ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မောပန်းလွယ်ခြင်း၊ မနက်ပိုင်း ပျို့အန်ခြင်း၊ သားအိမ်ခေါင်းအချွဲဆင်းခြင်းတွေ အပြင် မိန်းမကိုယ်ယားယံခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ် ဘာကြောင့် ယားယံရတာလဲ? ဒီလိုပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်လိုက်နော်။

0
61
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ကာလ တတိယအပတ်မှာ သိကောင်းစရာများ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်...?

မိမိကိုယ်တိုင်ကမသိပေမယ့် ကလေးလေးကတော့ မေမေ့ဝမ်းထဲကနေစပြီး ကြီးထွားဖွံ့ဖြိုးလာနေပြီနော်။ မျိုးအောင်ထားတဲ့ဥလေးက ဆဲလ်စကွဲနေပါပြီ။ မျိုးအောင်ပြီးနာရီ ၃၀အကြာကျရင် ဆဲလ်၂ခုဖြစ်သွားမှာပါ။ ဒီလိုနဲ့၂လုံးကနေ ၄လုံး၊ ၄လုံးက ၈လုံး၊ ပြီးတော့

သားဥပြွန်ကနေ သားအိမ်ထဲမရောက်မချင်း ကွဲသွားမှာပါနော်။ ဒီလိုမျိုးသားအိမ်ဆီသွားတာ သန္ဓေသားလောင်းဆဲလ်လေးတွေ ဘောလုံးလေးလိုစုပြီးတော့ သွားတာပါ။

သန္ဓေသားလောင်းလေးက အလည်မှာ အခေါင်းပေါက်ဖြစ်လာပြီး အရည်တွေနဲ့ပြည့်လာတာကို ဘလက်စ်စတိုးစစ်လို့ခေါ်ပါတယ်။ ဒီအပတ်ကုန်ခါနီးရင် ဘလက်စ်စတိုးစစ်လေးကသားအိမ်နံရံမှာသွားတွယ်တော့မှာပါနော်။ ဒါကိုသန္ဓေသားကပ်တွယ်ခြင်းလို့ ခေါ်ပါတယ်။ သားအိမ်မှာတွယ်ကပ်လိုက်တာက အရေးပါတဲ့တွယ်ကပ်မှုပါနော်။ ဘာလို့လဲဆိုတော့သားအိမ်နံရံက အချွဲတွေကသားနေ သားလောင်းလေးကို အာဟာရတွေထောက်ပံ့ပေးတယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးလို့ပါ။ ဒီတွယ်ကပ်ထားတဲ့နေရာကနေ အချင်းဖြစ်လာပြီးတော့ သားသားမီးမီးလေးကို ၉လလုံးလုံး အာဟာရတွေပေးပါလိမ့်မယ်နော်။


မေမေတို့ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦ

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ တတိယအပတ်မှာ သိကောင်းစရာများကိုယ်ဝန်ဆောင်ကာလ တတိယအပတ်မှာ သိကောင်းစရာများ
0
1
မှတ်ချက် 0 ခု
မေမေတို့ နို့ထွက်ကောင်းစေဖို့ ....

မေမေတို့ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေကို နို့ချိုတိုက်ကျွေးတဲ့အချိန် နို့ထွက်အားကောင်းစေဖို့ ဒီလို Smoothies လေးတွေဖျော်သောက်ပေးလို့ရပါ်တယ်နော်။

မေမေတို့ နို့ထွက်ကောင်းစေဖို့ .... မေမေတို့ နို့ထွက်ကောင်းစေဖို့ .... 
0
4
မှတ်ချက် 0 ခု
တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့

တားဆေးသုံးပြီးရပ်လိုက်ရင် ကိုယ်ဝန်ရဖို့ ကြာလိုက်တာလို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ ထိုးဆေးကလွဲရင် ကျန်တာတွေက ကိုယ်ဝန်ရတာမကြာပါဘူး။ ဟော်မုန်းလေးတွေ ငြိမ်လာရင် ကိုယ်ဝန်ပြန်ရလာတတ်ပါတယ်။

တားဆေးက ကိုယ်ဝန်ရတာကို အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒီတစ်ခါတော့ တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့ ဘာလုပ်ရမလဲလို့ မေးတတ်တဲ့ မေမေတွေအတွက် ဖြေကြားပေးပါ့မယ်။

