ကျွန်တော်တို့ ဦးနှောက်ဟာ ခန္ဓါကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိန်းချုပ်တဲ့အပြင် ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်ပါသေးတယ်။ သမိုင်းတစ်လျှောက်တွေးခေါ်ပညာရှင်များက ဦးနှောက်ဟာ ကျွန်တော်တို့ကို လူသားဆိုတဲ့ ဖြစ်တည်မှုကို ဖြစ်စေတဲ့ အရာတစ်ခုလို့လည်း ယုံကြည်ခဲ့ကြပြီး လူစိတ်ရဲ့ ရင်းမြစ်နေရာဖြစ်တယ်လို့လည်း လက်ခံခဲ့ကြပါတယ်။ ဦးနှောက်ဟာ လူသား အာရုံကြော စနစ်ရဲ့ အဓိက အင်္ဂါ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ လှုပ်ရှားမှုတွေ အားလုံးကိုလည်း စီမံခန့်ခွဲနေတဲ့ အင်္ဂါ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လက်ခံ
ရရှိတဲ့ သတင်းအချက်အလက်တွေ အားလုံးကိုလည်း စီမံခန့်ခွဲတဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ခံစားချက်နဲ့ အတွေးတွေ၊ ရေတိုမှတ်ဉာဏ်တွေ၊ ရေရှည်မှတ်ဉာဏ်တွေနဲ့ ဆုံးဖြတ်ချက်တွေပါဝင်တဲ့ သိမှုဆိုင်ရာ လုပ်ဆောင်ချက်တွေအားလုံး ဖြစ်စေတဲ့ မူလဘူတ အင်္ဂါ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဒီလောက် လူသားတွေအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါဖြစ်တဲ့ ဦးနှောက် အကြောင်းကို Hello Sayarwon ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။