အဓိပ္ပါယ်ဖွင့်ဆိုချက်
Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) ကဘာလဲ။
အစာမျိုပြွန်ကင်ဆာသည် လည်ချောင်းမှ အစာအိမ်ထိ ဆင်းသက်သွားသော ပြွန်ချောင်းပုံသဏ္ဍာန်ရှိသည့် အစာမျိုပြွန်တွင် ကင်ဆာဆဲလ်များ စုဝေးရာမှ ဖြစ်ပေါ်သည်။ အစာများသည် ပါးစပ်မှ အစာအိမ်သို့ အစာမျိုပြွန်မှတစ်ဆင့် ဆင်းသွားသည်။ ကင်ဆာသည် အစာမျိုပြွန်အတွင်းလွှာတွင် စတင်ဖြစ်ပေါ်ပြီး အခြားအလွှာများ နှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။