တားဆေးရပ်ပြီးတဲ့အခါ

−ကိုယ်ဝန်ဆောင်အားဆေး စသောက်ပါ။ အထူးသဖြင့် ဖောလစ်အက်စစ်ပါ။ ဒါမှ ကလေးမှာ ချို့ယွင်းချက်မပါမှာပါ။

−ကိုယ်အလေးချိန် များနေရင် လျှော့ပါ။ နည်းနေရင်တင်ပါ။ ဒါမှ မျိုးဥကြွေတာ မှန်မှာပါ။

−လေ့ကျင့်ခန်းလည်း လုပ်ပါ။ အနည်းဆုံးတော့ အထိုင်မများပါစေနဲ့။

−အာဟာရပြည့်အောင်လည်း စားပါ။

−စိတ်ဖိစီးမှု နည်းအောင်နေပါ။

−ပုံမှန်အတူနေဖြစ်အောင် ကြိုးစားပါ။

အထူးသဖြင့် သားဥကြွေခါနီးရက်တွေမှာပါ။

ဒီလိုဆိုကလေးရဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။


တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့
0
1
မှတ်ချက် 0 ခု
ကိုယ်ဝန်‌ဆောင်မေမေတို့ လေထိုးလေအောင့်ဖြစ်ရင် ဘာလုပ်ကြမလဲ ။

လေထိုးလေအောင့် ဖြစ်တယ်ဆိုတာ သာမာန် အချိန်တွေမှာတောင် တော်တော်ခံရခက်တာ အမျိုးသမီးတို့ရဲ့ အရေးကြီးဆုံး အချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လေထိုးလေအောင့် ဖြစ်ရင် ဘယ်လောက်တောင်ပိုဆိုးမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ကိုယ်ဝန်နဲ့ဆိုတော့ တွေ့ကရာ ဆေးတွေသောက်လို့ကလည်း မရ၊ လေထိုးလေအောင့်ကလည်း ဖြစ်ဆိုတော့ ကိုယ်ဝန်ရှိနေချိန် လေအောင့်ခဲ့ရင် ဘာလုပ်ကြမလဲ ဒီဆောင်းပါးလေးမှာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်နော်။

0
4
မှတ်ချက် 0 ခု
အလုပ်လုပ်နေတဲ့ မေမေတို့ ကိုယ်ဝန်ရှိလာပြီဆိုရင်...

အပြင်ထွက်ပြီး အလုပ်လုပ်နေတဲ့ မေမေတို့ ကိုယ်ဝန်ရှိလာရင် လုပ်ရမယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြချင်ပါတယ်။

အလုပ်လုပ်နေတဲ့ မေမေတို့ ကိုယ်ဝန်ရှိလာပြီဆိုရင်...အလုပ်လုပ်နေတဲ့ မေမေတို့ ကိုယ်ဝန်ရှိလာပြီဆိုရင်...
1
12
မှတ်ချက် 0 ခု
နေ့မစေ့ လမစေ့ ကလေးမွေးဖွားခြင်းက ဘာကြောင့်ဖြစ်ရတာလဲ...

ကိုယ်ဝန်ရှိတဲ့ မေမေတိုင်း စိတ်ပူကြတဲ့ အရာတွေထဲက တစ်ခုက

နေ့မစေ့ လမစေ့ ဘဲ မီးဖွားရမှာကိုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်သက် ၃၇ ပတ်နောက်ပိုင်းမှာမီးဖွားမှ ကလေးက ပြင်ပမှာ ကောင်းကောင်းအသက်ရှင်နိုင်မှာ ဖြစ်တာကြောင့် မေမေတို့ စိတ်ပူရတာလည်း မမှားပါဘူး။ လမစေ့ မွေးတာမျိုးတွေ ရှိတယ်ဆိုတည်းက သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေလည်း ရှိတာကြောင့်ပါ။ ဒီအကြောင်းတွေကို မေမေတို့ သိထားဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

0
9
မှတ်ချက် 0 ခု
ဆီးစစ်တံ ဘယ်လိုသုံးမလဲ။

ကိုယ်ဝန်ရှိမရှိ သိဖို့ အိမ်မှာ ဆီးစစ်တံနဲ့ စစ်ကြတယ်ဟုတ်။ ဆီးစစ်တံက မသုံးတတ်ရင် အဖြေမှားထွက်နိုင်တာကြောင့် ဘယ်လို သုံးရမလဲဆိုတာကို အဆင့်ဆင့်ပြောပြပေးမယ်နော်။

