ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်နေစဉ်မိခင်မှာVDRL REACTIVE

ကိုယ်ဝန်ရှိစဉ်မိခင်မှာVDRL REACTIVE RESULTထွက်ခဲ့ပါတယ် ဆေးကုသမှုကိုလည်းမမွေးဖွားမီ ဆောင်ရွက်ခဲ့ပါတယ် ကလေးဆီကိုဒီရောဂါပိုးပါလာနိုင်လားရှင့် ကလေးရဲ့သွေးကိုစစ်လိုက်ရင်ရော + signပြနေမလားရှင့် ကလေးအတွက်စိတ်မကောင်းလို့စစ်ရမှာကြောက်နေလို့ပါရှင့်😔

0
1
မှတ်ချက် 2 ခု
မေမေတို့  ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ပြီဆိုရင်....

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တဲ့ ပြဿနာကိုဖြေရှင်းနိုင်မဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....


မေမေတို့  ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ပြီဆိုရင်....မေမေတို့  ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ပြီဆိုရင်....
1
6
မှတ်ချက် 0 ခု
ကိုယ်ဝန်ပျက်တာ လား

ည အိိပ် ေပျာ် ေန ချိန် မှာ ေသွး ထွက် ေန တာ ဘာ ေြကာင့် ဘဲ ဆရာ

0
3
မှတ်ချက် 3 ခု
ကိုယ်ဝန်ဆောင်ကာလ ၇ ပတ်မြောက်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...

ကလေးလေးဘယ်လိုဖွံ့ဖြိုးလာမှာလဲ


ကြီးထွားနှုန်းကမြန်လာပါပြီ။ အခုဆို ဘလူးဘယ်ရီသီးအရွယ် ၁.၂၇စင်တီမီတာလောက်ရှိနေပါပြီ။ သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီ။ ဒီအပတ်မှာ မိခင်နဲ့သန္ဓေသားကို ဆက်ပေးတဲ့ချက်ကြိုးစပေါ်ပါပြီ။ ချက်ကြိုးက မေမေတွေရဲ့ခန္ဓာကိုယ်ကသွေးတွေနဲ့ သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့အာဟာရ အထောက်အပံ့ပေးပါတယ်။ ကလေးလေးဆီက အညစ်အကြေးတွေလည်း ဖယ်ပေးပါတယ်။ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတွေက ဆက်ပြီး ဖွံံ့ဖြိုးနေပါတယ်။ မျက်နှာပုံလည်း စပေါ်နေပြီနော်။ မေမေ၊ဖေဖေတွေနဲ့တူမယ့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်လေးတွေလည်း စဖြစ်နေပါပြီ။ သားသားမီးမီးတွေ ဘယ်သူနဲ့တူတယ်ဆိုတာ သိချင်နေလောက်ပြီပေါ့နော်။ နောက်လတွေအများကြီးလိုသေးတယ်ဆိုပေမယ့်

သားသားမီးမီးတွေကို တွေ့ရတော့မှာပါ။


ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ရင်သားပုံပြောင်းလာတာကို သတိထားမိကြရောပေါ့။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းက ရင်သားကိုယောင်ပြီး တင်းလာစေလို့ပါ။ ရင်သားတစ်ဝိုက်မှာ သွေးစီးမှုကောင်းလာပြီး အဆီစစုလာလို့ပါ။ နို့သီးခ

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ ၇ ပတ်မြောက်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...ကိုယ်ဝန်ဆောင်ကာလ ၇ ပတ်မြောက်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...
0
8
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင်....

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ၊ ရင်ပူတာ၊ ပျို့အန်ချင်တာတွေကို ခံစားရသလို

နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရကြပါတယ်။ ဒါကြောင့်လည်း မိခင်ဖြစ်ရတာ မလွယ်ဘူး။ မိခင်မေတ္တာက အတော်လေး ကြီးမားတယ်လို့ ဆိုကြတာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးမှာ အတူတူကြည့်လိုက်ရအောင်နော်။

1
2
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေတို့ ရင်ပူလာရင် ဘာလုပ်ကြမလဲ...

