ကလေးကို ကျန်းမာစေဖို့ ထွားစေဖို့ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ငါးကြီးဆီကို တိုက်ဖြစ်ကြတယ်နော်။ တိုက်ဆိုလို့ လူကြီးတွေ ပြောလို့သာ တိုက်နေရတယ် ဘာရယ် ရေရေရာရာ မသိဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မယ် ထင်ပါတယ်နော်။
🔹ငါးကြီးဆီ ဘာလို့ တိုက်ခိုင်းကြတာလဲ!
အကြောင်းကတော့ ငါးကြီးဆီမှာ ကလေးတို့ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ omega-3 fatty acid ပါဝင်နေလို့ပါ။ ကလေးတော်တော်များများက ငါးကြိုက်တယ်ဆိုတာက ခပ်ရှားရှားလေ။ နောက်ပြီး ရှိနိုင်တာလေး တစ်ခုက ကလေးကို ပြင်ဆင်ပေးတဲ့ မေမေကိုယ်တိုင်က ငါးမကြိုက်တာမျိုး ဆိုရင်ပေါ့။ဒီတော့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ omega-3 fatty acid ကို နေ့စဉ် ငါးစားသုံးမှုကနေ ရဖို့ခက်သွားတဲ့အခါ ကြီးထွားမှုကို မထိခိုက်စေဖို့ ငါးကြီးဆီကို တိုက်ခိုင်းကြတာပါ။
🔹သားသားမီးမီးတို့နဲ့ omega-3 fatty acid လိုအပ်ချက်
အသက်၂နှစ်မှ ၈နှစ်အတွင်းရှိ ကလေးတွေအနေနဲ့ တစ်ပတ်ကို ၉၃၃၁ ဂရမ်ကနေ ၁၈၆၆၂ ဂရမ်
အသက် ၉နှစ်နဲ့အထက် ကလေးတွေကတော့ ၂၄၈၈၃ဂရမ် ကနေ ၃၁၁၀၃ ဂရမ် လိုအပ်မှာပါ။ ဒီလိုအပ်ချက်ကို ငါး