−အရင်ဆုံးတော့ ခွက်သန့်သန့်ထဲမှာ ဆီးသွားလိုက်ပါ။

-မနက်ပိုင်း အိပ်ရာနိုးနိုးချင်း သွားတဲ့ ဆီးကို ယူရင် ပိုကောင်းပါတယ်။

−ပြီးရင်တော့ ဆီးစစ်တံကို သူပြထားတဲ့ လိုင်းအထိ နှစ်လိုက်ရုံပါပဲ။

−တကယ်လို့ အတံမဟုတ်ဘဲ ကိုဗစ်စစ်သလို အပြားလေးဆိုရင်တော့ အစက်ချတံလေးနဲ့ အပြားလေးပေါ် တင်စစ်ပေးရမှာပါ။

−အများစုကတော့ ၁−၂မိနစ်လောက်ဆိုအဖြေသိရပါပြီ။ သုံးတဲ့ တံဆိပ်ပေါ် မူတည်ပြီး အဖြေဖတ်တဲ့အချိန် ကွာနိုင်ပါတယ်။

သတိထားရမယ့် အချက်တွေကတော့

−မသုံးခင်မှာ ကိုယ်ဝယ်လာထားတဲ့ တံဆိပ်ရဲ့ အသုံးပြုပုံအညွှန်းကို သေချာဖတ်ပါ။ တံဆိပ်ကွာရင် သုံးနည်းလည်း နည်းနည်း ကွာတတ်ပါတယ်။

−နောက်ပြီး Control line (C)ဆိုတာ ရှိပါတယ်။ ကိုယ်ဝန်ရှိမရှိ အဲ့ဒီလိုင်းက ထင်းနေရပါမယ်။ ဒါမှ ဆီးစစ်တံက မှန်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ရှိတဲ့အခါ အဲ့ဒီလိုင်းရယ်၊ စစ်တဲ့လိုင်းရယ် နှစ်ချောင်းပေါ်နေတာပါ။

−လိုင်းတွေက မှိန်နေရင်၊ သိပ်မသေချာရင် နောက်တစ်ခါ ပြန်စစ်နိ

... ပိုမိုကြည့်ရှုရန်
ဆီးစစ်တံ ဘယ်လိုသုံးမလဲ။ဆီးစစ်တံ ဘယ်လိုသုံးမလဲ။
1
9
မှတ်ချက် 11 ခု
နေ့မစေ့ ‌လမစေ့ ကလေးမွေးဖွားခြင်းက ဘာကြောင့်ဖြစ်ရတာလဲ... ?

ကိုယ်ဝန်ရှိတဲ့ မေမေတိုင်း စိတ်ပူကြတဲ့ အရာတွေထဲက တစ်ခုက နေ့မစေ့ လမစေ့ ဘဲ မီးဖွားရမှာကိုပဲဖြစ်ပါတယ်။ မေမေတို့စိတ်ပူနေတဲ့ နေ့မစေ့ လမစေ့ ဘဲ မီးဖွားတာက ဘာကြောင့်လဲဆိုတာ သိဖို့လိုတာပေါ့နော်။ ဒီအကြောင်းလေးကို မနက်ဖြန် ဆောင်းပါးလေးမှာ တင်ပေးပါမယ်နော်။

နေ့မစေ့ ‌လမစေ့ ကလေးမွေးဖွားခြင်းက ဘာကြောင့်ဖြစ်ရတာလဲ... ?နေ့မစေ့ ‌လမစေ့ ကလေးမွေးဖွားခြင်းက ဘာကြောင့်ဖြစ်ရတာလဲ... ?
0
2
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့....

အရင်ကအိပ်မပျော်တာမျိုး မရှိပါဘူး။ ကိုယ်ဝန်ရမှပဲ သေချာကို အိပ်မပျော်ဘူးဆိုတဲ့ မေမေတွေရှိလား…… ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်သလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါမယ်။ ဒါဆို မေးစရာ ရှိနိုင်တာ ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့…… ဆိုတာပေါ့။ ဒီတော့ အခုဖော်ပြမယ့် ဆောင်းပါးလေးမှာ လေ့လာကြည့်လိုက်ပါနော်။


0
3
မှတ်ချက် 0 ခု