ပွေးပေါက်ခြင်း
ကျနော် လိင်အင်္ဂါ ဉဉ လေးတွေမှာ ပွေးပေါက်နေတာကြာပါပြီ။ အသိတစ်ယောက်ပြောတဲ့ Zema ဆိုတဲ့ ဆေးကို လွန်ခဲ့တဲ့ ၂ရက်က လိမ်းခဲ့ပါတယ်။ အရမ်းစပ်ပါတယ်။ အခုဆို ဉဉ တစ်ခုလုံး အရေခွံတွေခြောက်နေပါတယ်။ ခွာကြည့်တော့ အရမ်းစပ်ပြီး အနာစိမ်းလို ပြန်ဖြစ်သွားပါတယ်။ စိုးရိမ်စရာရှိလားဗျ။ပျောက်ကင်းအောင်ဘယ်လိုကုသရမလဲဗျ
မျက်နှာမှာပွေးပေါက်တာေမြွနှစ်ကောင်လိမ်းလိုက်တာအနာဖြစ်သွားတယ်
ZEMA ဆိုတာ အစိမ်းရောင်ပုလင်းအရည်လေးကို ပြောတာနဲ့ တူပါတယ်။ အဲ့ပုလင်းဆိုရင်တော့ အဲ့မှာပါတာက salicylic acidပါ။ သူက အသားခြောက်စေတတ်ပါတယ်။ ဒါကြောင့် အသားခြောက်ပြီး အရေခွံကွာတာပါ။
အဲ့ဆေးကို ဆက်မလိမ်းပါနဲ့တော့။ အရင်ဆုံး နီးရာဆေးခန်းမှာ ပြသပြီး ပွေးဟုတ်မဟုတ် စစ်ဆေးပါ။ လိုတဲ့ဆေးကို ဆရာဝန်က ပေးပါလိမ့်မယ်။
အရေပြားပြဿနာတွေ ဖြစ်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေလိမ်းတာကြောင့် ဖြစ်တဲ့ရောဂါအပြင် ဆေးလိမ်းလို့ ဖြစ်တဲ့ပြဿနာပါတိုးပြီး ကုရခက်တာ၊ ရောဂါလွဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘာရောဂါမှန်း သေချာ မသိရင် ဆေးမလိမ်းပါနဲ့။ အထူးသဖြင့် လိင်အင်္ဂါနေရာဆို ပိုပြီးသတိထားဖို့ လိုပါတယ်။