အားလုံးသိကြတဲ့အတိုင်း မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ၊ ရင်ပူတာ၊ ပျို့အန်ချင်တာတွေကို ခံစားရသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရကြပါတယ်။ မေမေတို့ ရင်ပူလာရင် သက်သာအောင် ဘာတွေလုပ်ပေးလို့ရလဲ ဆိုတာ မနက်ဖြန် ဆောင်းပါးလေးမှာ ပြောပြပေးပါမယ်နော်....

ကိုယ်ဝန်ဆောင်မေမေတို့ ရင်ပူလာရင် ဘာလုပ်ကြမလဲ...ကိုယ်ဝန်ဆောင်မေမေတို့ ရင်ပူလာရင် ဘာလုပ်ကြမလဲ...
3
10
မှတ်ချက် 0 ခု
အရေးပေါ် တားေဆးေသာက်ပြီး ၃ရက်ကြာမှ မူးဝ ပျို့အန်ခြင်း

နေ့လည်ပိုင်း အကာအကွယ်မပါဘဲ အတူတူေနမိပြီးတော့ ညပိုင်းကျမှ အရေးပေါ်တားဆေး သောက်ခဲ့ပါတယ်၊ သောက်ပြီး ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် အခု ၃ရက်ကြာပြီးမှ မူးေဝပျို့အန်နေလို့ ဆေးကြာင့်လား သိချင်ပါတယ်။ မဟုတ်ရင် ဘာကြောင့်များဖြစ်နိုင်မလဲဆိုတာ သိချင်ပါတယ်။

0
1
မှတ်ချက် 3 ခု
ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မြောက်အတွက် မေမေတို့ သိထားသင့်တာတွေက..

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

အခုဆို သားသားမီးမီးလေးက ပဲစေ့အရွယ် ၆ မီလီမီတာလောက် ရှိနေပြီနော်။ ဒီ ၆ပတ်မြောက်မှာဆို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းလေးတွေ ဖွံ့တာအရမ်းမြန်လာပါပြီ။ သန္ဓေသားလေးမှာပါတဲ့နောက် မျက်လုံးဖြစ်လာမယ့် အိတ်လေး၂ခုဆိုလည်း ဒီအပတ်မှာစဖွံ့ဖြိုးတော့မှာပါ။ လှိုင်းတွန့်လေးလိုဖြစ်နေတဲ့ လမ်းကြောင်းလေးကလည်း နားရွက်လေးတွေဖြစ်လာဖို့ စဖွံ့ဖြိုးပါပြီ။


နှလုံးလေးက အခုဆို စခုန်နေပါပြီ။ အာထရာဆောင်းနဲ့ နားထောင်ကြည့်လို့ ရပါတယ်။

အစာခြေအဖွဲ့အစည်းနဲ့ အသက်ရှူလမ်းကြောင်းတွေလည်း စပေါ်လာပါပြီ။ အဖုလေးတွေကနေ လက်လေးခြေလေးတွေအဖြစ် ပြောင်းလာပါပြီ။ လနဲ့ချီပြီး ခြေထောက်လေးတွေက ကိုယ်ကိုပတ်ပြီး လိမ်နေလို့ ကလေးလေးအရှည် ဘယ်လောက်ရှိမလဲကိုတော့

သိဖို့ခက်ပါတယ်။ အဲဒါကြောင့်မို့ သန္ဓေလေးကို ထိပ်ပိုင်းကနေ အဆုံးပိုင်းဆိုပြီးတော့ပဲ တိုင်းပါတယ်။ ခေါင်းကနေခြေဆိုပြီး မတိုင်းပါဘူး။ ထိပ်ပိုင်းကနေ အဆုံးပိုင်းက ဒီအပတ်မှာ ၂-၅ မီလီမီတာလောက်ရှိမှာပါ။


