အဓိပ္ပါယ်ဖွင့်ဆိုချက်
Multiple Myeloma (သွေးကင်ဆာ) ကဘာလဲ။
Multiple myeloma သည် သွေးရည်ကြည်ဆဲလ်များတွင်ဖြစ်သော ကင်ဆာတစ်မျိုး ဖြစ်ပါသည်။ သွေးရည်ကြည်ဆဲလ်များ (အင်မျူနိုဂလိုဗျူလင်) များသည် ရောဂါပိုးများကို တိုက်ခိုက် သတ်ဖြတ်ရန်အတွက် ပဋိပစ္စည်းများကိုထုတ်ပေးသည်။ ပုံမှန်သွေးရည်ကြည်ဆဲလ်များကို ရိုးတွင်းခြင်ဆီတွင် တွေ့ရပြီး ကိုယ်ခံအားစနစ်တွင်း အရေ့းကြီးသော အပိုင်းများဖြစ်ကြ၏။ ရိုးတွင်းချဉ်ဆီဆိုသည်မှာ အရိုးခေါင်းများအတွင်းရှိသော တစ်ရှူးအပျော့များ ဖြစ်၏။ သွေးရည်ကြည်ဆဲလ်များအပြင် ချဉ်ဆီသည်လည်း တခြားသောသွေးဆဲလ် အမျိုးအစားများဖြင့် ဖွဲ့စည်းထားပါသည်။ ကင်ဆာဆိုသည်မှာ ကိုယ်ခန္ဓါအတွင်းမှ ဆဲလ်များ ထိန်းချုပ်မှုမရှိပဲ ပွားလာသည့်အခါတွင် စဖြစ်လာခြင်းဖြစ်၏။ ခန္ဓါကိုယ်ရှိ ဆဲလ်တိုင်းနီးပါး ကင်ဆာဖြစ်လာနိုင်ပြီး တခြားသော အစိတ်အပိုင်းများဆီသို့လည်း ပျံ့နှံ့နိုင်ပါသည်။