အသည်းတွင် ကပ်ပါးပိုးဝင်သောရောဂါသည် သည်းခြေပြွန်များတွင်ဖြစ်သော နာတာရှည်ရောဂါဖြစ်သည်။
ထိုသို့ဖြစ်ခြင်းသည် ကပ်ပါးပိုးကောင်များတွယ်ညိနေသော အစာများ၊ ရေများကို စားသောက်မိခြင်းနှင့် မကျက်သေးသော ငါးများကို စားမိခြင်းတို့ကြောင့် ဖြစ်သည်။
အသည်းတွင် ကပ်ပါးပိုးဝင်သောရောဂါသည် အလွန်အဖြစ်များပြီး ယောကျာ်း မိန်းမ၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ သို့သော်
ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
တွေ့ရများသော ရောဂါလက္ခဏာများမှာ
၂၀% သောရောဂါဖြစ်သူများတွင် အင်ပြင်ထခြင်းကို တွေ့ရတတ်သည်။
ကလေးများတွင် မူးဝေခြင်း၊ ချွေးပြန်ခြင်းများကို အတွေ့ရများပါသည်။
အရေပြားတွင် အဖုများဖြစ်ခြင်း၊ သန်ကောင်များသည် အသက်ရှုလမ်းကြောင်းတွင် ပိတ်ခြင်းကြောင့် တရွှီရွှီ မြည်ခြင်းတို့ဖြစ်နိုင်ပါသည်။
(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)
ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
အသည်းတွင် တွယ်သော ကပ်ပါးသန်ပြားကောင်သည် သိုးများနှင့် ဆိတ်များကို ကူးစက်ဝင်ရောက်နိုင်သည်။ သို့သော် လူတို့ဆီကူးစက်ခြင်းသည် ထိုအကောင်များ၏ အသားကို အစိမ်းစားသောကြောင့် ကူးစက်ခြင်းမျိုး တခါတရံတွင်သာဖြစ်ပြီး ရေချိုတွင် စိုက်အပျိုးသော အပင်များကို စားမိခြင်းကြောင့် အဓိက ရောဂါကူးစက်ခြင်းဖြစ်ပါသည်။ လူများသည် အစားများကို အစိမ်းစားခဲပါသည်။ ထို့ကြောင့် ကန်စွန်းရွက်၊ ဆလပ်ရွက်၊ နံနံပင်၊ ပူစီနံ စသည့် ရေချိုတွင် စိုက်အပျိုးသော အပင်များကို စားမိခြင်းကြောင့် အဓိက ရောဂါကူးစက်ခြင်းဖြစ်ပါသည်။
အသည်းရှိ ကပ်ပါးပိုးကောင်များသည် သည် အသည်းနှင့် သည်းခြေအိတ်ကို ဆက်ထားသော သည်းခြေပြွန်များထဲတွင် အနှစ် ၂၀မှ ၃၀ ခန့်အထိ ခိုအောင်းပြီး နေနိုင်ပါသည်။ ထိုအခါ သည်းခြေပြွန်ရောင်ခြင်း၊ အမာရွတ်ဖြစ်ခြင်း နှင့် ကျယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ ထိုကပ်ပါးကောင်များသည် သန်ပြားကောင်များဖြစ်ပြီး တကောင်သည် တနေ့လျှင် ဥပေါင်း ၂၀၀၀မှ ၄၀၀၀ အထိဥနိုင်ပြီး ထိုဥများကို သည်းခြေပြွန်များနှင့် လူတို့၏မစင်တွင် မှန်ဘီလူးနှင့် ကြည့်လျှင် တွေ့နိုင်ပါသည်။ လူတို့၏ စွန့်ပစ်ပစ္စည်းများကို ငါးများက စားမိပြီး ရေချိုငါးများကို လူတို့က မချက်ပြုတ်ဘဲပြန်စားမိပါကထိုသံသရာစက်ဝန်း ပြန်လည်ပတ်သွားပြီး ရောဂါပိုဆိုးစေပါသည်။
ကျောက်ကပ်ပြည်တည်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ထိုရောဂါဖြစ်ပွားတတ်သော ဒေသများတွင် ဝမ်းထဲတွင် သန်ဥများစစ်ဆေးခြင်း၊ အသည်း အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း စသည့် စစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များသည် သည်းခြေပြွန်များကျယ်နေခြင်းကိုပြသနိုင်ပြီး ထိုစစ်ဆေးမှုများအရ သန်ကောင်ရှိကြောင်း တွေ့ရှိပါက သန်ချဆေးများကို တိုက်သင့်ပါသည်။
ထို့ကြောင့် လူများကို ဝမ်းထဲတွင် သန်ဥများရှိမရှိ ပုံမှန် ဝမ်းစစ်ခြင်းများကို ပြုလုပ်သင့်ပါသည်။
အသည်းတွင် ဖြစ်သော ကပ်ပါးသန်ကောင်များသည် သည်းခြေပြွန်များတွင် ပိတ်ဆို့နေခြင်းကြောင်း သည်းခြေရည်များစီးမထွက်နိုင်တော့ဘဲ ပြွန်များကျယ်လာခြင်း၊ ဖောင်းလာခြင်းကို ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်နှင့် အသံလှိုင်းဓါတ်မှန်များတွင် တွေ့ရပေမည်။ ရောဂါလက္ခဏာမပြဘဲ ကျန်းမာနေသူများတွင် လည်း ထိုသို့ တွေ့ရနိုင်ပါသည်။
လူအများစုသည် ရောဂါဖြစ်နေသော်လည်း ရောဂါလက္ခဏာ မပြခြင်းကြောင့် သတိမထားမိကြချေ။ ထိုသို့ အသည်းတွင် ကပ်ပါးသန်ကောင်များရှိနေခြင်းကို လက္ခဏာမပြသောကြောင့် ကြာရှည်စွာ မသိဘဲနေမိပါက ကြာလာလျှင် အသည်းကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေပါသည်။ ရာခိုင်းနှုန်းအနည်းငယ်သော ရောဂါဖြစ်သူများတွင်သာ နုံးချိခြင်း၊ ဗိုက်နာခြင်းများဖြစ်တတ်ပြီး ထိုသို့ဖြစ်လျှင် အစာမကြေခြင်း၊ ဝမ်းပျက်ခြင်းကြောင့် ဗိုက်နာခြင်းဖြစ်သည်ဟု ထင်မှတ်တတ်ကြသည်။ ထို့ကြောင့် ထိုရောဂါသည် အသည်းကို တမြေ့မြေ့ပျက်စီးစေနိုင်သောရောဂါဖြစ်သောကြောင့် စောစီးစွာသိရှိရန် အရေးကြီးပါသည်။
ထိုရောဂါအတွက် သန်ချဆးများကိုပေးရမည်ဖြစ်ပြီး အသိနောက်ကျပါက ထိုကပ်ပါးကောင်များသည် အသည်းကို ထိခိုက်စေနိုင်သည့်အတွက် ခွဲစိတ်ကာ ဖယ်ထုတ်ရမည်ဖြစ်ပါသည်။ ထိုကကြောင့် ရောဂါဖြစ်ကြောင်းသိသိချင်း ဖယ်ရှားနိုင်လေလေ အသည်းနှင့် သည်းခြေပြွန်များကို ထိခိုက်နိုင်ချေလျော့နည်းလေလေဖြစ်ပါသည်။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။