backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုး

ရင်သားကင်ဆာနဲ့ ဆက်နွယ်နေတဲ့ ရောဂါဖြစ်နှုန်းများစေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ အဆီနဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေကို စားခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုးအကြောင်း ပြောပြမှာဖြစ်ပါတယ်။ ကျန်းမာစွာ စားသောက်ခြင်းဟာ ရင်သားကင်ဆာ ကုသမှုကို ကူညီပေးရုံသာမက ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၁။ Cruciferous ဟင်းသီးဟင်းရွက်များ

Cruciferous ဟင်းသီးဟင်းရွက်တွေဟာ Brassica အပင်မျိုးတွေ ဖြစ်ပြီးတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ တရုတ်မုန်လာနဲ့ collard greens တွေ ပါဝင်ပါတယ်။

Cruciferous ဟင်းသီးဟင်းရွက်တွေဟာ carotenoids တွေ၊ ဗီတာမင် C, E, K၊ folate နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ဟာ အကျိတ်ဖြစ်စေခြင်းကို တားမြစ်စေတဲ့ အရာတွေလဲ ပါဝင်ပြီးတော့ ရင်သားကင်ဆာ ထပ်မံ ပြန့်ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ပြင် အခြားကင်ဆာတွေ ဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတွေကို ကာကွယ်ပေးပါတယ်။

၂။ ငါး

အဆီပါတဲ့ ငါးတွေ (အထူးသဖြင့် anchovies, sardines, herring, ocean tuna, salmon, eel, trout, mackerels) တွေဟာ အောက်ဖေါ်ပြပါ အရာတွေ များပြားစွာ ပါဝင်ပါတယ်။

• Omega – 3 ဟာ telomeres တွေကို ပြန်လည် ရှည်လျားစေပါတယ်။

• ဗီတာမင် အေ – ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် အရေးကြီးပါတယ်။

• ဗီတာမင် ဒီ – ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။

၃။ နနွင်း

နနွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက အိန္ဒိယမှာ ဟင်းချက်ရာမှာ အသုံးပြုခဲ့ကြပြီး သူဟာ ချင်းအနွယ်ဝင် တစ်မျိုးဖြစ်ပါတယ်။ ဆနွမ်းဟာ polyphenol cucumin ပါဝင်ပြီး ဒါဟာ ကင်ဆာရောဂါ တိုက်ဖျက်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူဟာ ကင်ဆာ တွေဖြစ်တဲ့ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာတွေ ဖြစ်ပွားမှုကို တားမြစ်ပေးပါတယ်။

၄။ လက်ဖက်စိမ်း

လေ့လာမှုတွေဟာ ရောဂါဆက်လက် ဖြစ်ပွားမှုကို လက်ဖက်စိမ်းက တားမြစ်ပေးတယ်လို့ ဆိုပါတယ်။ အကျိတ်ပြန့်ပွားခြင်းကိုလည်း တားမြစ်ပေးပြီး ကင်ဆာဖြစ်နှုန်းကို မြင့်မားစေတဲ့ ပတ်ဝန်းကျင်နဲ့ ဆဲလ်တွေ ထိတွေ့မှုကိုလည်း ကာကွယ်ပေးပါတယ်။

၅။ ဘယ်ရီသီး

ဘယ်ရီသီးတွေမှာ anthocynins နဲ့ phytochemicals တွေ အမြောက်အမြား ပါဝင်ပြီးတော့ ကင်ဆာဆဲလ်တွေ ကိုယ်ခန္ဓါထဲမှာ ဖြစ်ပွားမှုကို တားမြစ်ပေးပါတယ်။

၆။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကင်ဆာကာကွယ်ပေးတဲ့ အကောင်းဆုံး ဟင်းခတ် အမွှေးအကြိုင်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ သူဟာ ကင်ဆာ ရောဂါ အမျိုးအစားအကုန်ကို ကာကွယ်ပေးပြီး ကင်ဆာပြန့်ပွားမှုကိုလည်း တားမြစ်ပေးတယ်လို့ ဆိုပါတယ်။ WHO က လူကြီးတွေမှာ နေ့စဉ် လက်ဆတ်တဲ့ ကြက်သွန်ဖြူ နှစ်တောင့် စားသင့်တယ်လို့ ဆိုပါတယ်။

၇။ အခွံမာသီး

အခွံမာသီးတွေမှာ selenium ပါဝင်ပြီး သူဟာ ကင်ဆာတိုက်ဖျက်ဖို့ အလွန်အသုံးဝင်ပါတယ်။ Walnuts နဲ့ Almonds တွေမှာ ကောင်းမွန်တဲ့ အဆီနဲ့ သဘာဝ အမျှင်ဓါတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ Cancer Watch ရဲ့ သုတေသန တစ်ခုအရ နေ့တိုင်း အခွံမာသီးစားတဲ့သူတွေဟာ အခြားသူတွေထက် အသက်ပိုရှည်ကြတယ်လို့ ဆိုပါတယ်။

မကျန်းမာတဲ့ အစားအသောက်တွေဖြစ်တဲ့ အောက်ပါ အရာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။

• တိရိစ္ဆာန်အဆီ

• သန့်စင်ထားတဲ့ အသား (ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်)

• အရက်

• နို့ထွက် ပစ္စည်းများ (ခရင်မ်၊ ထောပတ်)

အနီရောင်ရှိတဲ့ အသားစားတာကိုလည်း ကန့်သတ်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement