အခုကာလမှာ ရောဂါကူးစက်နှုန်း နည်းလာသလို သက်သာတဲ့ အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ ဒီလိုဆိုတာနဲ့ ခပ်ပေါ့ပေါ့နေမယ် အရင်လိုပဲ အပြင်သွားမယ်ဆိုတာတွေ လုပ်လို့ မဖြစ်သေးပါဘူး။ ပြည်ပရောက်မြန်မာတွေ ပြန်ဝင်လာမှာရှိနေသေးသလို ရောဂါပိုးရှိနေမှန်း လက္ခဏာမပြဘဲ သယ်ဆောင်နေသူ silent carrier တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒီတော့ အကောင်းဆုံးက ရောဂါ ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းနေစေဖို့ ကိုဗစ် ရဲ့ Second wave ကို ဘယ်လို အကောင်ဆုံးကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စဉ်းစားထားကြရုံပါ။