ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်နဲ့ စပျစ်သီး

ကိုယ်ဝန်ဆောင် မဗိုက်တွေက စပျစ်သီး စားလို့ရလားလို့ လာလာမေးကြတယ်ပေါ့နော်။ ဘာာကြောင့်လဲဆိုတော့ သူတို့က စပျစ်သီးကိုယ်ဝန်ဆိုတာ ကြားဖူးထားတာကိုး။ ဒီတော့ သူတို့စိတ်ထဲမှာ စပျစ်သီးစားလို့ စပျစ်သီးကိုယ်ဝန်ရတာလားပေါ့။

စပျစ်သီးကိုယ်ဝန်ဆိုတာက ပုံမှန်မဟုတ်တဲ့ကိုယ်ဝန်ဆောင်ခြင်းပါ။ မျိုးအောင်ထားတဲ့ မျိုးဥလေးက ချို့ယွင်းချက်ပါတဲ့အခါကျတော့ ပုံမှန်အတိုင်း သန္ဓေသားလေးလို မဖွံ့ဖြိုးလာဘဲ စပျစ်သီးလို အလုံးလေးတွေ ဖြစ်လာတာပါ။ စပျစ်သီးနဲ့ တူလို့သာ အလွယ်စပျစ်သီးကိုယ်ဝန်လို့ ခေါ်တာပါ။ စပျစ်သီး စားလို့ ဖြစ်တာ မဟုတ်ပါဘူး။ သူနဲ့ ဘာမှမဆိုင်ပါဘူးနော်။

ပြီးတော့ ကိုယ်ဝန်ဆောင်တွေက စပျစ်သီး စားလို့ရပါတယ်။ စပျစ်သီးမှာ အာဟာရဓာတ်တွေ အများကြီး ပါလို့ အမေရော ကလေးအတွက်ပါ ကောင်းပါတယ်။

တစ်ခုပဲ ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့သူတွေ၊ ရင်ပူတတ်တဲ့သူတွေကတော့ လျှော့စားပေါ့။ ကျန်တဲ့သူတွေကတော့ ပုံမှန်အတိုင်း သင့်တင့်တဲ့ ပမာဏလေး စားပေးလို့ရပါတယ်။

ဒီလောက်ဆို ကိုယ်ဝန်ဆောင်ချိန်မှာ စပျစ်သီး စားလို့ ရမရ သိလောက်ပါပြီနော်။

ကိုယ်ဝန်ဆောင်နဲ့ စပျစ်သီးကိုယ်ဝန်ဆောင်နဲ့ စပျစ်သီး
6
8
မှတ်ချက် 0 ခု
ကိုယ်ဝန်‌ဆောင်မေမေတို့ ခရမ်းချဥ်သီး စားလို့ရလား...?

အသားအရေ ကျန်းမာစေသလို ကိုယ်ခံအားကိုပါ အားဖြည့်ပေးတဲ့ ခရမ်းချဉ်သီး ကို အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်နေရချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ခရမ်းချဉ်သီးကို စားလို့ ရလား ဆိုတာကို သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒီအကြောင်းလေးကို မနက်ဖြန် ဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်နော်။

ကိုယ်ဝန်‌ဆောင်မေမေတို့ ခရမ်းချဥ်သီး စားလို့ရလား...? ကိုယ်ဝန်‌ဆောင်မေမေတို့ ခရမ်းချဥ်သီး စားလို့ရလား...? 
0
12
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။ အဲဒါကတော့ခါးနာခြင်းပါပဲ။ ဒီဆောင်းပါးမှာ တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတဲ့ အချက် ၆ချက်ကို ရေးသားဖော်ပြပေးချင်ပါတယ်။

0
38
မှတ်ချက် 0 ခု
မေမေဗိုက်တွေ ဘယ်လိုအိပ်ကြမလဲ

ကိုယ်ဝန်နည်းနည်းရင့်လာရင် ဗိုက်က အင့်လာတာ၊ ကလေးက ရင်ခေါင်းဆောင့်လို့ ရင်ပူလာတာ၊ ညညဆို ကြွက်တက်တာ စတာတွေကြောင့် အိပ်ရေးပျက်ကြပါတယ်။ ကိုယ်ဝန်ဆောင်တွေက အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။

