ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Breast Pain (ရင်သားနာကျင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
- ရာသီလာစဉ်ဟော်မုန်းပြောင်းလဲမှု
- ရာသီလာစဉ် ခန္ဓါကိုယ်မှ ရေဓါတ်ပြန်ဆွဲခြင်းဖြစ်စဉ်
- ရင်သားထိခိုက်မှု
- ကိုယ်ဝန်ဆောင်ခြင်း
- နို့တိုက်ခြင်း
- ရင်သားရောဂါပိုးဝင်ခြင်း
- ရင်သားကင်ဆာ ( များသောအားဖြင့်တော့ ရင်သားနာကျင်ရခြင်းရဲ့ အကြောင်းအရင်းမဟုတ်တတ်ပါဘူး)
ရောဂါရှာဖွေမှုနဲ့ကုသမှုများ
ဖော်ပြပါအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေရဲ့ အစားထိုးမဟုတ်တာကြောင့် အမြဲဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ မမေ့ပါနဲ့။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Breast Pain (ရင်သားနာကျင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
- စမ်းသပ်မှု – ရင်သားအပြောင်းအလဲ နှင့် လည်ပင်းအောက်ပိုင်း၊ ချိုင်း လက်မောင်းတို့တွင် ပြန်ရည်ကြောအကျိတ်များကို စမ်းသပ်ပါလိမ့်မယ်။ နှလုံး၊ အဆုတ်တို့ကိုလည်း နားထောင်ကာ၊ ဝမ်းဗိုက်စမ်းသပ်ခြင်းများလည်းပြုလုပ်ပါလိမ့်မယ်။ ရောဂါအကြောင်းစစ်ဆေးခြင်း နဲ့ စမ်းသပ်ခြင်းတွေမှာ ပုံမှန်မဟုတ်တာမတွေ့ပါက နောက်ထပ်သော စစ်ဆေးမှုတွေလုပ်စရာမလိုပါဘူး။
- ရင်သားပုံရိပ်ရိုက်ကူးခြင်း – တကယ်လို့ ရင်သားမှာ အဖုအကျိတ်တွေ့မယ်၊ ပုံမှန်မဟုတ်တာတစ်ခုခုတွေ့မယ်ဆိုရင် ထိုနေရာကို ဓါတ်မှန်ရိုက်ကြည့်ဖို့လိုပါလိမ့်မယ်။
- အယ်လ်ထရာဆောင်းရိုက်ခြင်း – အသံလှိုင်းများသုံးကာ ရင်သားတစ်သျူးများကို ပုံဖော်ကြည့်ရှုမှာဖြစ်ပြီး တခါတလေမှာ ရင်သားဓါတ်မှန်ရိုက်ခြင်းနဲ့ တူတူလုပ်တတ်ပါတယ်။ ရင်သားဓါတ်မှန်ရိုက်ခြင်းမှာ ပုံမှန်ဖြစ်နေရင်တောင် အယ်လ်ထရာဆောင်းရိုက်ကြည့်ဖို့လိုလိမ့်မယ်။
- ရင်သားတစ်သျူးစစ်ဆေးခြင်း – ပုံရိပ်ရိုက်ကူးစစ်ဆေးခြင်းတွေမှာ ပုံမှန်မဟုတ်တာတစ်ခုခု တွေ့မယ်ဆိုရင်တော့ အသားစစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ရင်သားတစ်သျူးနမူနာယူကာ ဓါတ်ခွဲစစ်ဆေးခြင်းဖြစ်တယ်။
Breast Pain (ရင်သားနာကျင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အမျိုးသမီးအများစုမှာတော့ ထိုနာကျင်မှုက ဒီတိုင်းပျောက်သွားလေ့ရှိပါတယ်။
တကယ်လို့ကုသမှုတစ်ခုခုလိုမယ်ဆိုရင်တော့ ဆရာဝန်က ဒါတွေညွှန်းနိုင်ပါတယ် –
- နာကျင်မှုဖြစ်စေသော သို့ ပိုဆိုးစေသော အချက်ကိုကုသခြင်း – အထောက်အပံ့ကောင်းတဲ့ အတွင်းခံပြောင်းဝတ်ခြင်းကဲ့သို့ ရိုးရှင်းတဲ့နည်းလေးတွေဖြစ်နိုင်ပါတယ်။
- စတီးရွိုက်မပါသောလိမ်းဆေးသုံးခြင်း – နာကျင်မှုဆိုးရွားမယ်ဆိုရင်တော့ စတီးရွိုက်မပါတဲ့ လိမ်းဆေးတစ်မျိုးမျိုးသုံးဖို့လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်းတဲ့ဆေးကိုတိုက်ရိုက်လိမ်းနိုင်တယ်။
- သန္ဓြေတားခြင်းကိုထိန်းညှိခြင်း – တကယ်လို့သန္ဓြေတားဆေးတွေသောက်နေမယ်ဆိုရင်တော့ တခြားနည်းပြောင်းခြင်းက အကူအညီဖြစ်နိုင်ပါတယ်။ ဆရာဝန်ကိုမမေးဘဲတော့မပြောင်းပါနဲ့။
- သွေးဆုံးပြီးဟော်မုန်းကုသမှုကိုလျှော့ချခြင်း သို့ ရပ်တန့်ခြင်း။
- ဆေးသောက်ခြင်း – Danazol ဟာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနက လက်ခံထားတဲ့ ရင်သားနာကျင်မှုအတွက်တစ်ခုထဲသော ဆေးဖြစ်တယ်။ ဒါပေမယ့် ဝက်ခြံထွက်ခြင်း၊ အသံပြောင်းခြင်း၊ ဝိတ်တက်ခြင်းတွေလို ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ချင့်ချိန်ပြီးသုံးဖို့လိုနေပါတယ်။ ရင်သားကင်ဆာကုသဖို့ နဲ့ ကာကွယ်ဖို့အတွက် ညွှန်းထားတဲ့ Tamoxifen ဆေးကို တချို့အမျိုးသမီးတွေမှာသုံးနိုင်ပေမယ့် ထိုဆေးဟာလည်း ဘေးထွက်ဆိုးကျိုးတချို့ရှိနေနိုင်ပါတယ်ု။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုနည်းများ
- Primrose oil (နွေဦးပေါက်စတွင်ပွင့်တတ်သည့် အဝါနုရောင်ပန်းတစ်မျိုးမှရသောအဆီ) – ရင်သားတစ်သျှူးထဲရှိ အဆီအက်စစ်များကို ညီမျှစေပါတယ်။
- ဗီတာမင် E – ဓမ္မတာစက်ဝန်းကြောင့် ရင်သားနာကျင်တတ်သော အမျိုးသမီးများအတွက် ဗီတာမင် E ဟာ အကူအညီဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
တချို့အမျိုးသမီးတွေမှာ ဗီတာမင်နဲ့ သတ္ထုဓါတ် ထောက်ပံ့မှုတွေက ရင်သားနာကျင်ခြင်းကိုသက်သာစေနိုင်တယ်။ သောက်ရမယ့်ပမာဏ၊ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။
ရင်သားနာကျင်မှုသက်သာရန် တစ်ခုခုသောက်တဲ့အခါ လကဏာမသက်သာလာပါက ချက်ခြင်းဆေးရပ်လိုက်ပါ။ မည်သည့်ထောက်ပံ့ဆေးနဲ့အဆင်ပြေသလဲသိရအောင် တစ်ကြိမ်မှာတစ်မျိုးပဲစမ်းသောက်သင့်ပါတယ်။
တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။