စကားထစ်ခြင်း၊စကားပြောရမှာကြောက်ခြင်း၊စကားလုံးများထွက်မလာခြင်း
ကျနော်စကားထစ်တာက၆တန်းလာက်ကတည်းကစဖြစ်ခဲ့တာ။ဆရာမကတစ်ယာက်ချင်းစာမေးတာကနေစဖြစ်ခဲ့တာပါ။ဆရာမက အဲ့တစ်ယာက်ထ ဆိုတာနဲ့တစ်ခဏတာခါင်းထဲမှာဘာမှမရှိတာ့ဘဲ ပြောရမယ့်စကားလုံးတွေမထွက်လာတော့ဘူး။ဘာဆိုရမလဲဆိုတာသိတယ် ဒါပေမယ့်ပါးစပ်ကအဲ့စကားလုံးတွေထွက်မလာဘူး။သူငယ်ချင်းကတော့ နှစ်သိမ့်ပေးပါတယ်။အဲ့ကနေစိတ်ထဲမှာအစိုင်အခဲတစ်ခုကကြီးထွားလာခဲ့တယ်။အခု ကျနော့်အသက်၁၇ ရောက်တဲ့အထိ အဲ့ကိစ္စကိုအာရုံစိုက်မိနေတုန်းပဲ ကျနော့်ကိုယ်ကျနော်လည်း ယုံကြည်မှုမရှိဘူး။ကျူရှင်တက်တုန်းကဆို ကျူရှင်ကသူတွအကုန်လုံးက ကျနော့်ကိုထူးဆန်းတဲ့လူလိုမျိုးဝိုင်းကြည့်တာခံဖူးတယ်။သမိုင်းတို့ ပထဝီတို့ဆိုတခြားသူတွေကဆရာမဆီမှာသွားဆိုကြပေမယ့် ကျနော်ကတော့ ရေးဖြေရတယ်။ အဲ့တုန်းကလည်း ဆရာမကိုကျနော့်ချို့ယွင်းချက်ကိုပြောပြရတာပင်ပန်းတယ်။ အဲ့တုန်းက ကျုရှင်ကသူငယ်ချင်းတစ်ယောက်က "နင့်လည်ပင်းထဲမှာအလုံးတစ်လုံးရှိနေတာလားမသိဘူး"တဲ့ အဲ့တာကြောင့် ကျနော့် အမေကို ကျနော့်ကိုလည်ပင်းခွဲပေးဖို့တောင်ပြောခဲ့ဖူးတယ်။ လူအသစ်တွေနဲ့တင်မဟုတ်ပဲ တခြားကိုယ်နဲ့ခင်ဖူးသားလူတွေနဲ့လည်းစကားပြောရမှာပင်ပန်းတယ်။ ဒီကိစ္စကြာင့် ကျနော်စိတ်ဝင်စားတဲ့အလုပ်ကိုလည်းစိတ်လျှော့လိုက်တယ်။ အဲ့ပြဿနာကTruma တွေကြောင့်လည်းပါမယ်ထင်တယ်။ အဲ့ပြဿနာကိုဖြေရှင်းဖို့ ကျနော့်ကိုဆရာဝန်နဲ့ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ကျနော့်အိမ်ကိုတစ်ခါမှမပြောဖူးဘူး ဘယ်ကနေစပြောရမလဲဆိုတာကိုလဲမသိဘူး။
ဒီပြဿနာကို စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်လို့ ရပါတယ်။ ခုပြောပြတဲ့ပုံစံအရ စိုးရိမ်စိတ်တွေ များနေတာ၊ စကားထစ်နေတာကို သူများတွေ လှောင်မှာ စိုးရိမ်နေတာ၊ ခွဲခြားဆက်ံခံနေရတာကြောင့် (ဥပမာသူများတွေကို စာဆိုခိုင်းချိန်မှာ ကိုယ့်ကျ ချရေးခိုင်းတာ) မပျောက်ဘဲ ပိုပိုဆိုးနေတာ ဖြစ်နိုင်ပါတယ်။
ဆရာမရဲ့ အသိတစ်ယောက်ဆိုရင်လည်း ငယ်ငယ်တည်းက သူ့ဆရာမကို ကြောက်ပြီး စကားထစ်တာ၊ အခုဆိုရင်တော့ ပုံမှန်အတိုင်းပဲ ပြန်ပြောနိုင်ပါပြီ။ သူဆိုရင် စိတ်လှုပ်ရှားရင် ပိုထစ်တယ်။ အဲ့တော့ ဘေးနားက မိသားစုဝင်တွေက စိ်တ်မလှုပ်ရှားနဲ့ ဖြည်းဖြည်းပြောဆိုပြီး သူပြောတာကို စောင့်ပြီး နားထောင်ပေးတယ်။ အဲ့လိုမျိုးနဲ့ ဖြည်းဖြည်းချင်း ပျောက်သွားတာပါ။