တချို့မေမေတွေက သီတင်းကျွတ်ရောက်ရင် ဗျောက်အိုးသံ၊ ငရဲမီး ဆော့သံတွေ ကြားရင် ကြောက်ကြပါတယ်။ ဒီအသံတွေကြောင့် လန့်ပြီး ကိုယ်ဝန်ပျက်မလားလို့လည်း စိုးရိမ်ကြပါတယ်။
လေ့လာချက်တွေအရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုကြောင့် ထိတ်လန့်တာက ကိုယ်ဝန်ပျက်တာကို မဖြစ်စေပါဘူးတဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေရဲ့ စိတ်ကျန်းမာရေးက အရေးကြီးတယ်ဆိုပေမယ့် တော်ရုံလန့်တာ၊ စိတ်ဖိစီးတာက ပြဿနာ မဟုတ်ပါဘူး။
မေမေက ဒီအသံတွေကို မခံနိုင်ရင် ပတ်ဝန်းကျင်မှာ ကလေးတွေ ဆော့ပြီဆိုတာနဲ့ နားထဲမှာ သာယာတဲ့ အသံလေးတွေကို ဖွင့်ထားနိုင်ပါတယ်။
မေမေတို့ ကိုယ်တိုင်ကတော့ ဗျောက်အိုးဖောက်တာတွေ မလုပ်ရင်ကောင်းပါတယ်။ တချို့မေမေတွေက ဒါကို ချင်ခြင်းတပ်တက်ကြလို့ပါ။ ယမ်းငွေ့တွေက မေမေတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိင်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာတွေလည်း ဖြစ်နိုင်ပါတယ်။