ကိုယ်ဝန်ဆောင်ကာလ ၂၉ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာ
29 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
29 ပတ် ကျတော့ ခေါင်းကနေ ဖနောင့်အထိကို ၁.၁ ကီလို ၃၉.၃ စင်တီမီတာလောက်ရှိပါပြီ။ ကလေးက လှုပ်တာ ပိုသိသာလာပါတယ်။ အစက နည်းနည်းလေးလှုပ်ရာကနေ အခုဆို မေမေတို့ အသက်ရှူအောင့်လောက်အောင် ထိုးတတ်နေပါပြီ။ ကလေးလေးက၂၄ နာရီကို အနည်းဆုံး ၁၀ ကြိမ် လှုပ်ရမှာပါ။ ကလေးလေးလှုပ်တာနည်းလာတယ်လို့ သတိထားမိရင် လှုပ်တာကို ရေထားပါ။ နည်းနေရင်တော့ ဆရာဝန်ဆီသွားပြကြပါ။
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
အရင်က ရင်ပူရင်ဆာဖြစ်တာ၊ ဝမ်းချုပ်တဲ့ လက္ခဏာတွေ ပြန်ပေါ်လာလို့ နေရထိုင်ရတာ မသက်မသာဖြစ်နေလောက်ပြီပေါ့။ အကြောင်းကတော့ ကိုယ်ဝန်ဟော်မုန်းပရိုဂျက်စတုန်းက ကြွက်သားတွေကို ဖြေလျှော့လိုက်တာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေပါ ပါသွားလို့ပါ။ ဒါကြောင့် မကြာခဏ လေတက်ပြီး မအီမသာဖြစ်စေတဲ့အပြင် ဝမ်းပါချုပ်စေပါတယ်။
ကြီးထွားလာတဲ့ သားအိမ်ကလည်း လိပ်ခေါင်းဖြစ်နိုင်ခြေကို များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စအိုဝတစ်ဝိုက်က သွေးကြောတွေ ဖောင်းလာတတ်ပါတယ်။ ကံကောင်းတာက ဒီသွေးကြောတွေက မွေးပြီးတဲ့အပတ်ကျရင် သက်သာသွားမှာဆိုတော့ သိ
... ပိုမိုကြည့်ရှုရန်
















