ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း ကောင်းသလား
ဒီမေးခွန်းကအတော်ဖြေရခက်တဲ့မေးခွန်းပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ခြင်းဟာ ကိုယ်ဝန်ရှိနေပြီဆိုတာကို ဖော်ပြနေတဲ့ အတွေ့ရများတဲ့ လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာ ၆ ပတ်လောက်မှာ စတင်ခံစားရပြီး ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်လောက်မှာ သက်သာသွားနိုင်ပါတယ်။
ဒီလိုပျို့အန်တာက မနက်ခင်းမှာ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်သလို တစ်နေ့လုံးမှာလည်း ခံစားရနိုင်ပါတယ်။ လေ့လာချက်တွေ အရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာက ကိုယ်ဝန်ဆောင်မေမေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့်ပါတဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရဲ့ ခန္ဓာကိုယ်ကနေ horionic gonadotropin (HCG) ဟော်မုန်းကိုထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိမှုကပဲ ပျို့အန်မှုကို ဖြစ်စေတာပါ။
အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေမှာတော့ ပိုဆိုးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် တစ်ယောက်အတွက်ပျို့အန်တာပုံမှန်ပဲဆိုပေမယ့်နေလို့ထိုင်လို့မကောင်းတာမျိုးဖြစ်စေတဲ့အပြင်ပျို့အန်တာလူကိုပင်ပန်းနွမ်းနယ်စေပါသေးတယ်။
ဒီလို ပျို့အန်တာကို သက်သာစေဖို့အတွက် ဆိုရင်
- အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေ
... ပိုမိုကြည့်ရှုရန်















