ကလေးမွေးပြီး နို့တိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ သားဦးမေမေတွေဆို ပိုတောင် လိုပါသေးတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကပိုကြီးလာလို့ သက်သောင့်သက်သာ မဖြစ်တာလည်း ပါပါတယ်။
နို့တိုက်ရတာလွယ်ပြီး အမေလည်း သက်သောင့်သက်သာဖြစ်စေဖို့
−နို့တိုက်ခေါင်းအုံး ဝယ်ထားပါ။
ကလေးကို ပွေ့ပြီး ကြာကြာတိုက်နိုင်ဖို့ ပေါင်ပေါင် တင်ပြီးတိုင်နိုင်ပါတယ်။ ရိုးရိုးခေါင်းအုံးတွေနဲ့လည်း ကွာပါတယ်။
−ကိုယ်နဲ့ တော်တဲ့ ဘရာဝတ်ပါ။
ရင်သားက တင်းနေတဲ့အခါကျတော့ ဘရာဆိုဒ် အံမဝင်ရင် နာနေနိုင်ပါတယ်။ ဘရာဆိုဒ်ကြီးကြီး ရင်သားကို ပင့်နိုင်တာမျိုး ဝတ်ပေးပါ။
−Breast pump ဝယ်ထားပါ။
စစချင်း နို့သိပ်မထွက်တာဖြစ်ဖြစ်၊ နို့ထွက်များပြီး ကလေးက လိုက်မစို့နိုင်လို့ ရင်သးတင်းနေတာ ဖြစ်ဖြစ် ပန့်လေးနဲ့ ညှစ်ထုတ်နိုင်ပါတယ်။ အလုပ်သွားမယ်ဆိုရင်လည်း နို့ကို ညှစ်ပြီး သိမ်းထားခဲ့လို့ ရပါတယ်။
−နို့တိုက်အင်္ကျီဝတ်ပါ။
ရင်ဘတ်မှာ ဇစ်ပါတဲ့ အင်္ကျီတွေလိုမျိုးပါ။ နို့တိုက်မယ်ဆိုရင် အင်္ကျီလှန်နေစရာ မလိုတော့ပါဘူး။ အပြင်သွားလို့ နို့တိုက်မယ်ဆိုရင်လည်း လုံလုံခြုံခြုံတိုက်နိုင်ပါတယ်။
−Breast