကျင့်ခန်း အသက်ရှူခြင်း ရောဂါပိုး အရက်ပြန် အဖျား တံတွေး Gym Covid-19 ကပ်ဘေးကာလ အသက်ရှူလမ်းကြောင်း အဆုတ်ရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 ဇွန် 16, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 1 ဖတ်ရန် ကြာချိန်

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်