ဒီတော့ ညဘက်အိပ်တဲ့အခါ

  • လနုချိန်ဆို ခဏတဖြုတ် မှောက်အိပ်ချင် အိပ်နိုင်ပါတယ်။ ဗိုက်မခံနေဘူးဆိုရင်ပေါ့။ အထဲမှာ ရေမြွာရည်ရှိလို့ တအားစိတ်မပူပါနဲ့။
  • ပက်လက်ကတော့ ကြာကြာမအိပ်သင့်ပါဘူး။ အထူးသဖြင့် လရင့်လာရင်ပေါ့။ ပက်လက်အိပ်တာက အထဲက သွေးကြောမကြီးကို ဝိတ်နဲ့ ဖိထားသလိုဖြစ်လို့ သားအိမ်နဲ့ ကလေးဆီ သွေးကောင်းကောင်း မရောက်တာမျိုးဖြစ်တတ်ပါတယ်။
  • အကောင်းဆုံးကတော့ ဘေးစောင်းအိပ်တာပါ။ ကြိုက်တဲ့ဘက် စောင်းအိပ်လို့ ရပေမယ့် ဘယ်ဘက်ကတော့ ပိုကောင်းပါတယ်။
  • ဘေးစောင်းအိပ်ပြီး ခွခေါင်းအုံးလေး ခွထားပါ။
  • တကယ်လို့ ရင်ပူတတ်တယ်ဆို ကုတင်ခေါင်းရင်းကို မြင့်ထားတာ ဒါမှမဟုတ် ခေါင်းအုံးကို နည်းနည်းမြင့်ထားပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီး မအိပ်ပါနဲ့။ ကိုယ်သက်သောင့်သက်သာရှိတဲ့ ပုံစံနဲ့ အိပ်ပါ။ လိုအပ်ရင်ခေါင်းအုံးတွေ များများသုံးပါ။

အိပ်ခါနီးရင်လည်း ရေအများကြီး မသောက်နဲ့နေ

... ပိုမိုကြည့်ရှုရန်
4
96
မှတ်ချက် 2 ခု
အမျိုးသမီးရောဂါ

အသက်၄၈နှစ်ပါ 2019က ရာသီအများကြီးဆင်းလို့ အာထရာဆာင်းရိုက် OGနဲ့ပြပါတယ် သားအိမ်မှာအလုံး ရေအိတ်တွေ့လို့ ဆေးသာက်ပါတယ် 6လ 1နှစ်ကြာေတာ့ အာထရာဆာင်းပြန်ရိုက်တာ့ သေးသွားပြီပျောက်သွားပြီပေါ့ အခုရာသီအများကြီးပြန်ဆင်းတာ နဲ့ အာထရာဆာင်း ပြန်ရိုက်တာ အဲ့ဒီ့အလုံးsizeက အရင်ကလိုပဲ ကြီးမလာဘူးပြောပါတယ် သွေးဆင်းတာများလို့ menoral သောက်တာ ဗိုက်ထဲကကိုက်လာလို့ မသောက်ပဲ ဆင်းပစေဆိုပြီးထားလိုက်တယ် ဘာဆက်လုပ်ရမလဲအကြံပေးပါအုံးရှင့်



0
1
မှတ်ချက် 2 ခု
မေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

မေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်ဆို ကလေးလေးက နှမ်းစေ့လောက်ပဲရှိပါတယ်။ ကလေးပုံထက် ဖားလောင်းသေးသေးလေးနဲ့ပိုတူနေပါတယ်။ ဒီအခြေနေရောက်ရင် သန္ဓေသားလေးက ဆဲလ်အရေအတွက် တော်တော်များလာပါပြီ။ အာရုံကြောမြောင်းမကြီးက သန္ဓေသားအာရုံကြောမကြီးတစ်လျှောက်ပေါ်လာပါတယ်။အဲဒီကနေဦးနှောက်ဖြစ်လာပါတယ်။သန္ဓေသားရဲ့အလယ်မှာရှိတဲ့ ဖောင်းနေတဲ့နေရာကနေ နှလုံးဖြစ်လာပါတယ်။ တစ်ချိန်ထဲမှာ အချင်းနဲ့လက်ချောင်းပုံ တစ်ခြားအမြှေးပါးတွေလည်း စပြီးဖွံ့ဖြိုးလာပါတယ်။ မေမေ့ဆီက အာဟာရတွေအချင်းနဲ့အာဟာရပေးမယ့် အမြှေးပါးဆီကနေ သန္ဓေသားလေးဆီရောက်ပါပြီ။


မေမေတို့ရဲ့ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

အရမ်းကိုပျော်ရွှင်နေပြီးတော့မှရုတ်တရက်စိတ်ဖိစီးမှုတွေများလာတာမျိုးဖြစ်ဖူးကြလားမသိဘူး။ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီလိုခံစားချက်အပြောင်းအလဲအရမ်းဖြစ်လွယ်ပါတယ်။ပျော်လိုက်၊ စိတ်ဓါတ်ကျလိုက်၊ ဒေါသထွက်လိုက်၊ အားငယ်သလိုခံစားရလိုက်နဲ့အမြဲပြောင်းလဲနေတတ်ပါတယ်။ တစ်နာရီအတွင်းကို ဒီခံစားချက်တွေအကုန်ဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ အခုချိန်က ဟော်မုန်းတွေသိသိသာသာမြင့်တက်နေတော့ စိတ်ခံစားချက်က အမြဲပြောင်းနေမှာပါ။ သိပ်ပြီးစိ

... ပိုမိုကြည့်ရှုရန်
မေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲမေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
2
287
မှတ်ချက် 0 ခု
မေမေတို့ အတွက် နို့ထွက်များစေမယ့် အစားအစာများ

