အဓိပ္ပါယ်ဖွင့်ဆိုချက်
Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ကဘာလဲ။
အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်းဆိုတာ နေရောင်အထိများတဲ့ အရေပြားရဲ့ အစိတ်အပိုင်းတွေပေါ်မှာ ဖြစ်လာတဲ့ ကင်ဆာရောဂါ ဖြစ်ပါတယ်။ ဆရာဝန်ကနေ သင့်မှာ ဒီရောဂါရှိနေတယ်လို့ ပြောလိုက်ရင် စိတ်ပူတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တခုသတိထားရမှာက အန္တရာယ်အနည်းဆုံး အရေပြား ကင်ဆာအမျိုးအစားပဲ ဖြစ်ပါတယ်။ စောစီးစွာ သိရရင် ကုသနိုင်ပါတယ်။
ဒီကင်ဆာဟာ အရေပြားကနေ တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်နှံ့မသွားပါဘူး။ ဒါပေမယ့် အရေပြားအောက်က အရိုးနဲ့ တခြားတစ်သျှူးတွေဆီ ရွေ့သွားနိုင်ပါတယ်။ ဒီပြသနာအတွက် ကုသနည်းပေါင်းများစွာ ရှိပါတယ်။
ရောဂါစဖြစ်ရင် အကျိတ်သေးသေးလေးတွေဟာ နှာခေါင်းနဲ့ မျက်နှာမှာ ထွက်လာတတ်ပါတယ်။ တခြား ကိုယ်လုံး၊ လက်၊ ခြေထောက် စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရေဖြူရင် အရေပြားကင်ဆာရနိုင်ခြေ ပိုများပါတယ်။
ဒီကင်ဆာမျိုးဟာ တဖြည်းဖြည်းချင်းဖြစ်တတ်ပြီး နေရောင်နဲ့ ကာလကြာရှည်ထိတွေ့ပြီး နှစ်ပေါင်းများစွာအထိ သတိမထားဘဲ ရှိတတ်ပါတယ်။ နေရောင်များများထိတွေ့ရင်၊ အသားအရောင်ညိုအောင် ဖန်တီးပေးတဲ့စက်သုံးရင် ငယ်စဉ်မှာပဲ ဖြစ်တတ်ပါတယ်။
Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
BCCဟာ အရေပြားကင်ဆာထဲမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။ အမှန်တော့ ကင်ဆာအားလုံးထဲမှာလည်း တွေ့ရအများဆုံး ဖြစ်ပါတယ်။ နေရောင်နဲ့ မကြာခဏထိတွေ့ဖူးသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ အသက် ၄၀ကျော်မှာ လက္ခဏာပေါ်လာတတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်ရှိရင် ငယ်ရွယ်စဉ်မှလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အမျိုးမျိုးတွေ့နိုင်ပါတယ်။ အရေပြားမှာ အဖုလိုဖြစ်လာပြီး အောက်ခြေမှာ သွေးကြောတွေ ပါဝင်ပါတယ်။ ပန်းရောင်၊ အညိုရောင်၊ အနက်ရောင် စသဖြင့် ရှိတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။