ဆီးချိုရှိတယ် ကိုယ်ဝန်ဆောင်လို့ ဖြစ်ပါ့မလား!
ကျန်းမာတဲ့ စုံတွဲအတွက် ကလေးယူတယ်ဆိုတာက သိပ်ပြီး စဉ်းစားရမယ့် အကြောင်း မရှိပေမယ့် ကျန်းမာရေးပြဿနာအခံ ရှိတဲ့ စုံတွဲတွေမှာတော့ ကလေးယူဖို့ဆိုရင် စဉ်းစားရတဲ့ အချက်တွေက အများကြီးပါ။
အထူးသဖြင့်ကတော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားမယ့် မေမေ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေရင် ပိုပြီး စဉ်းစားရပါတယ်။ ကလေးကိုရော ကျန်းမာရေးပြဿနာက ကူးစက်မလား .... ကလေးက ကျန်းမာပါ့မလားဆိုပြီးတော့ပေါ့။
ဒီတစ်ခေါက်တော့ ဆီးချိုရှိနေတဲ့ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု ဖြစ်တဲ့ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးကို ပြောပြပေးချင်ပါတယ်။
ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား! ဆိုတော့ ရပါတယ်။ ဒါပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိတာပေါ့။ မေမေက အမျိုးအစား -၁ ဆီးချိုရောဂါ ရှိလို့ပဲ ဖြစ်စေ၊ အမျိုးအစား -၂ ဆီးချိုရောဂါ ရှိလို့ပဲဖြစ်စေ ဆီးချိုရောဂါ ရှိနေမယ်။ ဒါပေမယ့် ကလေးယူဖို့လည်း အစီအစဉ် ရှိတယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန်ယူကြဖို့ စီစဉ်သင့်ပါတယ်။ ကလေးယူတော့မယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကလေးမယူခင်မှာ မေမေ့အနေနဲ့ သွေးတွင်းသကြားဓ
... ပိုမိုကြည့်ရှုရန်
