မိခင်နို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် မိခင်လောင်းအသစ်စက်စက်တွေကို အာဟာရပြည့်ဝတဲ့ နို့ရည်ရရှိစေမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


မေမေတို့ အတွက် နို့ထွက်များစေမယ့် အစားအစာများမေမေတို့ အတွက် နို့ထွက်များစေမယ့် အစားအစာများ
1
8
မှတ်ချက် 0 ခု
ကလေးမွေးဖွားစဉ် ယောနိကွဲထွက်ခြင်းမပြင်းထန်အောင် ဘယ်လိုနေထိုင်ဆင်ခြင်မလဲ

မီးဖွားခါနီးတဲ့ မေမေတို့က ကိုယ်ဝန်ပြဿနာတစ်ခုခုကြောင့် အန္တရာယ်ဖြစ်နိုင်တာတွေနဲ့စာရင် အမျိုးသမီးတွေရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်မှုကတော့ ယောနိစုတ်ပြဲခြင်းဖြစ်မှာကိုပါပဲ။ ကံကောင်းတာက ဒါဟာ ကာကွယ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြီး မေမေတို့ကဒီဆောင်းပါး ထဲပါတဲ့ နည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင် ယောနိစုတ်ပြဲခြင်းအန္တရာယ်ဖြစ်နိုင်ချေကို သိသိသာသာကို လျှော့ချပေးနိုင်မှာပါ။

0
9
မှတ်ချက် 0 ခု
မေမေတို့ရဲ့ ကိုယ်ဝန် လေးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

အခုဆို စတုတ္ထပတ်တောင်ရောက်လာပြီနော်။

ဒီအချိန်ဆို သားသားမီးမီးလေးက ဘိန်းစေ့အရွယ်၂ စင်တီမီတာလောက် ရှိနေပါပြီ။ အခုချိန်မှာတော့ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းနဲ့ဆို အမ်ဘရီယိုလို့ခေါ်ပါတယ်။ ဒီအဆင့်မှာ သားသားမီးမီးလေးရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ဦးနှောက်၊နှလုံး၊အဆုတ် စတဲ့ကိုယ်တွင်းအင်္ဂါဖြစ်မယ့် ဆဲလ်တွေ ဖွံ့ဖြိုးပါပြီနော်။လက်လေးတွေ၊ ခြေလေးတွေလည်း စဖြစ်လို့နေပါပြီ မေမေတို့ရေ။ သန္ဓေသားလေးရဲ့ပတ်ပတ်လည်မှာ အကာအကွယ်ပေးဖို့ရေမြွှာအိတ်လည်း စပေါ်လာပါပြီ။

သန္ဓေသားမှာပါတဲ့ ကြက်ဥအနှစ်လိုမျိုး အင်္ဂါက အချင်းအာဟာရမပေးခင်အချိန်ထိ

သွေးတွေထုတ်ပေးပြီးတော့ သန္ဓေသားလေးကို အာဟာရပြုပေးပါတယ်။အခုဆိုရင်

မေမေတို့ရဲ့သားသားမီးမီးလေးက အတွင်းလွှာ၊ အလယ်လွှာ၊ အပြင်လွှာဆိုပြီးတော့ထင်ရှားတဲ့ အလွှာ ၃ လွှာအနေနဲ့ ရှိနေပါပြီ။ အတွင်းလွှာကနေဆို အစာခြေအဖွဲ့အစည်း၊

အသည်း၊ အဆုတ်တွေဖြစ်လာမယ်။ အလယ်လွှာကဆို နှလုံး၊ လိင်အင်္ဂါ၊ အရိုး၊ ကျောက်ကပ်နဲ့ကြွက်သားတွေဖြစ်လာမှာပါ။ အောက်ဆုံးလွှာကတော့ အာရုံကြောအဖွဲ့အစည်း၊ ဆံပင်၊အရေပြားနဲ့လက်သည်းလေးတွေဖြစ်လာမှာပါနော်။


ခန္ဓာကိုယ်နဲ့ အနေအထ

... ပိုမိုကြည့်ရှုရန်
မေမေတို့ရဲ့ ကိုယ်ဝန် လေးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲမေမေတို့ရဲ့ ကိုယ်ဝန် လေးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
0
7
မှတ်ချက် 0 ခု
ကလေးမွေးအတွေ့အကြုံများ မျှဝေကြမယ်

ဒီတစ်ခါတော့ ဆရာမက တခြားမေမေတွေကို အလှည့်ပေးလိုက်ပါမယ်။ မေမေတို့ အချင်းချင်း ဆွေးနွေးကြည့်ကြပေါ့။

မေမေတို့ ကလေးမွေးတုန်းက အမှတ်တရအတွေ့အကြုံလေးတွေ ဘာရှိလဲ။ အလွဲလေးတွေရောပေါ့။

တခြားမေမေတွေလည်း ဗဟုသုတရအောင်မျှဝေပေးသွားပါဦး

0
1
မှတ်ချက် 2 ခု