backup og meta

တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

    လှပတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတော်တော်များများမက်ကြတဲ့ အိပ်မက်ပါပဲ။ လိင်ဆွဲဆောင်မှုရှိဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးဖို့ လှပတင့်တယ်တဲ့ရင်သားကို ပိုင်ဆိုင်လိုကြပါတယ်။ ရင်သားတွေတွဲကျနေတာကိုတော့ ဘယ်အမျိုးသမီးမှ သဘောကျမယ်မထင်ပါဘူး။ ကလေး မွေးဖွားထားသူ အမျိုးသမီးတွေမှာ ရင်သားတွဲကျခြင်းဟာ ပိုအဖြစ်များတယ်ဆိုပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသူ အပျိုတွေမှာလဲ ရင်သားတွဲကျတာမျိုး ဖြစ်တတ်ပါတယ်။ အဲတော့ ဒီလို ရင်သားတွဲကျတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကဲ …. တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ကြည့်လိုက်ရအောင်နော်။

    တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

    တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့ ဆိုရင်တော့

    (၁) ပက်လက်လှန်အိပ်ပါ။

    ညအိပ်ရာ၀င်တဲ့အခါ မှောက်အိပ်မယ့်အစား ပက်လက်လှန်အိပ်တာက ရင်သားပေါ်မှာ အရေးအကြောင်းဖြစ်တာ၊ ရင်သားလျော့တွဲတာတွေကို သက်သာစေပါတယ်။ ပြောင်းပြန်အနေနဲ့ မှောက်အိပ်မယ်ဆိုရင်တော့ အရေပြားလျော့တွဲတာတွေ မြန်မြန်ဖြစ်မှာပါပဲ။

    (၂) ရင်သားတွေကို နှိပ်နယ်ပေးပါ

    မျက်နှာအရေပြားကို နှိပ်နယ်ပေးရင် အသားအရေကောင်းသလိုမျိုးပါပဲ။ ရင်သားကို မှန်မှန်နှိပ်နယ်ပေးရင်လဲ ရင်သားရဲ့ အရွယ်အစား၊ ပုံပန်းသွင်ပြင်ကိုပြောင်းလဲစေပါတယ်။ ဒါကြောင့် ရှက်ကြောက်နေမယ့်အစား ရေချိုးပြီးချိန်မှာ ရင်သားတွေကို သေသေချာချာနှိပ်နယ်ပေးဖို့ အကြံပြုလိုပါတယ်။ ရလဒ်က သင့်ကို အံ့သြစေမှာပါ။ နှိပ်နယ်တဲ့အခါ အတွင်းနဲ့ အပေါ်ဖက်ကိုဦးတည်ပြီးနှပ်နယ်ပေးပါ။

    (၃) ရေဓာတ်ဖြည့်ခရမ်တွေသုံးပါ။ 

    ရေဓာတ်ဖြည့်လိမ်းဆေး ဒါမှမဟုတ် ဆီကို လိမ်းပြီး ရင်သားကို နှိပ်နယ်ပေးမယ်ဆိုရင် ချောမွေ့တောက်ပြောင်နူးညံ့တဲ့ အသားရေရှိတဲ့၊ တင်းရင်းတဲ့ ရင်သားတွေကို ရရှိစေမှာပါ။

    (၄) ရင်သားကို သွေးလည်ပတ်မှု ကောင်းနေပါစေ။

    သွေးလည်ပတ်မှုကောင်းခြင်းဟာ နုပျိုတင်းရင်းခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ရင်သားကို သွေးလည်ပတ်မှုကောင်းလာစေဖို့ အကောင်းဆုံးနည်းကတော့ ရေနွေးနဲ့ ရေအရင်ချိုးပြီး နောက်မှာ ရေအေးနဲ့ပြောင်းချိုးဖို့ပါပဲ။

     (၅) ကိုယ်နဲ့တကယ် fitting ကျတဲ့ အတွင်းခံကိုသာ၀တ်ပါ။ 

    ကျပ်လွန်း ချောင်လွန်းတဲ့ အတွင်းခံတွေက ရင်သားကို ကောင်းကောင်းပင့်တင်ထားနိုင်မှာ မဟုတ်ပါဘူး။

    နို့တိုက်မိခင်တွေ ဖတ်ဖို့စာ

    အမျိုးသမီးတစ်ယောက်အနေနဲ့ သင့်ခန္ဓာကိုယ်က အံ့သြစရာကောင်းတာတွေအများကြီးကို လုပ်နိုင်ပါတယ်။ လူသားအသစ်တစ်ယောက်ကို အာဟာရပေးတာမျိုးလဲ တစ်ခုအပါအ၀င်ပေါ့။ နို့တိုက်ခြင်းဟာ မိခင်ကို ခန္ဓာကိုယ်တင်မက စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေမှုကိုပေးပါတယ်။ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ရင်သားတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

    အမျိုးသမီးတွေရဲ့ ရင်သားတွေဟာ နို့မတိုက်မီနဲ့ နို့တိုက်ပြီးနောက်မှာ ပြောင်းလဲတတ်ပါတယ်။ နို့တိုက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ရင်သားတစ်ရှူးနဲ့ နို့ရည်ပြုဂလင်းတွေကြီးမားပြီး ပြည့်ဖောင်းလာပါတယ်။ နို့တိုက်ပြီးသွားတဲ့ နို့ဖြတ်လိုက်တဲ့အခါမှာတော့ သူတို့ဟာ နဂိုအနေကို ပြန်ရှုံ့သွားပါတယ်။