ခန္ဓာကိုယ်နဲ့ နေအထိုင်အပြောင်းအလဲလေးများ


ပြီးခဲ့တဲ့အပတ်ကထက်

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မြောက်အတွက် မေမေတို့ သိထားသင့်တာတွေက..ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်မြောက်အတွက် မေမေတို့ သိထားသင့်တာတွေက..
2
1
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား

အသားအရေ ကျန်းမာစေသလို ကိုယ်ခံအားကိုပါ အားဖြည့်ပေးတဲ့ ခရမ်းချဉ်သီး ကို ကိုယ်ဝန်ဆောင်ချိန်မှာရော ခရမ်းချဉ်သီးကို စားလို့ ရလား ဆိုတာကို သိချင်နေတဲ့ မေမေတွေ ရှိလား။


ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီးကို ဘေးကင်းစိတ်ချစွာ စားလို့ ရသလို ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားပေးတာက မေမေရော ဘေဘီလေးကိုပါ ဘယ်လို အကျိုးပြုပေးလဲဆိုတာကို မေမေတို့ သိချင်မှာပေါ့။ဒီဆောင်းပါးလေးမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

1
15
မှတ်ချက် 0 ခု
မွေးခါနီး ဗိုက်နာတာက ဘယ်လိုမျိုးလဲ

ဒီတစ်ခါတော့ မေမေတို့ကို မွေးခါနီး ဗိုက်နာတာက ဘယ်လိုမျိုးလဲဆိုတာ ပြောပြပေးပါ့မယ်။ မေမေတို့က ကိုယ်ဝန်ဆောင်တလျှောက်လုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ဗိုက်နာနိုင်ပါတယ်။ အိမ်သာတက်ချင်လို့ နာတာက စလို့ လေပွတာ၊ လေအောင့်တာ၊ ကလေးကန်တာ၊ ဗိုက်ကြောတွေနာတာ စတဲ့ အရေးမကြီးတဲ့ အကြောင်းတွေအပြင် တခြားရောဂါတွေကြောင့်လည်း နာနိုင်ပါတယ်။

မေမေတို့ အသိချင်ဆုံးကတော့ မွေးခါနီး ဗိုက်နာရင် ဘယ်လိုလဲဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ သူများတွေက ကလေးမွေးလို့ ဗိုက်နာတာက ဘဝမှာ အနာဆုံး ဝေဒနာလို့ ပြောကြတာကိုး။ နောက်ပြီး မေမေတို့ ဆေးရုံကို အချိန်မီသွားနိုင်ဖို့ ကလေးမွေးခါနီး ဗိုက်နာတာက ဘယ်လိုလဲဆိုတာ သိဖို့လိုတယ်လေ။

မွေးခါနီး ဗိုက်နာတာက တကယ်တော့ သားအိမ်ကြွက်သားတွေ ညှစ်လို့ နာတာပါ။

  • နာတဲ့ပုံစံက လှိုင်းလိုပါပဲ။ ဖြည်းဖြည်းချင်း နာတာပဲ၊ ဟိုထိပ်ထိရောက်အောင် နာပြီးရင် ပြန်ကျလာပါတယ်။
  • နာနေတဲ့အချိန်ဆို ဗိုက်က လုံးတက်ပြီး မာလာပါတယ်။
  • အချိန်ပုံမှန်ခြားပြီး နာပါတယ်။ ဥပမာ ၅မိနစ်တစ်ခါပေါ့။
  • အဲ့ဒီကနေမှ နောက်ပိုင်း ပိုပိုစိတ်လာပါတယ်။ ၅မိနစ်ကနေ ၃မိနစ်၊ ၂မိနစ် စသဖြင့်ပေါ့။
  • နာတဲ့ အရှိန်ကလည်း
... ပိုမိုကြည့်ရှုရန်
မွေးခါနီး ဗိုက်နာတာက ဘယ်လိုမျိုးလဲမွေးခါနီး ဗိုက်နာတာက ဘယ်လိုမျိုးလဲ
0
1
မှတ်ချက် 0 ခု