ရှေးလူကြီးတွေရဲ့ ကိုယ်ဝန်ဆောင်ချိန် သားသားမီးမီး ခွဲခြားခြင်း
ခုခေတ်မှာတော့ သားလေးလား သမီးလေးလားဆိုတာကို အယ်ထွာဆောင်းထောက်ရုံနဲ့ သိတယ်ဆိုပေမယ့် အရင်ခေတ်တွေတုန်းက ဒါမျိုးတွေ မရှိတော့ အယူအဆတွေနဲ့ပဲ ပြောကြတာပေါ့။ ဥပမာ
- ဗိုက်စူနေရင် သမီးလေးမွေးမှာတို့၊ ဗိုက်အောက်စိုက်နေရင် ယောကျ်ားလေး ကိုယ်ဝန်တို့
- အသားစားလွန်းရင် သားလေးမွေးမယ်တို့
- ကိုယ်ဝန်နုချိန်မှာ တအားအန်နေရင် မိန်းကလေးမွေးမှာတို့ ဒီလိုမျိုးလေးတွေ ရှိတတ်ပါတယ်။
ဒါ့ပြင်
- အိပ်မက်က ဘာမက်ရင် ဘာလေးမွေးမှာ ရှိသလို
- တရုတ်တွေမှာဆို လအလိုက် သားမွေးမလား၊ သမီးမွေးမလား ပြက္ခဒိန်တွေတောင် ရှိပါသေးတယ်။
ဒါတွေက မှန်သလားဆိုတော့ သိပ္ပံနည်းကျမဟုတ်တော့ မှန်တဲ့အခါမှန် လွဲတဲ့အခါ လွဲပေါ့။ ရွေးစရာကလည်း သားရယ်၊ သမီးရယ် နှစ်ခုပဲရှိတာဆိုတော့ ၅၀−၅၀ပေါ့။
ဒီခေတ်မှာတော့ အလွယ်ဆုံးနည်းက အယ်ထွာဆောင်းရိုက်တာပါပဲ။ ကလေးနေတဲ့ပုံစံပေါ် မူတည်ပြီး လွဲတာဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ မှန်ပါတယ်။
ဘာလေးပဲဖြစ်ဖြစ် ကိုယ့်ကလေးပဲမို့လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာအောင်နေကြဖို့ တိုက်တွန်းလိုပါတယ်။