    အဲဒီအခါ ရင်သားတွေ ပိုပျော့လာပြီး အရင်ကလောက်မပြည့်ဖောင်းတော့ဘဲ ရှုံ့တွတွဖြစ်လာတာကို မြင်တွေ့ရမှာပါ။ နို့တိုက်တာကြောင့် ရင်သားတွေတကယ်တွဲကျတယ်ဆိုတာကတော့ လေ့လာမှုအသစ်တွေအရ တိုက်ရိုက်မသက်ဆိုင်ပါဘူးတဲ့။ ဘာလို့လဲဆိုရင် ကိုယ်၀န်ပဲဆောင်မယ်၊ နို့မတိုက်ဘူးဆိုသူတွေမှာလဲ ရင်သားတွဲကျတတ်ပါတယ်။

    ကိုယ်၀န်ရှိတဲ့အခါ ရင်သားမှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေ ပြန့်ထွက်လာတာကြောင့် ရင်သားတွဲကျခြင်းဖြစ်ရတာပါတဲ့။ ဒါကြောင့် နို့မတိုက်တဲ့ ကလေးကိုနို့ဘူးသာတိုက်တဲ့ ကလေးမိခင်တွေမှာလဲ ရင်သားတွဲကျတတ်ပါသတဲ့။ ကဲ… ဘာကြောင့်ပဲ တွဲကျကျ နို့တိုက်မိခင် ဒါမှမဟုတ် ကလေးမွေးထားသူအမျိုးသမီးတွေ ရင်သားတွဲကျတာမျိုးမဖြစ်အောင်၊ ရင်သားပြန်လည်တင်းရင်းအောင် အထက်ပါနည်းလမ်းတွေအပြင် ဒီနည်းလမ်းတွေကိုပါ လိုက်နာသင့်ပါတယ်။

    (၁) ရင်သားကို ကောင်းကောင်းထိန်းပေးနိုင်တဲ့ ဘရာကိုသာ ၀တ်ဆင်ပါ။ 

    ကိုယ်၀န်ဆောင်ချိန်ကတည်းက  ကိုယ်၀န်ကြောင့်ဖြစ်မယ့် ရင်သားအပြောင်းအလဲတွေကို ထိန်းညှိပေးနိုင်ဖို့ အထိန်းကောင်းပြီး သင်နဲ့ အံ၀င်ခွင်ကျဖြစ်တဲ့ ဘရာစီရာမျိူးကို ရွေးချယ်၀တ်ဆင်ပါ။ ဒါပေမယ့် ညအိပ်ချိန်ဆိုရင်တော့ ဘရာစီရာကို ချွတ်ဖို့မမေ့ပါနဲ့။ ရင်သားကို သွေးလည်ပတ်မှုကောင်းဖို့အတွက်ပါ

     (၂) လေ့ကျင့်ခန်းလုပ်ပါ။ 

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရင်သားတစ်ရှူး၊ အဆီဆဲလ်တွေနဲ့ အရွတ်တွေကိုတော့ ဘာမှပြောင်းလဲစေနိုင်မှာ မဟုတ်ပေမယ့် ရင်သားအောက်ကကြွက်သားတွေကိုတော့ သန်မာအောင်လုပ်နိုင်ပါတယ်။ အဲဒီကြွက်သားတွေ သန်မာလာတဲ့အခါ ရင်သားကို ပင့်တင်သယောင်ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း sport braဝတ်ဆင်ပြီးမှ လုပ်ဖို့ အကြံပြုလိုပါတယ်။

    (၃) ဆေးလိပ်ဖြတ်ပါ

    လေ့လာမှုတွေအရ ဆေးလိပ်ဟာ အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းနဲ့ ပြန်လည်ပြုပြင်နိုင်စွမ်းကို သိသိသာသာလျော့ကျစေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အရေးအကြောင်း၊ အသားအရေခြောက်သွေ့ခြင်းတွေဖြစ်စေပြီး ရင်သား အရေပြားကိုလဲ သိသိသာသာတွဲကျစေပါတယ်။

     (၄) တိရစ္ဆာန်ကရတဲ့အဆီလျှော့စားပါ။

    တိရစ္ဆန်အဆီတွေအစား ပြုပြင်မထားတဲ့ ကောက်နှံ ဥပမာ အုတ်ဂျုံလိုမျိူးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ သံလွင်ဆီ၊ ဗိုက်တာမင် ဘီနဲ့ ဗိုက်တာမင် အီးကြွယ်၀တဲ့ အစားအသောက်တွေကို စားပေးခြင်းဟာလဲ အရေပြားကို တင်းရင်းစေပါတယ်။

    (၅) နို့တိုက်တဲ့အခါ သက်သောင့်သက်သာရှိပါစေ။

    နို့တိုက်ခေါင်းအုံးသုံးပေးတာ၊ နို့တိုက်တဲ့အနေအထားမှန်ကန်အောင်ထားပြီးမှ နို့တိုက်တာတွေဟာ ရင်သားတွဲကျနေတာ ပိုမဆိုးအောင် ကူညီပေးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement