backup og meta

Tonsil Cancer (အာသီးကင်ဆာရောဂါ)

Tonsil Cancer ဆိုတာဘာလဲ။

အာသီးကင်ဆာဟာ အာသီးမှာရှိတဲ့ဆဲလ်တွေမှာ စတင်တဲ့ ကင်ဆာဖြစ်ပါတယ်။ သင့်အာသီးဟာ ရောဂါပိုးတွေကိုတိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပါးစပ်ရဲ့ အနောက်မှာ ရှိတဲ့ ဘဲဥပုံ Pads နှစ်ခုဖြစ်ပါတယ်။

အာသီးကင်ဆာဟာ အစာမြိုချရ ခက်ခဲခြင်း၊ လည်ချောင်းတွေထဲမှာ ပိတ်မိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အာသီးကင်ဆာကို များသောအားဖြင့် ရောဂါရင့်ပြီး အခြားနေရာတွေဖြစ်တဲ့ လျှာနဲ့ ပြန်ရည်ကျိတ်တွေကို ပြန့်နေတဲ့ အချိန်မှ သိရှိတတ်ပါတယ်။

အာသီးကင်ဆာရဲ့ ကုသမှုကတော့ ကင်ဆာကို ဖယ်ထုတ်ဖို့ ခွဲစိတ်မှုပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဓါတ်ရောင်ခြည်ပေးကုသမှုနဲ့ ကင်ဆာဆေးသွင်းကုသမှုတွေ ပါဝင်ပါတယ်။

Tonsil Cancer ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Tonsil Cancer ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Tonsil Cancer ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Tonsil Cancer ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • လည်ချောင်းအတွင်း အစာမျိုချစဉ် နာကျင်ခြင်း (သို့) ခက်ခဲခြင်း။ ဒါဟာ အကျိတ်က မြိုချတဲ့ လမ်းမှာ ခံနေလို့ဖြစ်ပြီး မြိုချရ နာကျင်ခြင်း၊ ခက်ခဲခြင်းတွေကို ခံစားရနိုင်ပါတယ်။ အကျိတ်ကြီးလာတဲ့အချိန်မှာ နာကျင်မှုကိုဖြစ်စေပြီး အနာဖြစ်ခြင်း၊ သွေးထွက်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။
  • လည်ပင်းအတွင်း အကျိတ်ဖြစ်ခြင်း။ ဒါဟာ လည်ပင်းအတွင်းမှာရှိတဲ့ ပြန်ရည်ကျိတ်တွေကို ပြန့်သွားတဲ့ ပါးစပ်အတွင်းပိုင်းကင်ဆာတွေရဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ဒါဟာ လူနာတွေကို ဆရာဝန်ထံခေါ်သွားတဲ့ အစောဆုံးလက္ခဏာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ လည်ပင်းမှာ အကျိတ်တွေ့ပြီး သင့်ဆရာဝန်က ကင်ဆာလို့ သံသယရှိတယ်ဆိုရင် သူပထမဆုံး ကြည့်မယ့်နေရာကတော့ပါးစပ်အတွင်းပိုင်းနဲ့ လည်ချောင်းပဲဖြစ်ပါတယ်။
  • နားနာခြင်း( များသောအားဖြင့် တစ်ဖက်သာဖြစ်ပြီး အခြားနားပြဿနာတွေ မရှိပါဘူး)။ နားနာခြင်းကို Otalgia လို့ခေါ်ပြီး ဒါဟာ လည်ပင်းအတွင်းမှာရှိတဲ့ အာရုံကြောတွေက ဦးနှောက်ကို နားအတွင်းမှာရှိတဲ့ အာရုံကြောတွေနဲ့ တစ်လမ်းတည်း သွားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်က လည်ချောင်းအတွင်းက လာတဲ့ နာကျင်မှုကို နားက လာတယ်လို့ အမှတ်မှားတာဖြစ်ပါတယ်။ ဒါကို referred pain လို့ ခေါ်ပါတယ်။

အခြားလက္ခဏာတွေကတော့

  • ပါးစပ်ကျယ်ကျယ် မဖွင့်နိုင်ခြင်း
  • လည်ချောင်းအတွင်း အကျိတ်တွေ့ခြင်း
  • ပါးစပ်မှ သွေးထွက်ခြင်း
  • စကားပြောပုံပြောင်းလဲခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း တွေပဲဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Tonsil Cancer ဖြစ်ပွားစေသလဲ။

ဆရာဝန်တွေက ဘာကြောင့် အာသီးကင်ဆာဖြစ်လဲဆိုတာကို မပြောနိုင်ကြပါဘူး။ သူဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်မှ ဖြစ်စေတဲ့ အချက်တွေပေါင်းစည်း ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Tonsil Cancer ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Tonsil Cancer ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆေးလိပ် – စီးကရက်၊ ဆေးလိပ်ကြီး၊ ဆေးတံ သောက်ခြင်း၊ ကွမ်းဝါးခြင်းတွေဟာ လည်ချောင်းကင်ဆာ ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။
  • အရက် – အရက်အလွန်သောက်ခြင်းဟာ လည်ချောင်းကင်ဆာဖြစ်နှုန်းနဲ့ များစွာ ဆက်စပ်နေနိုင်ပါတယ်။ ဒါ့ပြင် ဆေးလိပ်ရော၊ အရက်ပါ သောက်သူတွေမှာ ရောဂါဖြစ်နိုင်ခြေ နှစ်ဆ ရှိပါတယ်။
  • ဗိုင်းရပ်စ်ပိုးများ – အချို့ဗိုင်းရပ်စ် ရောဂါပိုးတွေဖြစ်တဲ့ human papillomavirus (HPV) ဟာ လည်ချောင်းကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သူ့ရဲ့ အမျိုးအစား ၁၆ နဲ့ ၁၈ကြောင့် အဓိက ဖြစ်တာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အဖြစ်များပြီး လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်ပါတယ်။ လူအချို့ဘာကြောင့် ဒီဗိုင်းရပ်စ် ကူးစက်ခံရလဲဆိုတာကတော့ လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်နေပါသေးတယ်။
  • ဟိုအရင်က ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ဖူးခြင်း – ကပ်ကြောင့် သော်လည်းကောင်း၊ အရင်က အခြားရောဂါတစ်ခုခုကို ကုသရန်သော်လည်းကောင်း ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ဖူးခြင်းဟာ လည်ချောင်းကင်ဆာဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။
  • မျိုးရိုးဗီဇ အကြောင်းရင်းများ – ကင်ဆာတွေအားလုံးနဲ့ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကို လေ့လာနေကြဆဲ ဖြစ်ပါတယ်။
  • အချို့အစားအစာများ – အချို့ ဗီတာမင် ချို့ယွင်းခြင်းနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်းဟာ ပါးစပ်၊ လည်ချောင်းကင်ဆာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Tonsil Cancer ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဆရာဝန်တွေက အာသီးကင်ဆာကို သိရှိစေဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။

ဒီဖြစ်စဉ်ရဲ့ ပထမအဆင့်ကတော့ သင့်ကို ကျန်းမာရေးရာဇဝင် မေးမြန်းခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ဆရာဝန်က စစ်ဆေးမှာ ဖြစ်ပြီး လိုအပ်ရင် အောက်ပါ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။

  • အသားစယူခြင်း ( အာသီးမှ တစ်ရှူးအနည်းငယ်ကို အပ်ဖြင့် အသားစယူပြီး အနုကြည့် မှန်ပြောင်းအောက်မှာ စစ်ဆေးခြင်း)
  • သွေးစစ်ဆေးခြင်း
  • X-rays
  • MRI

PET scan

Tonsil Cancer ကို ဘယ်လိုကုသလဲ။

ဆရာဝန်က အာသီးကင်ဆာကို အောက်ပါနည်းတွေနဲ့ ကုသနိုင်ပါတယ်။

  • ခွဲစိတ်ကုသခြင်း
  • ဓါတ်ရောင်ခြည် ကုသခြင်း
  • ကင်ဆာဆေးသွင်းကုသခြင်း

အာသီးကင်ဆာ အစောပိုင်းကို ကုသဖို့အတွက် ခွဲစိတ်မှု၊ ဓါတ်ရောင်ခြည် ကုသမှုကို ခံယူရနိုင်ပါတယ်။ စောစီးတဲ့ ကင်ဆာဆိုတာဟာ အာသီးအတွင်းမှာသာ ရှိနေသေးတဲ့ ကင်ဆာကို ဆိုလိုပါတယ်။ တကယ်လို့ ကင်ဆာက ကြီးလာပြီး အာသီးအပြင်ကို ရောက်လာပြီဆိုရင် ခွဲစိတ်ပြီး ဓါတ်ရောင်ခြည်ပေးရနိုင်ပါတယ်။

ပြင်းထန်ပြီး အဆင့်များတဲ့ ကင်ဆာတွေကို ခွဲစိတ်မထုတ်ခင် ကံျု့အောင်ပြုလုပ်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည် ကုသခြင်းတွေ ပြုလုပ်ပြီး ကင်ဆာကို ကျုံ့အောင် ပြုလုပ်နိုင်ပါတယ်။ ဒါကို down staging လို့ ခေါ်ပါတယ်။ ကင်ဆာက ကျုံ့သွားတဲ့အခါမှာ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။

အဆင့်များတဲ့ကင်ဆာတွေဟာ နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ မျိုရခက်ခဲခြင်း အစရှိတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒီလက္ခဏာတွေကို ထိန်းချုပ်ဖို့ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ပြုလုပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Tonsil Cancer ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Tonsil Cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆေးလိပ်၊ အရက် ရှောင်ကျဉ်ခြင်း
  • ကျန်းမာစွာ စားသောက်ခြင်း
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း လေ့ကျင့်ခန်းလုပ်ခြင်း
  • အကောင်းမြင်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Tonsil cancer. http://www.mayoclinic.org/diseases-conditions/tonsil-cancer/basics/definition/con-20036669. Accessed 17 Apr 2017
2. Tonsil Cancer. http://www.headandneckcancerguide.org/hnc-dev/adults/introduction-to-head-and-neck-cancer/throat-cancer/oropharyngeal-cancer/tonsil-cancer/. Accessed 17 Apr 2017
3. Tonsil cancer. http://www.cancerresearchuk.org/about-cancer/cancers-in-general/cancer-questions/tonsil-cancer. Accessed 17 Apr 2017

ယခုပုံစံ

14/07/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement