အခုလို COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ကို စိုးရိမ်နေရတဲ့ အခြေအနေမျိုး မှာ မဖြစ်မနေ ခရီးသွား ရတော့မယ် ဆိုရင်တော့ ကာကွယ်မှု အတွက် ဒီအချက်တွေကို သိကို သိထားသင့်ပါတယ် –
ကျန်းမာရေးဌာန တွေ ရဲ့ ခရီးသွား အကြံပြုချက် ကို လိုက်နာပါ။
ပြည်တွင်း ဖြစ်စေ၊ ပြည်ပ ဖြစ်စေ ခရီးသွားမယ် ဆိုရင် ကျန်းမာရေးဌာန တွေက ထုတ်ပြန် ကြေညာ ပေးထားတဲ့ ရောဂါ ကာကွယ်ရေးလမ်းညွှန်တွေ ကို လေ့လာ ထားသင့်၊ လိုက်နာသင့် ပါတယ်။
ခရီးတစ်လျှောက်မှာ တွေ့တဲ့သူတွေနဲ့ နီးကပ်စွာမနေဖို့၊ ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ဖို့ (ဥပမာ လက်ဆွဲနှုတ်ဆက်တာ)၊ လူပြည့်ကျပ်တဲ့ အများသုံးပို့ဆောင်ရေးတွေ မစီးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ပြည်တွင်း ရော၊ ပြည်ပ ပါ ခရီးသွားလာမှု လျှော့ပါ။
ခရီးသွားလာမှုကို အတင်းအကျပ် မကန့်သတ်ထားပေမယ့် တတ်နိုင်သလောက် ခရီးမသွားတာ ကောင်းပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေ၊ နာတာရှည် ရောဂါအခံ ရှိသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများတာ ကြောင့် အထူး သတိထားသင့်ပါတယ်။
တကယ်လို့ ကိုယ်ဟာ –
- နှလုံးရောဂါ
- ဆီးချိုသွေးချို ရောဂါ
- ပန်းနာရင်ကျပ်၊ လေပြွန်ရောင် တို့လို အဆုတ် နဲ့ ဆိုင်တဲ့ ရောဂါတွေ
- နာတာရှည် ကျောက်ကပ်ရောဂါ
- အသည်းရောဂါ တွေ
- ကိုယ်ခံအား နဲ့ ဆိုင်တဲ့ ရောဂါတွေ ရှိရင် ၊
- ကိုယ်ဝန်ရှိနေရင်
- ဦးနှောက် နဲ့ အာရုံကြောရောဂါ ရှိရင် COVID-19 ကူးစက်ခံရနိုင်ခြေ သူများထက် ပိုများပါတယ်။
လက်ကို စနစ်တကျ ဆေးပါ၊ မကြာခဏဆေးပါ။
အကြိမ် တစ်ရာမက၊ တစ်ထောင်မက ကြားဖူးနေမှာပါ။ တကယ်တော့ ဒီလောက် ပြောနေတာ မလုံလောက်သေးပါဘူး။ စင်အောင်ဆေးပါ၊ မှန်ကန်အောင် ဆေးပါ။
ကား၊ ရထား၊ လေယာဉ်၊ သင်္ဘော တို့ပေါ်မှာ လက်ဆေးလို့ မလွယ်ရင် လက်သန့်ဆေးရည် ဆောင်ထားပါ။ ဆေးရည်ကို လက်ဖဝါးထဲ ထည့်၊ လက်ဖဝါးကို ပွတ်ပါ၊ လက်ချောင်းကြားချင်း ပွတ်ပါ၊ လက်ဖမိုး တွေပါ သန့်ပါ။
ကိုယ်စီးတဲ့ ယာဉ်မှာ တန်းကိုင်၊ ခုံကိုင်ပြီးရင် လက်ဆေးပါ၊ အစားအသောက် မစားခင် လက်ဆေးပါ၊ နှာချေ၊ ချောင်းဆိုးပြီးရင် လက်ဆေးပါ၊ သန့်စင်ခန်းအထွက်မှာ လက်ဆေးပါ။
လက်သန့်ဆေးရည် ကို အယ်လ်ကိုဟော ပါဝင်မှု များတာ ရွေးဝယ်ပါ။
လက်သန့်ဆေးရည် ဖြစ်တိုင်း မကာကွယ်ပေးနိုင်ပါဘူးနော်။ အယ်လ်ကိုဟော ပမာဏ အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်မှ ရောဂါပိုးကို ကာကွယ် သန့်စင် ပေးနိုင်ပါတယ်။
လက်သန့်ဆေးရည် သုံးပြီး လက်အမြန်ခြောက်အောင် တစ်ရှူး နဲ့ မသုတ်ပါနဲ့။ သည်အတိုင်း လေသလပ်ပြီး ခြောက်ပါစေ။
တတ်နိုင်သလောက် မျက်နှာကို မထိ၊ မကိုင်ပါနဲ့။
ဗိုင်းရပ်စ်က နှာခေါင်း၊ ပါးစပ်၊ မျက်စိ တို့လို လမ်းကြောင်းတွေကနေ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တာ ဖြစ်လို့ မသန့်စင်ထားတဲ့ လက်နဲ့ မျက်နှာကို ထိတွေ့ခြင်းက ရှောင်ကြဉ်ပါ။
လိုအပ်ရင် နှာခေါင်းစည်း တပ်ပါ။
ကိုယ်က နာမကျန်းဖြစ်နေတာ ဒါမှမဟုတ် ကိုယ့်အနီးအနား ထိုင်တဲ့သူက နေမကောင်းတာ (နှာခေါင်းစည်း မပါဘူးဆိုရင်) နှာခေါင်းစည်းသုံးပြီး ကာကွယ်သင့်ပါတယ်။ တစ်ခုရှိတာက တပ်ဆင်နည်း မှန်ကန်ရမယ်၊ လက်နဲ့ မကြာခဏ မကိုင်ရဘူး၊ သေချာ စနစ်တကျ စွန့်ပစ်ရမယ် ဆိုတာ မမေ့ပါနဲ့။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။